လူတော်တော်များများက သူတိုရဲ့အချိန်တွေကို နိစ္စဓူဝ လုပ်နေတဲ့အရာတွေပေါ်မှာပဲ အသုံးပြုမိ နေတတ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေမှာ အချိန်သုံးတဲ့အခါ မသိသာပေမယ့် ကိုယ်အတွက်မလုပ်မဖြစ်တဲ့အရာတွေပေါ်မှာပဲ အချိန်သုံးနေရတာများတယ် ဆိုရင်တော့ ရေရှည်မှာ စိတ်အပန်းပြေမှု ကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အတွက်အရေးကြီးတဲ့အရာတွေ လုပ်ရင်း ရတဲ့အချိန်တွေမှာ ကိုယ်လုပ်ချင်တာလေးတွေလုပ်ဖို့အတွက် ကိုယ်ပိုင်အားလပ်ချိန် တွေပိုရလာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) တနေ့တာ အချိန်ဇယားဆွဲပါ

Photo : Lifehack

တစ်နေ့တာအချိန်ဇယားမှာ ကိုယ့်အတွက်အမှန်တကယ် အားလပ်ချိန်တစ်ခုပေးထားတာက ကိုယ့်အတွက် အချိန်ပိုထွက်စေတယ်လို့ ဆိုပါတယ်။ အလုပ် ၁ ခုပြီးရင်နားဖို့ ဒါမှမဟုတ် အလုပ်လုပ်ချိန်ကြားထဲမှာ နားချိန်ပေးဖို့ နာရီဝက်ဖြစ်ဖြစ် စတင်သတ်မှတ်ကြည့်ပါ။ ပြီးရင် တစ်နေ့တာလုံး ကိုယ်ဆွဲထားတဲ့ဇယားထဲက နည်းလမ်းအတိုင်း လုပ်ဆောင်ပါ။ အခြားဘာအစီစဉ်မှ အဝင်မခံပါနဲ့။ ဒါဆို အလုပ်ပြီးတာပိုမြန်ပြီးတော့ ကိုယ့်အတွက်အချိန်ပို ထွက်လာနိုင်စေပါတယ်။

(၂) ဆိုရှယ်မီဒီယာကို ပိတ်ထားပါ


Photo : Forbes

“အချိန်ကုန်သက်သာစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ Facebook နဲ့ တခြား ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ အချိန်မဖြုန်းမိဖို့ဖြစ်တယ်” လို့ အပြုအမူဆိုင်ရာနည်းပြ Gabrielle Loehr ကပြောပါတယ်။ ဆိုရှယ်မီဒီယာဆိုဒ်တွေ အများကြီးရှိတဲ့အတွက် ကိုယ်အနှစ်သက်ဆုံး ၂ ခု ဒါမှမဟုတ် ၃ ခုလောက်ကိုပဲ ရွေးသုံးသင့်ပြီး ပရိုဖိုင်ကိုလည်း တစ်ရက် ၁ ခါ ၂ခါလောက်ပဲ စစ်ကြည့်သင့်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာအတွက် တစ်နေ့ကို တစ်နာရီ ဒါမှမဟုတ် နှစ်နာရီအထိ ကန့်သတ်လိုက်တာနဲ့ အချိန်ပိုထွက်လာတာကို တွေ့ရမှာပါ။

(၃) လုံလောက်အောင် အိပ်ပါ

Photo : The Cold Wire

နေ့တိုင်းလုံလောက်တဲ့ အိပ်စက်ခြင်းရှိတဲ့အခါ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ပြီး မြန်မြန်ဆန်ဆန်ပြီးအောင်လုပ်ဖို့လည်း စွမ်းအင်ပိုမို ရရှိစေပါတယ်။ အမြဲလိုလိုအိပ်ရေးပျက်တာက ဆုံးဖြတ်ချက်ချရာမှာ ပိုညံ့စေပြီး တစ်နေ့တာမှာ ပုံမှန်ကိုယ်လုပ်နိုင်သလောက် အလုပ်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် အိပ်ရေးပျက်ပြီး စွမ်းဆောင်ရည်ကျနေရင် အလုပ်ပြီးဖို့ ပိုကြာတဲ့အတွက် လုပ်ချင်တဲ့အရာတွေလုပ်ဖို့ အားလပ်ချိန် နည်းနည်းပဲကျန်တော့မှာပါ။

(၄) ဦးစားပေးလုပ်ရမယ့်အရာကို သိပါ

Photo : Unsplash

“လူအများစုလုပ်မိတဲ့ အမှားတွေထဲကတစ်ခုက ဦးစားပေးလုပ်ရမယ့်အရာကို မသိတာ” လို စိတ်ကုထုံးပညာ ရှင်နဲ့ နည်းပြ Cathey Stamps က ဆိုပါတယ်။ အလုပ်တွေအားလုံးက အရေးကြီးပေမယ့် လူတော်တော်များများက အလုပ်တွေရှုပ်နေတာနဲ့ ကိုယ့်အတွက် ပိုဦးစားပေးဖို့ အချိန်မရှိဘူးလို့ တွေးလာကြပါတယ်။ ဥပမာ ကိုယ်ချစ်ရသူတွေနဲ့ အတူတူအချိန်ဖြုန်းတာ ၊ ကျန်းမာကြံ့ခိုင်ဖို့ နဲ့ ကိုယ်ဝါသနာပါတဲ့အရာတွေအတွက် အချိန်ပေးတာတွေကို ဆိုလိုတာပါ။ ဒါကြောင့် စိတ်ရောကိုယ်ပါ ပြေလျော့စေပြီး စိတ်အားထက်သန်မှုကိုရစေနိုင်တဲ့ အချိန်ပေးမှုတွေကလည်း အလုပ်ပိုပြီးမြောက်ပြီး အချိန်ပိုရစေဖို့အတွက် အရေးကြီးပါတယ်။

Featured Photo : Pexels