ဘာစီလိုနာ အသင်းက ကစားသမားတွေ ဒဏ်ရာရလိုက်တာနဲ့ ရက်သတ္တပတ်ပေါင်းမျာစွာတို့ လပေါင်းများစွာ အနားယူရလောက်တဲ့အထိ ဆိုးဆိုးရွှားရွှား ဒဏ်ရာမျိုးတွေ ရတက်တာ ထုံးစံလိုတောင် ဖြစ်နေရပါတယ်။ ရာသီအစပိုင်းလောက်က လူငယ်ကစားသမားလေး ဘာနယ်လ် ACL ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရသလို အခုလည်း အသင်းရဲ့ အဓိက ဂိုးသမား တာစတီဂန်ပါ ဆိုးရွှားတဲ့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားပေးရပါဦးမယ်။

ter stegen injury

Photo Credit: Sport1

ACL ဖြစ်ထားတဲ့ ကွင်းလယ်ကစားသမားလေး ဂါဗီ အသင်းနဲ့ group လိုက် လေ့ကျင့်ခန်းမှာ training တွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်တာမို့ ဒါက ဘာစီလိုနာအတွက်တော့ သတင်းကောင်းလို့ ထင်ခဲ့ရပေမယ့်လည်း မရှေးမနှောင်းလောက်မှာပဲ သတင်းဆိုးတစ်ခုက စောင့်ကြိုနေပါတယ်။ မနေ့က ဗီလာရီးယဲလ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ ပထမပိုင်း ပြီးခါနီးလောက်မှာပဲ ဂိုးသမား တာစတီဂန်က ထောင့်ကန်ဘောကို ထွက်ပုတ်ရင်း ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီလို ဒဏ်ရာမရခင်မှာ ပုံစံကောင်းပြနေတဲ့ တာစတီဂန်ဟာ ညာခြေထောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့လို့ အရန်ဂိုးသမား ပီနာနဲ့ပါ လူစားလဲခဲ့ရပါတယ်။

barca ter stegen

Photo Credit: Sport Blid

ဂျာမနီ လက်ရွေးစင် ဂိုးသမားလည်းဖြစ် ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ တာစတီဂန်က ညာဘက်ဒူးအရွတ် ပေါက်ပြဲတဲ့ ဒဏ်ရာကို ခံစားလိုက်ရကြောင်းနဲ့ ခွဲစိတ်မှုလည်း ခံယူသွားရတော့မှာဖြစ်ကြောင်း ဘာစီလိုနာ ဘက်က အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။ ပိုဆိုးတာက တာစတီဂန် ၂၀၂၁ခုနှစ်တုန်းကလည်း ညာဘက် ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူထားခဲ့သေးတာမို့ ဒါဟာ တာစတီဂန်အတွက်ရော ဘာစီလိုနာအတွက်ပါ ရင်လေးစရာ ဖြစ်နိုင်ပြီး (၈)လလောက်အထိတောင် အနားယူသွားရနိုင်တယ်လို့လည်း သတင်းထွက်နေပါတယ်။

claudio bravo

Photo Credit: MyKhel

ဒီလို အခြေအနေမှာ ဘာစီလိုနာအတွက် ဂိုးသမားဆိုလို့ ပီနာနဲ့ ဂိုးသမားလေး အာစတာလာဂါတို့သာ ရှိလို့နေပြီး ရာသီတစ်ခုလုံး ဒိဂိုးသမား (၂)ဦးလုံးနဲ့ ဆက်သွားလို့က မဖြစ်ဘဲ အခုလို အပြောင်းအရွှေ့ဈေးကွက် ပိတ်ထားချိန်မှာ ခေါ်ယူလို့ ရနိုင်မယ့် free agents ဂိုးသမားတွေထဲက ရွေးချယ်ရဖွယ် ရှိနေပါတယ်။ လက်ရှိ free agents တွေထဲမှာ ရီးယဲလ် ပီအက်စ်ဂျီ ဂိုးသမားဟောင်း ကေလာ နာဗက်စ်လောက်ပဲ ကောင်းကောင်းကန်းကန်း ရှိနေပြီးတော့ မကြာသေးခင်ကမှ ကစားသမားဘဝက အနားယူထားတဲ့ ဘာစီလိုနာ ဂိုးသမားဟောင်း ကလော်ဒီယို ဘရာဗိုက ဘာစီလိုနာကသာ သူ့ကို အလိုရှိမယ်ဆိုရင် retired ကနေ ပြန်လာပြီး အသင်းနဲ့ ချက်ချင်း ပူးပေါင်းမယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။

Featured Photo: Goal