အခုလို အစစအရာရာ ဈေးတွေကြီးနေတဲ့ ခေတ်ကာလအနေအထားမှာ ပေးရတဲ့ဈေးနဲ့ တန်တဲ့ ကွာလတီ/စွမ်းရည်ဆောင်ကို လိုချင်ရင်တော့ ဒေါ်လာ ၂၀၀ အောက် ဈေးတန်းထဲက vivo Y28 4G စမတ်ဖုန်းက ရွေးချယ်စရာ Option တစ်ခု ဖြစ်လာပါတယ်။ ဒီနေ့မှာတော့ စင်္ကာပူနိုင်ငံမှာ vivo ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကြေညာခဲ့တဲ့ 5G စမတ်ဖုန်း vivo Y28 နဲ့အတူ 4G ဗားရှင်းကိုပါ တစ်ခါတည်း မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

vivo Y28 4G

Photo : GSMArena.com

vivo Y28 4G စမတ်ဖုန်းဟာ MediaTek ရဲ့ Helio G85 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ ထပ်မံတိုးချဲ့နိုင်တဲ့ 256GB Storage အတွဲအစပ်နဲ့ လာပါတယ်။ မျက်နှာပြင် အနေနဲ့တော့ ၆.၆၈ လက်မ 720×1608 LCD Touchscreen ကို တပ်ဆင်ပေးထားပြီး 90 Hz Refresh Rate နဲ့ 1,000-Nit Peak Brightness ထောက်ပံ့ပေးထားပါတယ်။

အသံထွက်ကွာလတီ အမိုက်စား Stereo Speakers ၂ လုံး ပါဝင်ပြီး ကျောဘက်မှာ 50 MP Main ကင်မရာနဲ့အတူ 2 MP Depth Sensor ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်မှာတော့ ကြည်လင်ပြတ်သားတဲ့ 8 MP ဆယ်လ်ဖီ ကင်မရာကို တပ်ဆင်ပေးထားပြီး 44W Wired Charging စနစ် ထောက်ပံ့ပေးထားတဲ့ 6,000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်ဒဏ်ရေဒဏ် ခံနိုင်ရှိတဲ့ IP64 Rating အဆင့်သတ်မှတ်ချက်လည်း ပါရှိပါတယ်။

vivo Y28 4G

Photo : GSMArena.com

ဆော့ဖ်ဝဲပိုင်းမှာ vivo ရဲ့ Android 14 အခြေပြု Funtouch OS 14 အသုံးပြုထားပြီး ကာလာရွေးချယ်မှု အနေနဲ့ကတော့ Agate Green နဲ့ Gleaming Orange ဆိုပြီး ၂ ရောင် ရွေးနိုင်မှာပါ။ ဈေးနှုန်းကတော့ စင်္ကာပူဒေါ်လာ ၂၆၉ ( ၁၉၉ ဒေါ်လာ ၊ ၁၈၅ ယူရို) ခန့် ရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်။ နိုင်ငံတကာ ဈေးကွက်အတွက်တော့ ဈေးနှုန်းအနည်းငယ် အပြောင်းအလဲ ရှိနိုင်ပေမယ့် အရာရာ ဈေးကြီးနေတဲ့ ခေတ်ကြီးထဲမှာ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ Price To Performance ကောင်းတဲ့ ဖုန်းတစ်လုံး ရှာနေသူတွေအတွက် Y28 4G စမတ်ဖုန်းက စဉ်းစားစရာ ဖုန်းတစ်လုံး ဖြစ်မှာ အသေအချာပါပဲ။

Source :  GSMArena.com

Featured Photo : Poskota