သီချင်း အမျိုးအစားအများကြီးရှိတဲ့အထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်လည်း မတူသလို နားထောင်တဲ့ အမျိုးအစားလည်း မတူကြပါဘူး။ ကွီးတို့ရော ဘယ်လိုသီချင်း အမျိုးအစားတွေကို နားထောင်ဖြစ်ပါသလဲ။ ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် ဂီတသံစဉ်တွေဆိုတာ ကျွန်တော်တို့အတွက် ခံစားမှုရသ တစ်စုံတစ်ရာကိုတော့ အမြဲတမ်းပေးစွမ်းနိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် တမူထူးခြားပြီး ခံစားချက်တစ်စုံတစ်ရာကို ရရှိစေဖို့ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ခေတ်စားခဲ့တဲ့ အမိုက်စား Pop Punk သီချင်းများ ကို ပြန်လည် ခံစားနိုင်စေဖို့ ဝေမျှပေးမှာ ဖြစ်ပါတယ်။

 “Fat Lip” by Sum 41 (2001)

Source : Sum41

ဒီသီချင်းကတော့ Canadian ရော့ခ်ဂီတအဖွဲ့ Sum 41 ၏ သီချင်းတစ်ပုဒ်ဖြစ်ပြီး ၎င်းတို့ရဲ့ ပွဲဦးထွက်အယ်လ်ဘမ် All Killer No Filler မှာပါဝင်တဲ့ စတုတ္ထမြောက် အပုဒ်လည်း ဖြစ်ပါတယ်။ ဒီသီချင်းက Pop Punk အမျိုးအစားဖြစ်ပြီး ယနေ့ချိန်ထိ အဖွဲ့ရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

“All My Fault” by Fenix TX (2000)

Source : Chino Moreno

Pop-punk သီချင်းတွေကို ပြောမယ်ဆိုရင် Fenix TX ရဲ့ “All My Fault” ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ “All My Fault” သီချင်းက ရေဒီယိုမှာ ကျော်ကြားလာပြီး ၂၀၀၀ ခုနှစ်က တီဗီရုပ်ရှင် “Jailbait” မှာ ပါဝင်ခဲ့ပြီး နေရာတစ်ခု ရရှိခဲ့ပါတယ်။ ဒီသီချင်းက ၂၁ ရာသီမှာ Pop-punk ထွန်းကားလာမှုရဲ့ မရှိမဖြစ် တစ်စိတ်တစ်ပိုင်း တစ်ခုအဖြစ် အောင်မြင်မှု ရရှိခဲ့ပါတယ်။

“Lifestyles of the Rich & Famous” by Good Charlotte

နောက်ထပ်ဖော်ပြပေးချင်တဲ့ သီချင်းကတော့ Good Charlotte ရဲ့ Lifestyles of the Rich & Famous ဖြစ်ပါတယ်။ ဒီသီချင်းက Punk ဂီတ နှစ်သက်သူများ အကြိုက်တွေ့စေခဲ့တဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒီသီချင်းက Good Charlotte ကို နေရာတစ်နေရာ ရစေခဲ့တဲ့ ထိပ်တန်း Hit 20 တစ်ပုဒ်လည်း ဖြစ်ပါတယ်။

“Until the Day I Die” by Story of the Year (2003)

Source : Warner Record Vault

၂၀၀၀ ခုနှစ်က Pop Punks သီချင်းတွေရဲ့ အမာခံ ပရိသတ်ဆိုရင် Story of the Year အဖွဲ့ရဲ့ ပရိသတ် မဟုတ်ရင်တောင်မှ “Until the Day I Die” ကိုသိကြပါတယ်။ ဒီ သီချင်းက နှလုံးသားကို ထိစေတဲ့ ခံစားချက်များနဲ့ ပြင်းထန်သော သံစဉ်များနဲ့ ‌ရောယှက်ကာ လှပစွာ ပေါ်ထွက်လာတဲ့ သီချင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း နားဆင်ခံစားကြည့်ပါဦး။

“Somewhere on Fullerton” by Allister (2002)

Source : Universal Music

ဒီသီချင်းက လက်မလွှတ်ချင်တဲ့ အချိန်နဲ့ ခံစားချက်များကို ရည်ရွှယ်ထားသော သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီအမိုက်စား သီချင်းကို Allister မှ သီဆိုထားပြီး ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကွီးတို့ အကြိုက်နဲ့ ထပ်တူကျရဲ့လားဆိုတာ သိရအောင် နားဆင်ခံစားလိုက်ရအောင်ဗျာ။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် တစ်ချိန်က ခေတ်စားခဲ့တဲ့ အမိုက်စား Pop Punk သီချင်းများထဲမှ အချို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ အကြိုက်တွေ့နေတဲ့ Pop Punk သီချင်းတွေ ရှိရင်လည်း Comment မှာ ဝေမျှပေးခဲ့နိုင်ပါတယ်။

Source : Cleverland

Featured Photo : Gear Gods