Transfermarket ဆိုတဲ့ ဘောလုံးသမား အပြောင်းအရွှေ့တွေနဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို အသေးစိတ်ကျကျ ဖော်ပြပေးနေတဲ့ website ကနေ စုစည်း ဖော်ပြထားတဲ့ လက်ရှိ ကမ္ဘာ့ တန်ကြေး အမြင့်မားဆုံး ဘောလုံးသမား (၁၀)ယောက်အကြောင်းကို ပြန်လည် ဖော်ပြပေးသွားချင်ပါတယ်။

foden musiala

Photo Credit : Getty Image

Top ten list ရဲ့ အောက်ဆုံးနေရာမှာတော့ လာလီဂါက ကြယ်ပွင့်လေး (၂)ဦး ရှိနေပါတယ်။ သူတို့ကတော့ ရီးယဲလ် မက်ဒရစ်ရဲ့ တိုက်စစ် ကစားသမားလေး ရိုဒရီဂို နဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမားလေး ပတ်ဒရီတို့ပါ။ ဒီကစားသမားလေး (၂)ဦးရဲ့ တန်ကြေးက ယူရို သန်း(၁၀၀)စီ ရှိနေပါတယ်။ သူတို့ရဲ့ အထက်မှာတော့ မန်စီးတီးရဲ့ အင်္ဂလန် ကြယ်ပွင့်လေး ဖိုဒန် နဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဂျာမန် ကြယ်ပွင့်လေး မူဆီအာလာတို့က ယူရို (၁၁)သန်းစီနဲ့ ရပ်တည်နေကြပါတယ်။

vini saka jude

ဒီကစားသမား (၄)ယောက်ရဲ့ အထက်မှာတော့ ယူရို သန်း(၁၂၀)နဲ့ ကစားသမား (၃)ဦး ရှိလို့နေပါတယ်။ ဒီကစားသမားတွေကတော့ ဒီနွေမှ ဒေါ့မွန်ကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန် ကွင်းလယ် ကစားသမားလေး ဘယ်လင်ဟမ် ၊ အာဆင်နယ်အသင်းရဲ့ လူငယ် ကြယ်ပွင့် တောင်ပံ ကစားသမားလေး ဆာကာ နဲ့ ပြီးခဲ့တဲ့ ရာသီမှာ နာပိုလီ နဲ့ အလွန်ကို တောက်ပခဲ့တဲ့ နိုင်ဂျီးရီးယားသား အိုဆင်မန်တို့ပဲ ဖြစ်ပါတယ်။ တတိယနေရာမှာတော့ ရီးယဲလ်ရဲ့ ဆမ်ဘာ ကြယ်ပွင့်လေး ဗင်နီစီယပ်စ် တန်ကြေး ယူရို သန်း(၁၅၀)နဲ့ ရပ်တည်နေပါတယ်။

haaland mbappe

Photo Credit : Planet Fooball

ကမ္ဘာ့ တန်ကြေး အမြင့်မားဆုံး ကစားသမား (၁၀)ဦးစာရင်းမှာ ထိပ်ဆုံးနေရာမှာတော့ ကစားသမား (၂)ယောက်က ပူးတွဲ ရပ်တည်လို့နေပါတယ်။ သူတို့ကတော့ မန်စီးတီးရဲ့ နော်ဝေ တိုက်စစ် ကစားသမား ဟာလန်း နဲ့ ပီအက်စ်ဂျီရဲ့ ပြင်သစ် တိုက်စစ် ကစားသမား ဘာပေတို့ပဲ ဖြစ်ပါတယ်။ ကစားသမား (၂)ဦးလုံးရဲ့ လက်ရှိ တန်ကြေးက ယူရို သန်း(၁၈၀)စီ ရှိလို့နေပါတယ်။

Featured Photo : Transfermarket