ဘော်ဒါတို့ရေ ကျွန်တော်တို့ဟာ များသောအားဖြင့် ကိုယ်ပိုင် အားလပ်ချိန် တွေကို မိသားစုနဲ့အတူတူ အချိန်ကုန်တာပဲ ဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့တွေ့ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတာပဲ ဖြစ်ဖြစ်၊ ရည်းစားလေးနဲ့ Date တာပဲ ဖြစ်ဖြစ် လုပ်ကြတယ် မဟုတ်ပါလား။ သို့သော်လည်း ကိုယ်ပိုင်အားလပ်ရက် ဖြစ်တာကြောင့် တစ်ကိုယ်တော် အေးအေးဆေးဆေး ကုန်ဆုံးတာမျိုးကိုလည်း လုပ်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်တစ်ယောက်တည်း အားလပ်ချိန်ကို ကုန်ဆုံးရတာက ကိုယ်ပိုင်ကြိုက်နှစ်သက်တဲ့ အရာတွေကို ပြန်ရှာတွေ့ပြီး ကိုယ့်ကိုယ်ကို နားလည်နိုင်မှုလည်း ပိုမို ရရှိလာနိုင်ပြီး ပျော်ရွှင်မှုလည်း ခံစားရနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ကွီးတို့ တစ်ကိုယ်တည်းလဲ အကျိုးရှိရှိ လှုပ်ရှားနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

(၁) ကလေးဘဝတုန်းက ပျော်ခဲ့တဲ့ အရာတစ်ခု ပြုလုပ်ကြည့်ပါ

တစ်ကိုယ်တည်းလဲ အကျိုးရှိရှိ

Photo : PYMNTS.com

ကျွန်တော်တို့အားလုံး ကလေးဘဝတုန်းက အပူအပင်ကင်းကင်း ပျော်ခဲ့ကြတယ် မဟုတ်ပါလား။ ကလေးဘဝက လွတ်လပ်ပေါ့ပါးမှုတွေ၊ အချုပ်အနှောင်ကင်းကင်းနဲ့ ပျော်ခဲ့ရတာတွေက တဖြည်းဖြည်း အရွယ်ရောက်လာတာနဲ့ အမျှ တာဝန်ဝတ္တရားတွေ၊ အလုပ်အကိုင်တွေ စတာတွေကြောင့် လျော့ပါးပျောက်ကွယ်သွားတာ များပါတယ်။ ဒီလို ပျော်ရွှင်မှုနဲ့ ခံစားချက်တွေကို ပြန်ရှာဖို့ ကွီးတို့ ကလေးဘဝတုန်းက ပျော်ခဲ့ရတဲ့ အရာတစ်ခုခုကို ကိုယ်ပိုင်အားလပ်ချိန်မှာ ပြန်လုပ်ကြည့်ပါ။ အနည်းဆုံးတော့ ပျော်ရွှင်ကြည်နူးမှုနဲ့ အမှတ်တရများကို ခံစားရမှာပါ။

(၂) စာအုပ်ဖတ်ပါ

တစ်ကိုယ်တည်းလဲ အကျိုးရှိရှိ

Photo : CBC

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ တစ်ကိုယ်တည်းလဲ အကျိုးရှိရှိ ကိုယ်ပိုင်အချိန်ကို ဖြတ်သန်းဖို့ နည်းလမ်းကောင်းလေးကတော့ စာအုပ်ဖတ်တာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဘယ်လို အကြောင်းအရာ စာအုပ်ပဲ ဖြစ်ဖြစ် ကွီးတို့စိတ်ဝင်စားတဲ့ စာအုပ်ကို ရွေးချယ်လိုက်ပါ။ ပြီးလျှင် ကော်ဖီတစ်ခွက် အနားမှာ ယူပြီး စာအုပ်ထဲသာ အာရုံနှစ်ထားလိုက်ပါ။

(၃) အသစ်တစ်ခုခုကို လေ့လာသင်ယူပါ

တစ်ကိုယ်တည်းလဲ အကျိုးရှိရှိ

Photo : BBC

ကွီးတို့ရေ အားလပ်ချိန်တွေ၊ ကိုယ်ပိုင်အချိန်တွေကို သူများတွေနဲ့ မကုန်ဆုံးချင်ဘူး၊ တစ်ယောက်တည်းပဲ ကုန်ဆုံးချင်သော်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေရင် အကြောင်းအရာ အသစ် တစ်ခုခုကို လေ့လာသင်ယူဖို့ အကြံပေးပါရစေ။ အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူခြင်းက ကွီးတို့ဘဝအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုပါလိမ့်မယ်။

(၄) အနားယူပါ

Freetime

Photo : Unplash

အလုပ်များတာကြောင့် အရမ်းကို ပင်ပန်းတဲ့ ရက်သတ္တပတ်တာ ဖြစ်ခဲ့ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ကိုယ်ပိုင် အားလပ်ချိန်လေးမှာ အနားယူလိုက်ပါ။ တစ်နေ့လုံး ဘာမှမလုပ်ပဲ အိပ်နေမလား၊ သာယာတဲ့ ပန်းခြံလေးဆီသွားပြီး လေနုအေး‌တွေ ခံစားရင်း အနားယူမလားစတဲ့ ကိုယ်ကြိုက်တဲ့နည်းနဲ့ အပန်းဖြေလို့ ရပါတယ်။ ပြည့်ပြည့်ဝဝ အနားယူပြီး နောက်တစ်နေ့ကို အားအင်အပြည့်နဲ့ စတင်လိုက်ပါ။

(၅) တစ်ယောက်တည်း Day Out ထွက်ပါ

Freetime

Photo : Globetrotting with Goway

ကွီးတို့အတွက် အဖော်မလိုဘဲ တစ်ကိုယ်တည်းလဲ အကျိုးရှိရှိ လှုပ်ရှားဖို့အတွက် နည်းလမ်းကောင်းလေး တစ်ခုကတော့ တစ်ယောက်တည်း Day Out ထွက်ခြင်းပါပဲ။ အခုအချိန်ထိ တစ်ယောက်တည်း မသွားဖြစ်တဲ့ နေရာတွေကို ရွေးချယ်ပါ။ ပြတိုက်၊ ပန်းခြံ၊ ရုပ်ရှင်ရုံ စသည်ဖြင့် ကွီးတို့ စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ ဒီလိုမျိုး အရာတွေကို တစ်ယောက်တည်း လုပ်ကြည့်တာက ကွီးတို့ကို မတူညီတဲ့ ခံစားမှုပေးပြီး ဆန်းသစ်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြတဲ့ နည်းလမ်းလေးတွေကို ကွီးတို့ရဲ့ ကိုယ်ပိုင်အချိန် အပြည့်အဝခံစားနိုင်ဖို့အတွက် တစ်ခါလောက်တော့ Try ကြည့်သင့်ပါတယ်။

Source : Becoming Who You Are

Featured Photo : GQ