တည်ကြည် ခန့်ငြား ပြီး ပျိုတိုင်းကြိုက်တဲ့ ယောကျာ်း တစ်ယောက်အသွင် ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ်ကို အရင်ဦးဆုံး ပြောင်းလဲပစ်ရမှာပဲ ဖြစ်ပါတယ်။ ကလေးဆန်တဲ့ ဖက်ရှင်မျိုး၊ လူငယ်ဆန်တဲ့ ဖက်ရှင်မျိုးထက် Gentleman ဆန်ဆန် ဖက်ရှင်မျိုးကို ဦးစားပေး ဝတ်ဆင်ရမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုဖက်ရှင်မျိုးတွေက ကွီးတို့ကို တည်ကြည် ခန့်ငြား တဲ့ ယောကျာ်း သားအသွင် ဖန်တီးပေးမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လေ့လာကြည့်လိုက်ပါဦး။​

အဖြူရောင် ဖက်ရှင်

တည်ကြည် ခန့်ငြား ယောကျာ်း

Photo: Fashion Foody

အဖြူရောင်ကတော့ ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့ အရောင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အဖြူရောင် ရှပ်အင်္ကျီကို အနက်ရောင် ဘောင်းဘီနဲ့လည်း တွဲဖက် ဝတ်ဆင်နိုင်သလို ခဲရောင် ဘောင်းဘီနဲ့လည်း တွဲဖက် ဝတ်ဆင်နိုင်ပါသေးတယ်။

ခါးပတ်ကတော့ မပါမဖြစ်ပေါ့

တည်ကြည် ခန့်ငြား ယောကျာ်း

Photo: Elohim Tunes

အနက်ရောင် ဖက်ရှင်သည်လည်း ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့ အရောင်တစ်မျိုးပဲ ဖြစ်ပါတယ်။ အနက်ရောင်သည် ကွီးတို့ကို တည်ငြိမ်သူအသွင်ကို ဖန်တီးပေးမယ့် အရောင်ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ကို ပြီးပြည့်စုံစေချင်တယ်ဆိုရင် ခါးပတ်ကိုလည်း ထည့်ပတ်ဖို့ မမေ့ပါနဲ့။

အကွက်ဖက်ရှင်တွေသည်လည်း ခေတ်စားပါတယ်

တည်ကြည် ခန့်ငြား ယောကျာ်း

Photo: Kellekneked.hu

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ကို လူကြီးဆန်လွန်းတာမျိုးလည်း မကြိုက်ဘူး၊ ကလေးဆန်လွန်းတာမျိုးလည်း မဝတ်ချင်ဘူးဆိုရင်တော့ ဒီဖက်ရှင်မျိုးကို ဝတ်ဆင်နိုင်ပါတယ်။ ရှပ်အင်္ကျီကို အဖြူရောင်၊ ဘောင်းဘီနက်ပြာ အကွက်နှင့် Sneakers ဖိနပ် အဖြူရောင်တို့ကို တွဲဖက်ဝတ်ဆင်ထားတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

အရောင် သုံးရောင်ထက် မပိုပါစေနဲ့

တည်ကြည် ခန့်ငြား ယောကျာ်း

Photo: LIFESTYLE BY PS

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဖက်ရှင်ကို စတိုင်လ်ကျအောင် ရှိုးထုတ်တဲ့အခါ အလွန်အကျွံ ဖြစ်မသွားစေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဖက်ရှင်က အိုဗာ ဖြစ်သွားတဲ့အခါ ကြည့်ရသူအဖို့ ဆွဲဆောင်စရာ ကောင်းနေတော့မှာမဟုတ်ဘဲ မျက်စိစပါးမွှေး စူးနေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ရှင်နဲ့ ပတ်သက်လာရင် ကိုယ့်ရဲ့ ဖက်ရှင်အရောင်သည် သုံးရောင်ထက် မပိုမိစေဖို့ အထူးပဲ အရေးကြီးပါတယ်။

လက်ပတ်နာရီကိုလည်း မမေ့ပါနဲ့

လက်ပတ်နာရီ

Photo: Amazon

လက်ပတ်နာရီသည် ကွီးတို့ရဲ့ ဖက်ရှင်ကို အထာကျသွားအောင် ကူညီပေးမယ့် ဖက်ရှင် အသုံးအဆောင် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပွဲလမ်းသဘင်များ တက်တဲ့အခါ ကိုယ့်ရဲ့ လက်ပတ်နာရီကို ထုတ်ဝတ်ဖို့ မမေ့ပါနဲ့။ ယနေ့ခေတ်မှာ စမတ်နာရီတွေလည်း ခေတ်စားလာသည်နှင့်အမျှ ကွီးတို့ရဲ့ လက်ကောက်ဝတ်မှာ Classic ဆန်တဲ့ နာရီတွေထက် စမတ်နာရီတွေက နေရာယူလာပြီပဲ ဖြစ်ပါတယ်။ စမတ်နာရီတွေသည် နာရီကြိုး အမျိုးမျိုး ပြောင်းလဲ ဝတ်ဆင်နိုင်တာကတော့ သူ့ရဲ့ အားသာချက်ပါပဲ။ ဒါပေမဲ့ ကွီးတို့ ရွေးချယ်တဲ့ နာရီကြိုးသည် ကလေးမဆန်ဖို့တော့ လိုပါတယ်။

ဒီအချက်တွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်သည်လည်း တည်ကြည် ခန့်ငြား ပြီး ပျိုတိုင်းကြိုက်တဲ့ ယောကျာ်း သားတစ်ယောက်အသွင် ဖြစ်သွားပြီပဲ ဖြစ်ပါတယ်။

Featured Image: Freepik