ဂျာမန် ဘောလုံးကလပ်အသင်း ယူနီယံ ဘာလင်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကမှ ပလေးအော့နိုင်ပွဲနဲ့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကြီးဆီ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့တဲ့ ကလပ်အသင်းဖြစ်ပြီး သူတို့ရဲ့ ပထမဆုံးသော ဘွန်ဒက်စ်လီဂါ ဖြတ်သန်းမှုဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ အဆင့် (၁၁)နေရာအထိ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ တန်းတက် ကလပ်အသင်း တစ်သင်းအတွက် အားရစရာကောင်းလှတဲ့ ရပ်တည်မှု ဖြစ်ခဲ့ရပါတယ်။
Photo Credit : DAZN
ဘွန်ဒက်စ်လီဂါမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရတဲ့ ဘောလုံးရာသီမှာပဲ အဆင့် (၁၁)အထိ ရယူပြနိုင်ခဲ့တဲ့ ယူနီယံ ဘာလင်အသင်းက နောက်တစ်ရာသီမှာပဲ အဆင့် (၇)နေရာထိပါ ထပ်မံ ရပ်တည်နိုင်ရင်းနဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်အထိပါ ဝင်ရောက် ဆင်နွဲခွင့် ရခဲ့ပါတယ်။ တန်းတက်လာပြီး (၂)ရာသီအတွင်းမှာပဲ ဥရောပ ပြိုင်ပွဲတစ်ခုကို ဆင်နွဲခွင့်ရတယ်ဆိုတာက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။
Photo Credit : Sky Sports
ဒီလိုနဲ့ နောက်ထပ် တစ်ရာသီ ထပ်မံ ဆင်နွှဲခဲ့ပြန်ရာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အဆင့် (၅)နေရာထိပါ တက်လှမ်းသွားခဲ့ပြန်ပါတယ်။ ဒါကြောင့် ယူနီယံတို့ ကွန်းဖရန့်စ်လိဂ်ထက် တစ်ဆင့်မြင့်တဲ့ ယူရိုပါလိဂ်ကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ ယူနီယံ ဘာလင်အသင်းရဲ့ နှစ်အလိုက် အောင်မြင်မှုတွေက ဒါနဲ့တင် ရပ်မသွားသေးပဲ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာဆိုရင်လည်း အမှတ်ပေးဇယားထိပ်နားမှာ ချန်ပီယံဆုကို စိန်ခေါ်သူအဖြစ် ရပ်တည်ခဲ့ရင်း ရာသီအပြီးမှာတော့ အဆင့် (၄)နေရာနဲ့ Top 4 ပါ ဝင်ခဲ့လို့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးပါ ဝင်ခွင့်ရသွားခဲ့ပါတယ်။
Photo Credit : Bundesliga
ဒါကြောင့် ယူနီယံ ဘာလင်ဟာ ဒီနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွဲရတော့မှာဖြစ်ပြီး ဒါဟာ ယူနီယံတို့အတွက် အခမ်းနားဆုံး အောင်မြင်မှုလို့ ဆိုရပါမယ်။ အခုဆိုရင် ယူနီယံဟာ ဂိုဆန် ဗော်လန် အာရွန်ဆန် နဲ့ ဒါထရို ဖိုဖာနာတို့ အပါအဝင် ကစားသမား ဖြည့်တင်းမှုတွေ အသေအချာ လုပ်ဆောင်ထားပြီး အီတလီ ဝါရင့် ခံစစ်မှူး ဘနူချီကိုပါ ခေါ်ယူဖို့အထိပါ ချိန်ရွယ်နေပါသေးတယ်။ ဒါကြောင့် တစ်နှစ်ပြီးတစ်နှစ် တိုးတက်နေတဲ့ ယူနီယံတို့ ဒီရာသီမှာရော ဘယ်လောက်အထိ တိုးတက်လာနိုင်မလဲဆိုတာ…
Featured Photo : Bundesliga