တစ်ပတ် နေလို့ တစ်ခါတောင် ရေမချိုး ဘူးဆိုရင် သေချာပါတယ်၊ ကွီးတို့ကို ညစ်ပတ်အိုးလို့ နာမည်ပြောင်းဖို့ အချိန်တန်ပါပြီ။

တစ်ကိုယ်ရည် သန့်ရှင်းရေးသည် လူတိုင်းအတွက် အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးရှိမှသာလျှင် ကျန်းမာ ပျော်ရွှင်ရတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ တစ်ပတ် မှာ တစ်ကြိမ်တောင် ရေမချိုး တဲ့ သူတွေဆိုရင်တော့ အခုဖော်ပြမယ့် ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

ခန္ဓာကိုယ် ရနံ့ဆိုးဝါးလာခြင်း

ရနံ့ဆိုးဝါး

အခုလို ပူအိုက်တဲ့ ရာသီမှာ ချွေးထွက်များမှာကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ ချွေးထွက်များတဲ့အခါ လူကို ငြီးစီစီဖြစ်ပြီး လေးလံထိုင်းမှိုင်းနေသလို ခံစားရမှာပဲဖြစ်ပါတယ်။ အဲ့ဒါကိုမှ တစ်ရက်လည်း ရေမချိုး၊ နှစ်ရက်လည်း ရေမချိုးဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်က ချဥ်ဖတ်စော် နံနေမှာပဲဖြစ်ပါတယ်။

ပြင်ပမှ ရောဂါဘယများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်း

ရောဂါဘယ

ကိုယ့် ခန္ဓာကိုယ်ကြီးက ညစ်ပတ်နေတော့ ဘက်တီးရီးယား ပိုးမွှားများ ပျော်မွေ့ရာ စံအိမ်ကြီး ဖြစ်လာပါလိမ့်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ရောဂါဘယ ထူပြောလာမယ်၊ ယားနာ၊ ပွေး အစရှိတဲ့ အရေပြားရောဂါများ ခံစားရလာနိုင်ပါတယ်။

မိမိရဲ့ အလုပ်အကိုင်ကိုပါ ထိခိုက်လာခြင်း

အလုပ်အကိုင်

ခန္ဓာကိုယ် ရနံ့က တဖြည်းဖြည်း ဆိုးဝါးလာတဲ့အတွက်ကြောင့် ဘယ်လုပ်ဖော်ကိုင်ဖက်ကမှလည်း ကိုယ့်အနံ့ကို သည်းခံပြီး ဘေးနားကနေ အဖော်လုပ်ပေးမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လူမှုဘဝ၊ လုပ်ငန်းခွင်ဘဝကိုပါ ထိခိုက်လာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းလာမှာပဲဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်ရတာလည်း အဆင်မပြေတော့ဘဲ ငွေရေး ကြေးရေး၊​ စီးပွားရေးပါ ထိခိုက်လာနိုင်ပါတယ်။

အထက်ဖော်ပြပါ ဆိုးကျိုးများကို မခံစားချင်ဘူးဆိုရင်တော့ တစ်ရက်မှာ တစ်ကြိမ်ခန့် ရေ ပုံမှန် ချိုးပေးဖို့ လိုအပ်ပါတယ်။ ရေချိုးရမှာ ပျင်းတဲ့သူတွေသည် အခြားသော တစ်ကိုယ်ရည် သန့်ရှင်းရေးပိုင်းလည်း အလေးပေးဖို့ လမ်းမမြင် ကမ်းမမြင်ပါပဲ။ ရေအိမ်ကအဆင်း လက်ဆေးရမှာလည်း ပျင်း၊ အစား မစားခင် လက်ဆေးရမှာလည်း ပျင်းနဲ့ တဖြည်းဖြည်းနဲ့ ညစ်ပတ်အိုးကြီး ဖြစ်လာပါတော့မယ်။ ထိုအကျင့်ဆိုးကို မြန်မြန်ဖျောက်ဖျက်နိုင်မှသာလျှင် ဆော်မရသေးတဲ့သူတွေလည်း ဆော်ကြည်လာမှာဖြစ်ပြီး၊ လက်ရှိမှာ ရည်းစားရှိမယ်ဆိုရင်လည်း ကိုယ့်ရည်းစားနဲ့ ကြာကြာမြဲမှာပဲဖြစ်ပါတယ်။

အဲ့ဒီလိုဖြစ်ဖို့ဆိုရင် …

တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ

တစ်ပတ် ရေမချိုး

သွားကျန်းမာရေးသည်လည်း ကွီးတို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ တစ်နေ့ နှစ်ကြိမ် သွားတိုက်ခြင်းအားဖြင့် သွားနှင့် သွားဖုံးများကို ခိုင်ခံ့သန်မာလာစေပြီး ခံတွင်းရနံ့လည်း သင်းပျံ့လာမှာပဲဖြစ်ပါတယ်။ သွားတိုက်တဲ့အခါမှာလည်း သွားပွတ်တံကို အားနဲ့ ဖိတိုက်တာမျိုး မပြုလုပ်ရဘဲ ပုံမှန် ဖြည်းဖြည်း ဖွဖွလေးသာ တိုက်ရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် သွားတိုက်နေရင် သွေးထွက်ခြင်း၊ သွားဖုံးများ ရောင်လာခြင်းတို့ကို ခံစားရနိုင်ပါတယ်။

လက်ကို ပုံမှန် ဆေးပါ

တစ်ပတ် ရေမချိုး

အစား စားခါနီး လက်ဆေးပါ။ ရေအိမ် အသုံးပြုပြီးတိုင်မှာ လက်ကို ပုံမှန် ဆေးကြောရပါမယ်။ ထိုအချက်များသည် မမေ့မလျော့ ပြုလုပ်ရမယ့်အချက်တွေပဲဖြစ်ပါတယ်။ ညစ်ပတ်ပေရေနေတဲ့ လက်နဲ့ အစား စားမိမယ်ဆိုရင် ကွီးတို့ ဗိုက်ထဲမှာ သန်ကောင်တွေ ပြည့်နေမှာပဲ ဖြစ်ပါတယ်။

အဝတ်အစားများနှင့် အိပ်ရာခင်းကို ပုံမှန် လျှော်ဖွတ်ပါ

တစ်ပတ် ရေမချိုး

အဝတ်အစား တစ်စုံကို မလျှော်ရသေးဘဲ ကြိမ်ဖန်များစွာ ဝတ်ဆင်တဲ့အခါ ကွီးတို့ ခန္ဓာကိုယ် အနံ့အသက်ကို ဆိုးရွားလာစေပြီး အရေပြား ပြဿနာများကို ကြုံတွေ့နိုင်ပါတယ်။ အိပ်ရာခင်းတွေဆိုလည်း ထိုနည်းအတိုင်းပါပဲ။ နှစ်ပတ် တစ်ကြိမ် (သို့) တစ်လ တစ်ကြိမ်ခန့် ပုံမှန် လျော်ပေးဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ယားယံခြင်းတို့ကို ခံစားရနိုင်ပါတယ်။

သုံးရက်လျှင် တစ်ကြိမ် ပုံမှန် ခေါင်းလျှော်ပြီး တစ်ရက် တစ်ကြိမ် ရေချိုးပါ

တစ်ပတ် ရေမချိုး

တစ်ရက်လျှင် တစ်ကြိမ်ခန့် ရေ ပုံမှန် ချိုးဖို့ လိုအပ်ပေမယ့် နေ့စဥ် ရက်ဆက် ခေါင်းလျှော်စရာ မလိုပြန်ပါဘူး။ နေ့တိုင်း ခေါင်းလျှော်တဲ့အခါ ဦးရေပြားပေါ်က သဘာဝအဆီများကို ဆုံးရှုံးသွားပြီး ဆံကေသာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ရက်လျှင် တစ်ကြိမ်​ (သို့) သုံးရက်လျှင် တစ်ကြိမ်ခန့်သာ ခေါင်းလျှော်သင့်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဘယ်လို ဦးစားပေးလေ့ရှိပါသလဲ။

Source: Healthline

Featured Image: Coloradoallergy