တက်တူး ဒီဇိုင်းများနဲ့ ရှိုးထုတ်ဖို့ ရယ်ဒီ ဖြစ်နေတဲ့ ကွီးတို့အတွက် ဒီဇိုင်းလည်း မိမိုက်ပြီး ဖက်ရှင်ကျအောင် ကူညီပေးမယ့် တက်တူးဒီဇိုင်းများကို ဖော်ပြပေးချင်ပါတယ်။ တက်တူး အရွယ်အစား အကြီးအသေးကို စိတ်ကြိုက် ရွေးချယ်ချင်တဲ့ ကွီးတို့အတွက်ရော ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ အမှတ်တရနေ့ရက်များ၊ အထိမ်းအမှတ်နေ့များကိုပါ အနုပညာအဖြစ် ဖန်တီးချင်တဲ့သူတွေအတွက် ဒီတက်တူး ဒီဇိုင်းတွေက အသင့်တော်ဆုံးပါပဲ။

ကွီးတို့လည်း တက်တူး ဒီဇိုင်းတွေနဲ့ အပီအပြင် ရှိုးထုတ်ဖို့ ရယ်ဒီ ဖြစ်ပြီဆိုရင်တော့ ဒီတက်တူးဒီဇိုင်းများကို ရွေးချယ်လိုက်ပါ။

(၁) တက်တူး အသေးစား

တက်တူး ရယ်ဒီ

ကွီးတို့က အခုမှ ပထမဦးဆုံး အကြိမ် (သို့) ဒုတိယအကြိမ်အဖြစ် တက်တူးရေးထိုးမယ်ဆိုရင်တော့ တက်တူးအသေးစားတွေက အသင့်တော်ဆုံးပါပဲ။ ကိုယ့်ရဲ့ နာကျင်မှုဒဏ်ကို ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာကို အသေးစား တက်တူးတွေ အရင်ဆုံး ရေးထိုးကြည့်ပြီး အဖြေရှာလိုက်ပါ။

(၂) ခြင်္သေ့ပုံ တက်တူး

တက်တူး ရယ်ဒီ

တိရစ္ဆာန်ပုံ တက်တူးများသည် အဓိပ္ပါယ်အမျိုးမျိုး ဖော်ကျူးပြသပေးနိုင်ပါတယ်။ ခြင်္သေ့ပုံ တက်တူးသည်လည်း ထိုနည်းအတိုင်းပါပဲ။ အမျိုးသားများအတွက် ခြင်္သေ့ပုံ တက်တူးရဲ့ အဓိပ္ပါယ်ကတော့ ခေါင်းဆောင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ မြင့်မြတ်ခြင်း အစရှိသည်တို့ကို ရည်ညွှန်းပါတယ်။ Ed Sheeran နှင့် Justin Biber တို့လို့ နာမည်ကြီးတဲ့ အနုပညာရှင်များရဲ့ ကိုယ်ပေါ်မှာလည်း ခြင်္သေ့ပုံ တက်တူးကို တွေ့မြင်နိုင်ပါတယ်။

(၃) ဂီတကို ချစ်မြတ်နိုးသူများအတွက် တက်တူးဒီဇိုင်း

တက်တူး ရယ်ဒီ

ကွီးတို့က ဂီတကို နှစ်သက်မြတ်နိုးတယ်ဆိုရင်တော့ ဒီတက်တူးဒီဇိုင်းတွေက အသင့်တော်ဆုံးပါပဲ။ ကိုယ် ကြိုက်နှစ်သက်တဲ့ ဂီတ တူရိယာအမျိုးအစားတစ်ခုခုကို ရွေးချယ်က တက်တူး ရေးထိုးနိုင်သလို ဂီတ နုတ်စ်တွေကို တက်တူး ရေးထိုးရင်းလည်း အထာကျကျ မိမိုက်နိုင်ပါသေးတယ်။

(၄) အမှတ်တရ ရက်စွဲများ တက်တူးဒီဇိုင်း

တက်တူး ရယ်ဒီ

ကွီးတို့ဘဝအတွက် အဓိပ္ပါယ်ရှိတဲ့ နေ့စွဲတစ်ရက်ရက်ကို တစ်သက် မမေ့နိုင်အောင် ရေးထိုးချင်တယ်ဆိုရင်တော့ ဒီလိုမျိုး တက်တူးဒီဇိုင်းလေးကို စဥ်းစားသင့်ပါတယ်။ ကိုယ့်မာတာမိခင်ရဲ့ မွေးနေ့လား၊ ကိုယ့်ချစ်သူရဲ့ မွေးနေ့လား၊ ဒါမှမဟုတ် ကွီးတို့ ချစ်သူစုံတွဲရဲ့ Anniversary နေ့ရက်လား စသည်ဖြင့် ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့ ရက်တစ်ရက်ကို ရွေးချယ်ကာ တက်တူးရေးထိုးနိုင်ပါတယ်။

(၅) သိမ်းငှက်ပုံ တက်တူးများ

သိမ်းငှက်ပုံ

သိမ်းငှက်ပုံတက်တူးများသည် ရဲရင့်မှုရှိခြင်း၊ ရဲစွမ်းသတ္တိအပြည့်ရှိခြင်း၊ အခြားသူအပေါ် လွှမ်းမိုးနိုင်ခြင်း၊ အာရုံစူးစိုက်နိုင်မှုရှိခြင်း၊ ယောကျာ်းပီသခြင်း၊ ခွန်အားကြီးမားခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သိမ်းငှက်ပုံ တက်တူးများ ရေးထိုးကာ အထာကျကျ မိမိုက်နိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုတက်တူးမျိုး ရေးထိုးပြီး ဖက်ရှင်ကျကျ ဂေါ်ချင်ပါသလဲ။

Source: Mnofmany

Featured Image: Freepik