မစ္စတာ ဦးတန်ဟက်ဂ်ရဲ့ မန်ချက်ကတော့ လက်ရှိမှာ လန်မထွက်ပဲ တိုင်ပတ်နေပါတယ်။ ရာသီအစပိုင်း ပရီးမီးယားလိဂ် ပွဲ (၅)ပွဲ ကစားထားပြီးချိန်မှာတောင် ရှုံးပွဲက (၃)ပွဲတောင် ရှိထားတဲ့အထိ အခြေအနေ မဟန်လှပါဘူး။ ဒီလို ဖြစ်နေပါတယ်ဆိုမှ မန်ယူနိုက်တက်က ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ရပါဦးမယ်။

united

Photo Credit : Clutch Points

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲလိုက်တဲ့အချိန် အုပ်စု (A)မှာ ဘိုင်ယန်မြူးနစ်ရယ် မန်ယူနိုက်တက်ရယ် ဂါလာတာစာရေးရယ် ကိုပင်ဟေဂင်ရယ် ကျရောက်နေခဲ့ပါတယ်။ ဒီအုပ်စုမှာ ဘိုင်ယန်က အင်အား အတောင့်တင်းဆုံးလို့ သတ်မှတ်နိုင်ပြီး နောက်တစ်ဆင့်တက်ဖို့လည်း သေချာနေတာမို့ ဘိုင်ယန်နဲ့အတူ ရှုံးထွက် (၁၆)သင်းအဆင့်ကို လိုက်ပါနိုင်အောင် ယူနိုက်တက် ဂါလာတာစာရေး နဲ့ ကိုပင်ဟေဂင်တို့က ကြိုးပမ်းကြရမှာပါ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဘိုင်ယန် နဲ့ ယူနိုက်တက်တို့ပဲ အုပ်စုကနေ နောက်တစ်ဆင့် တက်မယ်လို့ ထင်ရနိုင်ပေမယ့်လည်း ယူနိုက်တက်က လက်ရှိ အခြေအနေတွေနဲ့ဆို လွယ်ပါ့မလား။

bayern vs manutd

Photo Credit : FootTheBall

ယူနိုက်တက်က ဒီရာသီမှာ ပြီးခဲ့တဲ့ ရာသီကထက် ကစားသမားအင်အားပိုင်း ပိုမို တောင့်တင်းတဲ့ အနေအထားကို ရောက်နေတယ် ဆိုပေမယ့် ခေါ်လိုက်တဲ့ ကစားသမားတွေက ဒဏ်ရာရ ကြံခိုင်မှု မပြည့်ဝတာတွေနဲ့ ရင်ဆိုင်နေရသလို ဒီဂီယာနေရာ အစားဝင်လာတဲ့ တန်ဟက်ဂ် တပည့်ကျော် အိုနာနာဆိုရင်လည်း ဖုန်းတစ်ဂိုးရှင်လို့ နာမည်ပြောင် ရနေတဲ့အထိ လက်စွမ်းပိုင်းတွေက မေးခွန်းထုတ်စရာ ဖြစ်နေရပါတယ်။ ဒါတွေတင်မကသေးပဲ ဆန်ချို အန်တိုနီတို့ရဲ့ ကွင်းအပြင် ကိစ္စရပ်တွေ ဖာနန်ဒက်စ် ရပ်ရှ်ဖို့ဒ် ကက်စီမဲရိုးတို့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေဟာလည်း ယူနိုက်တက်အတွက် ဆိုးရွှားတဲ့ သက်ရောက်မှုတွေ ဖြစ်စေရပါတယ်။

champions league group a

Photo Credit : The Analyst

ဒီလို ကွင်းအတွင်း ကွင်းအပြင် ပြသာနာတွေနဲ့ ရလဒ်ပိုင်း ခြေစွမ်းပိုင်း ကျဆင်းမှုတွေ ရင်ဆိုင်နေရချိန်မှာ ယူနိုက်တက်က ဒီကနေ့မှာပဲ ဘိုင်ယန်မြူးနစ်လို ဂျာမန် ဘီလူးကြီးနဲ့ ရင်ဆိုင်ရဦးမှာပါ။ ဟယ်ရီကိန်းလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးကိုပါ ပိုင်ဆိုင်ထားတဲ့ ဘိုင်ယန်က ယူနိုက်တက် ခံစစ်ကို သေချာပေါက် ဒုက္ခပေးနိုင်မှာဖြစ်ပြီး ဆာနေး ဂနာဘရီတို့ရဲ့ တောင်ပံတွေကို ယူနိုက်တက် မနည်း ထိန်းချုပ်ရနိုင်ပါတယ်။ တန်ဟက်ဂ်ရဲ့ မန်ချက်က မြူးနစ်မှာ ရလဒ်ကောင်းရဖို့ ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။

Featured Photo : Clutch Points