တစ်ဖက်သတ် အချစ်ဆိုတာ ဆိုင်သူမသိတဲ့အချစ်ဆိုတော့ တစ်ခါတစ်လေမှာ ကြည်နူးစရာလည်း ကောင်းသလို တစ်ခါတစ်လေတော့လည်း ဆွေး မြေ့ ကြေကွဲဖွယ်ကောင်းလှပါတယ်။ ကိုယ့်ရဲ့ အချစ်က တစ်ဖက်သူက အသိအမှတ် ပြုဖို့ နေနေသာသာ သိတောင် မသိဘူးဆိုမှတော့ ဒီလောက် ကြေကွဲဖို့ကောင်းတာ ရှိပါတော့မလား။ ကိုယ့်ကို အဖက်မလုပ်တဲ့ တစ်ဖက်သတ် အချစ်နဲ့ ဆွေး နေရတဲ့သူတွေအတွက်တော့ ကြေကွဲဖွယ်ရာအတိပါပဲ။

ဒါကိုမှ အတောမသတ်နိုင်ဘူး၊ တစ်ဖက်သတ် အချစ်မှ တစ်ဖက်သတ် အချစ်ဖြစ်နေကြတဲ့ ကွီးတို့၊ ချစ်နေရရင် ပြီးရော သူ မသိလည်း ရတယ်ဆိုတဲ့ ကွီးတို့ကို အဖော်ပြုပေးမယ့် သီချင်းကောင်းလေးတွေ ရှိပါတယ်။

ဒီသီချင်းလေးတွေကို နားဆင် ခံစားရင်း ကိုယ့်ရဲ့ တစ်ဖက်သတ်အချစ်တွေကို ကွီးတို့ ကိုယ်တိုင်ပဲ အသိအမှတ် ပြုပေးလိုက်ကြပါ။

(၁) Jessie’s Girl

Source: Happierhuman

ဒီသီချင်းလေးကတော့ သြစတြေးလျ အဆိုတော်တစ်ဦးဖြစ်တဲ့ Rick Springfield က သီဆိုထားတာပဲဖြစ်ပါတယ်။ Working Class Dog ဆိုတဲ့ အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ထွက်ရှီခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

သီချင်းထဲမှာတော့ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေတာဖြစ်ပြီး သူ့ရဲ့ အချစ်တွေကို ဖော်ထုတ်ပြလို့မရဖြစ်နေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ တစ်ဖက်သတ်ချစ်နေရတဲ့ ကောင်မလေးက သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ ချစ်သူဖြစ်နေလို့ပါပဲ။

ကွီးတို့ရော အဲ့ဒီကောင်လေး နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။ သူငယ်ချင်း သံယောဇဥ်တွေ အကုန်အပြတ်ခံပြီး ဖွင့်ပြောမှာလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ အချစ်တွေကို တစ်သက်လုံး တိတ်တိတ်လေးပဲ သိမ်းထားလိုက်တော့မှာလား။

(၂) You’re Beautiful By James Blunt

Source: James Blunt

James Blunt သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး James Blunt ၊ Sacha Skarbek နှင့် Amanda Ghost တို့က James ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်အတွက် ရေးဖွဲ့ပေးထားကြတာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။

ဒီသီချင်းလေးကတော့ ရည်းစားဟောင်းကို သူ့ရဲ့ ရည်းစားအသစ်နဲ့ တွဲပြီး မြင်လိုက်ရလို့ ကြေကွဲပြီး ငိုသံပါကြီးနဲ့ သီဆိုထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ကွီးတို့လည်း ကိုယ် တစ်ဖက်သတ်ချစ်ရတဲ့ ကောင်မလေးကို သူ့ဘဲကြီးနဲ့ တွဲမြင်လိုက်ရတဲ့အချိန်မှာ ဒီသီချင်းလေးနဲ့ ဖီးလ်နိုင်ပါတယ်။

(၃) (Everything I Do) I Do It for You By Brandy

Source: Brandy

ငါ့ ရင်ဘတ်ထဲကို ဝင်ကြည့်လိုက်ပါ။ မင်းကို ချစ်တဲ့ အချစ်တွေကို မင်း မြင်ပါလိမ့်မယ်။ ငါ စွန့်လွှတ် အနစ်နာခံသမျှတွေ ငါ လုပ်သမျှ အရာတွေ အားလုံးက မင်းလေးအတွက်ပါပဲ ဆိုပြီး တစ်ဖက်သတ် ချစ်နေရတဲ့ သူကို ဖွင့်ပြောပြချင်တယ် ဆိုရင်တော့ ဒီသီချင်းလေးကို ရွေးချယ်နိုင်ပါတယ်။

(၄) All Out of Love By Air Supply

Source: Air Supply

ဒီသီချင်းလေးကတော့ ၁၉၈၀ ခုနှစ်က ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Soft Rock သီချင်း အမျိုးအစားဖြစ်ပြီး Graham Russell နှင့် Clive Davis တို့က ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ Air Supply အဖွဲ့က သီဆိုထားတာပဲ ဖြစ်ပါတယ်။ ထိုခေတ်အခါကလည်း ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်သလို ယနေ့ခေတ်အထိလည်း နာမည်ကြီးနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ကာဗာ သီဆိုသူ အများအပြားလည်း ရှိနေပါတယ်။

ဒီသီချင်းကတော့ တစ်ဖက်သတ်အချစ်ဆိုတာထက် ချစ်သူ နှစ်ယောက် လမ်းခွဲပြီးမှ ကောင်လေးက နောင်တအကြီးအကျယ် ရနေတဲ့ အခြေအနေမျိုးဆို ပိုမှန်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ကွီးတို့က လမ်းကြုံလို့ ဖီးလ်ချင်တယ်ဆိုလည်း ဒီသီချင်း နားထောင်ရင်း ဖီးလ်လို့ ရပါသေးတယ်။

(၅) Not in That Way By Sam Smith

Source: Happierhuman

ဒီသီချင်းလေးကတော့ တစ်ဖက်သတ် ချစ်နေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကို သီချင်းသံစဥ် အေးအေးဆွေးဆွေးလေးနဲ့ ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ကောင်လေးက ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ တစ်ဖက်က ကောင်မလေးက သူ့အချစ်ကို မသိကျိုးကျွံ ပြုနေပြီး ဘယ်လိုမှ မတုန့်ပြန်ဘူးဆိုတာကို သီဆိုထားတာပဲ ဖြစ်ပါတယ်။

ကဲ… ကွီးတို့ရော ဘယ်လိုလုပ်မှာလဲ။ တစ်ဖက်သတ်အချစ်နဲ့ပဲ ဘဝကြီးကို နိဂုံးချုပ်လိုက်တော့မှာလား။ သူချစ်ကိုရော ရှာဖို့ စိတ်မကူးတော့ဘူးလား။

Source: Happierhuman

Featured Image: Liveboldandbloom