တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့ ကွီး တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်အရာတွေက ကူညီထောက်ပံ့ပေးနိုင်သလဲဆိုတာကို သင် သိပါသလား။

သင်သည် တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့ ကွီး တစ်ယောက်ဖြစ်ဖို့ဆိုရင် ကျရှုံးနေမှာကိုလည်း ကြောက်ရွံ့နေလို့မရပါဘူး။ မေးခွန်းတွေ များများမေးရမယ်။ များများတွေးခေါ်စဉ်းစားပေးဖို့လိုအပ်ပြီး ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ စကားသံတွေကိုလည်း နားထောင်ပေးဖို့လိုအပ်ပါတယ်။

စိန်ခေါ်မှုများ၊ အသစ်သောအရာများကိုလည်း ကြောက်ရွံ့နေလို့မရဘဲ ကိုယ့်ရဲ့ Comfort Zone ထဲကနေလည်း ရုန်းထွက်ဖို့လိုအပ်ပါတယ်။ ထိုအရာတွေက သင့်ကို တီထွင် ဖန်တီးနိုင်စွမ်းမရှိတဲ့ ကွီး တစ်ယောက်ဖြစ်အောင် တားဆီးပိတ်ပင်နေတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ထိုအချက်တွေရဲ့ ဆန့်ကျင်ဘက်အရာတွေကို လုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့ ဖန်တီးကြံဆနိုင်စွမ်း စိတ်ကူးစိတ်သန်းကောင်းခြင်းတို့ကို များပြားလာအောင် ပြုလုပ်နိုင်ပါတယ်။

သင့်ရဲ့ နေ့စဉ်တစ်နေ့တာကို ပြောင်းလဲလိုက်ပါ

တီထွင် ကွီး

မနက် အိပ်ရာထ၊ ရုံးတက်၊ ရုံးမှာ အလုပ်လုပ်၊ ညနေ ရုံးဆင်း စသဖြင့် နေ့စဉ်ပြုလုပ်ရတဲ့ တစ်နေ့တာလုပ်ငန်းစဉ်ဆိုတာ ရှိပါတယ်။ သင့်အနေနဲ့ တစ်ရက်လာလည်း ဒီလိုမျိုးပဲ၊ နောက်တစ်ရက်လည်း ဒီပုံစံအတိုင်းပဲဆိုရင် အချိန်ကြာလာတဲ့အခါ ငြီးငွေ့လာမှာ အမှန်ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ နေ့စဉ်တစ်နေ့တာကို မတူညီအောင် ဖန်တီးသင့်ပါတယ်။ နေ့တစ်နေ့တာသည် စိတ်ဝင်စားဖို့ကောင်းနေမှသာလျှင် ပျော်ရွှင်ဖွယ်ကောင်းပြီး စိတ်ကူးစိတ်သန်းတွေလည်း ပိုမိုထွက်ရှိလာမှာဖြစ်ပါတယ်။

အရာရာကို စာရင်းဇယားပြုစုထားပါ

တီထွင် ကွီး

Photo: Unsplash

တစ်နေ့တာ လုပ်ရမယ့်အရာများကို စာရင်းဆွဲထားခြင်း၊ အစီအစဉ် ရေးဆွဲထားခြင်းတို့ကို ပြုလုပ်သင့်ပြီး ပတ်ဝန်းကျင် သဘာဝအလှက လှပတယ်လို့ ယူဆတဲ့အခါမှာလည်း ဓာတ်ပုံတစ်ပုံလောက် ခပ်မြန်မြန်လေး ရိုက်တတ်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး အရာအားလုံးကို ရိုက်ကူးထားတဲ့အခါ တစ်ချိန်ချိန်မှာ ကိုယ့်အတွက် အသုံးလိုလာတဲ့အခါမှာ ပြန်လည်အသုံးချလို့ရလာပါလိမ့်မယ်။

ဗဟုသုတကြွယ်ဝအောင် ပြုလုပ်ပါ

တီထွင် ကွီး

တီထွင် ဖန်တီးနိုင်စွမ်း ကောင်းပြီး စိတ်ကူးစိတ်သန်း ကောင်းချင်တဲ့ ကွီး တို့အနေနဲ့ စာဖတ်ပျင်းလို့မရပါဘူး။ စာများများ ဖတ်မှသာလျှင် အသိပညာ ဗဟုသုတများ တိုးပွားလာမှာဖြစ်ပြီး ကိုယ်အလိုရှိတဲ့အရာအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကိုယ် သိထားတဲ့အရာကိုလည်း အချိန်အကြာကြီး ခေါင်းထဲစွဲနေအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် တစ်ခါအသုံးလိုလာတဲ့အခါ ထိုအချက်အလက် မှန် မမှန် ပြန်ရှာဖွေရတာနဲ့ သင့်ရဲ့အချိန်တွေ အလဟဿကုန်ဆုံးသွားပါလိမ့်မယ်။

အလုပ်လုပ်တဲ့အခါ ဘယ်အချိန်ပြီးရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းချပါ

တီထွင် ကွီး

ကျနော်တို့သည် ဘယ်အလုပ်ပဲ လုပ်လုပ် ထိုအလုပ်က Deadline မပေးထားရင်တောင် ကိုယ့်ဘာသာကိုယ် Deadline ပြန်သတ်မှတ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ Deadline မပေးထားတဲ့အခါ အချိန်ဆွဲထားရင် ဆွဲရင်းနဲ့ အချိန်ရှိပါသေးတယ်လေဆိုပြီး အလုပ်လုပ်ချင်စိတ်လည်း ကုန်ခမ်းသွားတတ်နိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတစ်ခု သတ်မှတ်ထားဖို့လိုအပ်ပါလိမ့်မယ်။

အလုပ်လုပ်နေရင်းနဲ့ ဗိုက်ဆာတယ်လို့ ခံစားလာရတဲ့အခါ ဒီအလုပ်တစ်ခု မြန်မြန်အပြီးသတ်မှ သွားစားမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စည်းကမ်းပြန်ကြပ်မတ်လိုက်တဲ့အခါ ဗိုက်ဆာတဲ့စိတ်နဲ့ အလုပ်မြန်မြန်လုပ်လိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ အလုပ်လည်း မြန်မြန်ဆန်ဆန် ပြီးမြောက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ့်ဆီရောက်လာတဲ့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့

တီထွင် ကွီး

အခွင့်အရေးများသည် သင့်ကို အောင်မြင်လာအောင် ဖန်တီးပေးတာဖြစ်ပါတယ်။ ကိုယ့်ဆီ ရောက်လာတဲ့အခွင့်အရေးကို ကြောက်တဲ့စိတ်နဲ့ ငြင်းပယ်မနေနဲ့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကြိုးစားပေးလိုက်ပါ။ ဒီလို ကြိုးစားခြင်းအားဖြင့် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုသည်လည်း အရာထင်လာမှာဖြစ်ပြီး သင့်ကို စိတ်ကူးစိတ်သန်းတွေ ပိုကောင်းလာအောင်၊ အောင်မြင်မှုနဲ့ မြန်မြန်နီးစပ်လာအောင် ကူညီပေးနိုင်ပါတယ်။

အကောင်းမြင်စိတ်ရှိပါစေ

tips for kwee to be creative

အဆိုးမြင်စိတ်နဲ့ ပြည့်နှက်နေသရွေ့တော့ သင့်အတွက် တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ သင့်အတွက် အကောင်းမြင်စိတ်များများ မွေးမြူလေ ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအတွက် အကျိုးရှိလေပါပဲ။ ကြုံလာသမျှ ကိစ္စတိုင်းကို အဆိုးမြင်စိတ်နဲ့ ကြည့်ရှုမနေဘဲ မတူညီတဲ့ ရှုထောင့်ကနေ အကောင်းမြင်စိတ်နဲ့ ကြည့်ရှုပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်အတွက် တီထွင်ကြံဆနိုင်စွမ်းတွေသည်လည်း အလုံးအရင်းလိုက် ဝင်လာမှာဖြစ်ပါတယ်။

ဖန်တီးနိုင်စွမ်းအားကောင်းသူများနှင့် အချိန်ကုန်ဆုံးပါ

tips for kwee to be creative

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုတဲ့စကားကို ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ ထိုစကားအတိုင်းပဲ သင်သည်လည်း ဖန်တီးနိုင်စွမ်းကောင်းပြီး စိတ်ကူးစိတ်သန်းများ ကောင်းမွန်တဲ့ လူတွေနဲ့ အချိန်များများ ကုန်ဆုံးကြည့်လိုက်ပါ။ သူတို့ ဘာအတွက်ကြောင့် စိတ်ကူးစိတ်သန်းကောင်းနေရသလဲဆိုတာကို လေ့လာပါ။ သူတို့ ပြုမူတဲ့အတိုင်း လိုက်လံပြုမူခြင်းအားဖြင့် သင်ကိုယ်တိုင်သည်လည်း တဖြည်းဖြည်းနဲ့ တီထွင်ကြံဆနိုင်စွမ်းကောင်းတဲ့ လူသားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချပါ

tips for kwee to be creative

စိတ်ဖိစီးစရာများသည် သင့်ရဲ့ဦးနှောက်ကို စဉ်းစားနိုင်စွမ်းကျဆင်းအောင် ပြုလုပ်နေတာဖြစ်ပါတယ်။ သင့်ဦးနှောက်နဲ့ စိတ်က ပင်ပန်းနွမ်းနယ်နေတဲ့အခါ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ တီထွင်ဖန်တီးနိုင်စွမ်းတွေသည် တဖြည်းဖြည်း အဝေးသို့ လွှင့်စင်သွားမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး စိတ်ဖိစီးမှုများကို လျော့ချဖို့အတွက်ဆိုရင် သင်ကို စိတ်ဖိစီးစေတဲ့ တရားခံကို ရှာဖွေကို ထိုတရားခံကို ရှာတွေ့တဲ့အခါ မြန်မြန်ဖယ်ရှားပစ်ပြီး သင့်ရဲ့ စိတ်ဖိစီးစရာများကို လျော့ချဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊ အိပ်ရေး ဝဝ အိပ်စက်အနားယူခြင်း၊ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာများ စားသုံးခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ကျန်းမာသန်စွမ်းလာအောင် ပြုလုပ်ကာ စိတ်ဖိစီးစရာများကိုလည်း ဖယ်ရှားပစ်လိုက်ပါ။

ဒီအချက်များကို ကျင့်သုံးပြီး ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကို မြင့်တင်ပေးလိုက်ပါ။

Source: Penguin

Featured Image: Welcomeinsight