တစ်ကိုယ်တည်း လူပျိုကြီး အဖြစ် အရိုးထုတ်နေရခြင်းက အကျိုးကျေးဇူးတွေ အများကြီးပါပဲ။ ကွီးတို့အနေနဲ့ ထိုအကျိုးကျေးဇူးများကို မြင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ စုံတွဲတွေကတော့ ချစ်သူများနေ့မှာ ပိုက်ဆံ အကုန်အကျခံပြီး စပရိုက်တွေ တိုက်၊ ချစ်ကြည်နူး တစ်တီတူးနေကြပေမယ့် အားကျစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ တစ်ကိုယ်တည်း လူပျိုကြီး တို့ရဲ့ ပျော်ရွှင်ရတဲ့ အခိုက်အတန့်က စုံတွဲများထက် ပိုများလို့ပဲ ဖြစ်ပါတယ်။

တစ်ကိုယ်တည်း လူပျိုကြီး အဖြစ် နေထိုင်သွားမယ်ဆို ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

ရစ်စိန်တွေကြောင့် စိတ်ရှုပ်ထွေးရတာမျိုး မရှိတော့ဘူး

couple fight

ချစ်သူ ကောင်မလေးတွေရဲ့ အားသာချက်ကတော့ ကိုယ့် ကောင်လေးကို အချိန်ပြည့် ရစ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ကောင်မလေးက ရစ်လိုက်၊ ကောင်လေးက ပြန်ချော့လိုက်၊ ပြန် အဆင်ပြေသွားလိုက်၊ တစ်ခါ ထပ်စိတ်ကောက်လိုက်နဲ့ ဒီစိတ်ကောက်တဲ့ သံသရာကြီးက ဘယ်တော့မှ ကျွတ်နိုင်မှာ မဟုတ်ပါဘူး။

ရည်းစားမထားတဲ့ တစ်ကိုယ်တည်းသမားတွေကတော့ အဲ့လိုမဟုတ်ပါဘူး။ ရစ်စိန်တွေကို ခေါင်းထဲ ထည့်ထားစရာမလိုဘူး။ အချိန်တန်ရင် ပျော်စရာရှိတာပျော်မယ်၊ ဝမ်းနည်းစရာရှိတာ ဝမ်းနည်း၊ ဘော်ဒါတွေနဲ့ ပျော်မြူးပြီး အတူတူ အချိန်ကုန်စရာရှိတာ အတူတူ အချိန်ကုန်မယ် စသည်ဖြင့် ဘဝကြီးကို စိတ်လွတ်လက်လွတ် ပျော်ပျော်ပါးပါး နေထိုင်နိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံရကြုံရ ရင်ဆိုင်နိုင်တယ်

man thinking

ကွီးတို့အနေနဲ့ ကိုယ့်မှာ စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများ ကြုံလာပြီဆိုပါစို့။ ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းလေ့ရှိပါသလဲ။ အနည်းဆုံးတော့ တစ်ယောက်တည်းနေပြီး ခေါင်းအေးအေးထားကာ စဥ်းစားဆုံးဖြတ်ချင်ကြမှာပါပဲ။ တကယ်လို့ ကိုယ်က စိတ်ညစ်နေလို့ တစ်ယောက်တည်း နေချင်နေတာကို ကောင်မလေးက အလိုက်မသိဘဲ လာရစ်နေမယ်ဆိုရင် အာရုံ ပိုနောက်ရမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပြဿနာများ၊ အပူမီးများကိုလည်း မစဥ်းစားနိုင်တော့ဘဲ ဦးနှောက်ပိုခြောက်လာပါလိမ့်မယ်။

တစ်ကိုယ်တည်းသမားတွေမှာတော့ ချိန်ကိုက်ဗုံးက ဘယ်အချိန်လာရစ်မလဲဆိုတာကို စိတ်ပူနေစရာမလိုပါဘူး။ ကိုယ့် ပြဿနာတွေရှိရင်လည်း ကိုယ့်ဘာသာကိုယ် ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။

သူများကို ဦးစားပေးစရာမလိုတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာနိုင်တယ်

တစ်ကိုယ်တည်း လူပျိုကြီး

ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးဆိုတော့ ကိုယ်က သည်းသည်းလှုပ်ချစ်ရမယ်။ သူ(မ)ကို ပျော်ရွှင်အောင် ထားရမယ်။ ဘာမဆို သူ(မ)ကို ဦးစားပေးရမယ်ဆိုတဲ့ စိတ်က အလိုလိုဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ ကိုယ့်အတွက်လည်း အချိန်မပေးနိုင်တော့ဘူး။ အရာရာမှာ ကိုယ့်အတွက်ဆိုတာ နောက်ဆုံးမှ ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ ကောင်မလေးက ကိုယ့်ကို ဦးစားပေးပြန်ရင်ကျ တစ်မျိုးပေါ့။ ဒါပေမဲ့လည်း ရာခိုင်နှုန်းကတော့ နည်းပါတယ်။

တစ်ကိုယ်တည်းသမားတွေကတော့ သူများအတွက် ထည့်စဥ်းစားပေးနေစရာ မလိုပါဘူး။ ဘဝကြီးကို ကိုယ် စိတ်ကြိုက် ဖြတ်သန်းမယ်၊ ဘော်ဒါတွေနဲ့ နိုက်အောက် ထွက်ချင်သလား၊ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းခံနေစရာမလိုဘဲ စိတ်လွတ်လက်လွတ် ပျော်ပါးလိုက်ရုံပဲ။ ကိုယ့်အတွက်ကိုယ် အချိန်ပိုပေးဖြစ်လာမယ်။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်နေစရာမလိုတာ တစ်ကိုယ်တည်းသမားတွေရဲ့ အားသာချက်ပါပဲ။

ငွေရေး ကြေးရေးအတွက်လည်း စိတ်ပူစရာမလိုဘူး

တစ်ကိုယ်တည်း လူပျိုကြီး

ကွီးတို့ ဘေးပတ်ပတ်လည်က ကောင်မလေးရှိတဲ့ ဘော်ဒါတွေကို ကြည့်လိုက်ပါ။ ဘာနေ့မို့လို့၊ ကောင်မလေးကို စပရိုက် တိုက်ရမှာမို့လို့၊ ငါ့ဆီမှာ ဘိုင်ပျက်နေလို့ နည်းနည်းလောက် လှည့်ပါဦး သားကြီးရာ ဆိုပြီး ကိုယ့်ဆီက ပိုက်ဆံ လာချေးတာမျိုးတွေ ကြုံတွေ့ဖူးတယ်မလား။ သူတို့ခမျာ ကောင်မလေးနဲ့ ထွက်လည်လည်း ပိုက်ဆံ အကုန်အကျခံရ၊ ကောင်မလေးက စိတ်ကောက်လို့ စပရိုက်တိုက်ရမယ်ဆိုလည်း အကုန်အကျခံရနဲ့ သနားစရာပဲ မဟုတ်လား။

တစ်ကိုယ်တည်းသမားတွေကတော့ အဲ့ဒီလို ဒုက္ခမျိုး မရှိပါဘူး။ ငွေရေး ကြေးရေး တည်ငြိမ်ပြီး ဘယ်သူ့ဆီမှလည်း အောက်ကျ နောက်ကျခံပြီး ပိုက်ဆံလိုက်ချေးနေစရာမလိုပါဘူး။ ကိုယ် ပင်ပင်ပန်းပန်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေကို ကိုယ့် စိတ်ကြိုက် သုံးစွဲနိုင်ပြီး စုမိဆောင်းမိလည်း ဖြစ်ပါတယ်။ စုံတွဲတွေမှာတော့ ထိုအခွင့်အရေးမျိုး မရရှိကြပါဘူး။

ကွီးတို့ရဲ့ Confidence Level က မိုးထိအောင် မြင့်တက်နေလိမ့်မယ်

တစ်ကိုယ်တည်း လူပျိုကြီး

အာရုံနောက်စရာတွေလည်း မရှိတော့ ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်ပေးနိုင်လာမယ်။ ကိုယ့်ရဲ့ Personal Development အတွက် သင်ယူလေ့လာစရာရှိတာများကို သင်ယူမယ်။ သင်တန်းများ တက်စရာရှိတာတက်မယ် စသည်ဖြင့် ကိုယ် လုပ်စရာရှိတာများကို စိတ်ချလက်ချ ပြုလုပ်နိုင်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အချိန်ကြာလာတဲ့အခါ ကိုယ့်မှာ ပညာများ၊ ဥာဏ်အမြော်အမြင်များ စုံလင်လာမှာဖြစ်ပြီး ကွီးတို့ရဲ့ Confidence Level ကလည်း တဖြည်းဖြည်း မြင့်တက်လာမှာပဲ ဖြစ်ပါတယ်။

ချစ်သူ ကောင်မလေးရှိတဲ့ ကွီးတို့ကတော့ ကိုယ့်ကောင်မလေးကို အချိန်ပေးနေရတာနဲ့တင် ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ဒီကြားထဲမှာ ကောင်မလေးက ဟော့ဟော့ရမ်းရမ်းလေးနဲ့ ဆက်စီကျနေပြန်ရင်လည်း နောက်တစ်ယောက်နောက် ပါသွားမှာစိုးလို့ လိုက်ထိန်းနေရပါဦးမယ်။

ကွီးတို့ရော တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အရိုးထုတ်ခြင်းရဲ့ အားသာချက်များကို မလိုချင်ဘူးလား။ ဒါမှမဟုတ် စုံတွဲတွေ ချစ်ကြည်နူး တစ်တီတူးနေကြတာ၊ ရိုနေကြတာကို အားကျနေတာလား။ ရစ်စိန်တွေရဲ့ ရစ်တာတွေ အပူပေးတာတွေကို ခံနိုင်တယ်ဆိုရင်တော့လည်း ကွီးတို့ သဘောပါပဲ။

Source: Time

Featured Image: Freepik