မနက်ခင်း နိုးထလာတဲ့အချိန်မှာ သာယာလှပတဲ့ မနက်ခင်းလေးကို ပိုင်ဆိုင်ပြီး တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းစွာနဲ့ နေ့သစ်တစ်ရက်ကို ဖြတ်သန်းချင်ပါသလား။
ဒီလိုမျိုး တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝ တက်ကြွ လန်းဆန်း နေဖို့ဆိုရင်တော့ နည်းလမ်းကောင်းတစ်ခုက မနက်နိုးလာတဲ့အခါ လေ့ကျင့်ခန်းပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်း တွေက ကွီးတို့တစ်ရက်တာကို တက်ကြွလန်းဆန်းပြီး အားအင်ပြည့်ဝနေအောင် ကူညီပေးမလဲ။
လေ့ကျင့်ခန်း (၁)
Source: Accelerate TV
အရင်ဦးဆုံး ခန္ဓာကိုယ်ကို ပုံပါအတိုင်း လေးဘက်ထောက်ထားပါ။ ထို့နောက် ခါးအနည်းငယ်ကော့ထားကာ မျက်နှာက အရှေ့တည့်တည့်သို့ ကြည့်နေပါ။ ထိုအနေအထားသည် ကြောင်ရဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ မျက်နှာကို အရှေ့သို့ ချကာ ခါးကို ကော့ထားလိုက်ပါ။ ဒီအနေအထားကတော့ ကုလားအုတ်ပုံအနေအထားဖြစ်ပါတယ်။ ထိုအနေအထားနှစ်ခုကို တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။
၄ ကြိမ်မှ ၅ ကြိမ်ခန့် အနေအထားဖြည်းဖြည်းမှန်မှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: IceGif
မတ်တပ်ရပ်ကာ ခန္ဓာကိုယ်ကို အသင့်အနေအထားပြင်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကားကာ လက်နှစ်ဖက်ကိုလည်း စုဆုံလိုက်ပါ။ ထိုအနေအထားအတိုင်း တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၃)
Source: Flab Fix
ခန္ဓာကိုယ်ကို တစ်ခြမ်းစောင်းကာ လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်တစ်ဖက်ကို ပုံပါအတိုင်း အပေါ်သို့ ကားတင်လိုက်ပါ။ ၁၅ ကြိမ် ပြုလုပ်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ နောက်ခြေထောက်တစ်ဖက်ကိုလည်း နောက်ထပ် ၁၅ ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Phys.Ed.Review
Squats လေ့ကျင့်ခန်းများကိုလည်း မေ့ထားလို့မရပါဘူး။ အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် တင်ပါးကို အနောက်ပစ်ပြီး တစ်ဝက်ထိုင်လိုက်ပါ။ ထို့နောက် အပေါ်သို့ ခုန်လိုက်ပါ။
တစ်ဝက်ထိုင်လိုက် ခုန်လိုက်ဖြင့် တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ၁၅ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၅)
Source: Gfycat
ကွီးတို့အတွက် ရင်အုပ်ကြွက်သားများသည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒိုက်ထိုးလေ့ကျင့်ခန်းကိုလည်း မမေ့မလျော့ ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
လေ့ကျင့်ခန်း (၆)
Source: Flab Fix
နောက်ဆုံးတစ်ခုကတော့ ဝမ်းဗိုက်ကြွက်သားများအတွက် ဆော့ကစားပေးရမှာဖြစ်ပါတယ်။ ပုံပါအတိုင်း ဘယ် ညာ တစ်လှည့်စီပြုလုပ်ပေးလိုက်ပါ။ ၁၅ ကြိမ်၊ အကြိမ် ၂၀ ခန့် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
လေ့ကျင့်ခန်းအားလုံး ပြုလုပ်ပြီးတဲ့အခါ အကြောလျော့လေ့ကျင့်ခန်းလေး ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
Source: Lifehack.org
Featured Image: Healio






