vivo ကနေ ဒီလထဲမှာ X100s နဲ့ X100 Ultra စမတ်ဖုန်းတွေကို မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်။ ယခုအခါမှာတော့ ကုမ္ပဏီဘက်ကနေ vivo X100s ရဲ့ ကင်မရာ နမူနာတွေကို မျှဝေခဲ့ပြီး ဖုန်းရဲ့ AI စနစ်သုံး ဓာတ်ပုံတည်းဖြတ်နိုင်စွမ်းကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ Weibo မှာ ကုမ္ပဏီရဲ့ VP ကနေ မျှဝေထားတဲ့ vivo X100 Ultra နဲ့ ရိုက်ကူးထားတဲ့ ပုံတချို့ကိုလည်း တင်ထားပါတယ်။

vivo X100 Ultra

Photo : Gizmochina

ပုံတွေကတော့ တရုတ်နိုင်ငံရဲ့ Chang’e 6 အာကာသယာဉ်ကို ပြသထားပါတယ်။ ဓာတ်ပုံတွေအရ ကင်မရာ ဟာ f/2.67 Aperture ရှိပြီး 230mm နဲ့ ညီမျှတဲ့ Focal Length နဲ့ 10x Zoom ပုံရိပ်တွေကို ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ Tipster Digital Chat Station ရဲ့ အဆိုအရဟာ ဒီပုံတွေဟာ Focal Length 22.48mm ရှိတဲ့ vivo X100 Ultra ရဲ့ 200MP Periscope Telephoto ကင်မရာနဲ့ ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ 1/1.4″ Sensor ကို အသုံးပြုထားပြီး High-Res Mode မှာ 200MP ကင်မရာဟာ 16,320×12,888-Pixel Resolution နဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

DCS ကလည်း 200MP ကင်မရာ ဟာ 100x Zoom နဲ့ Telephoto Macro တို့ကို ထောက်ပံ့ပေးထားတယ်လို့ ဆိုထားပြီး ဒါကို Super Macro Mode လို့ နာမည်ပေးနိုင်ဖွယ်ရှိပါတယ်။ ယခင် vivo X100 နဲ့ X100 Pro တို့မှာ မြင်တွေ့ခဲ့ရတဲ့ Periscope Telephoto ရိုက်ကူးနိုင်တဲ့ Super Macro Mode က တော်တော်လေး မိုက်တယ်လို့ ပြောရမှာဖြစ်ပြီး ယခု X100 Ultra ရဲ့ Super Macro Mode မှာ ဘယ်လိုမျိုး အဆင့်မြှင့်တင်ထားမှုတွေ ရှိလာမလဲဆိုတာတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။

vivo X100 Ultra vivo X100 Ultra

Photo : GSMArena.com

vivo X100s နဲ့ X100 Ultra ဖုန်းတွေနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြာမီရက်ပိုင်းအတွင်း သိရမယ်လို့ မျှော်လင့်ရပါမယ်။

Featured Photo : Android Headlines