လုပ်ငန်းအတွေ့အကြုံ မရှိသေးတဲ့ ဘွဲ့ရလူငယ်တွေအတွက်ရော လုပ်ငန်းခွင့်အတွေ့အကြုံများနေပြီဖြစ်တဲ့ ဝါရင့်တွေအတွက်ပါ အသုံးဝင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကောင်းများသည် ကိုယ့်ရဲ့ လုပ်ငန်းခွင် မှာ အောင်မြင် ပြီး ပျော်ရွှင် ရအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

မိမိရဲ့ လုပ်ငန်းခွင် မှာ ကျရာတာဝန်ကို ဆောင်ရွက်ရင်း အောင်မြင်မှုကို ဆွတ်ခူးကာ တစ်ချိန်တည်းမှာပဲ ပျော်ရွှင် ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကောင်းများကို သိထားဖို့လိုပါလိမ့်မယ်။

မိမိကိုယ်ကို သုံးသပ်ပါ

လုပ်ငန်းခွင် အောင်မြင် ပျော်ရွှင်

တစ်ခါတစ်ရံမှာ ကျွန်တော်တို့သည် ကိုယ့်ရဲ့ အားနည်းချက်၊ အမှားများကို မမြင်တတ်ကြပါဘူး။ အခြားသူက လာထောက်ပြတဲ့အချိန်မှာလည်း အသည်းတဆတ်ဆတ်ခါအောင် နာတတ်ကြပါတယ်။ ဒါဆိုရင် သူများ မထောက်ပြခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။

ဒီနေ့တစ်နေ့တာလုံးမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်က ဘယ်လောက်ရှိသလဲ။ မနေ့ကနဲ့ယှဉ်ရင် အားရဖို့ကောင်းသလား။ (သို့) မနေ့ကထက် ကိုယ်သည် အနည်းငယ် ညံ့သွားသလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ။ ဒါမှ ကိုယ့်ရဲ့ လိုအပ်ချက်များ၊ အားနည်းချက်များကို ကိုယ်ကိုယ်တိုင် သိမြင်ကာ တိုးတက်လာအောင် ကြိုးစားနိုင်မှာပါ။

ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပါစေ

လုပ်ငန်းခွင် အောင်မြင် ပျော်ရွှင်

အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့ဆိုတာ ထိုအဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းတွေရဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ စည်းလုံးမှုသည် အဓိကအကျဆုံးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်ရှိနေမှ အလုပ်လုပ်ရတာလည်း ပျော်ရွှင်ဖို့ကောင်းပြီး အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဟိုလူနဲ့လည်း မပေါင်းချင်။ ဒီလူနဲ့လည်း မဆက်ဆံချင်လို့ မရပါဘူး။ အကုန်လုံးရဲ့ ရည်ရွယ်ချက်က အတူတူပဲမို့ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ဆောင်မှသာလျှင် အောင်မြင်နိုင်မှာပါ။

လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းပါ

လုပ်ငန်းခွင် အောင်မြင် ပျော်ရွှင်

ကိုယ်သာ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်သာ ဆိုရင် ဆိုတဲ့စိတ် မွေးကြည့်လိုက်ပါ။ သင်သာ သူဌေးဆိုရင် ကိုယ့်လုပ်ငန်းကို ဘယ်လိုချဲ့ထွင်မလဲ။ နောက်ထပ် ဘာတွေ လုပ်ဆောင်မလဲဆိုတာကို နေ့တိုင်းတွေးနေရမှာဖြစ်ပါတယ်။ ဒီလိုအကွက်မြင်တဲ့အခါ သင်သည် လုပ်ငန်းခွင် မှာ အောင်မြင် ပျော်ရွှင် ရမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရာထူးတိုးလာပါလိမ့်မယ်။

အလုပ်ဖြင့် သက်သေပြပါ

လုပ်ငန်းခွင် အောင်မြင် ပျော်ရွှင်

လေကြီးရုံသပ်သပ် အလုပ်ဖြင့် သက်သေမပြနိုင်တဲ့သူတွေကို ဘယ်အထက်လူကြီးမှ မကြိုက်နှစ်သက်ကြပါဘူး။ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကို တစ်ချိန်လုံးကြွားလုံးထုတ်နေမယ့်အစား အလုပ်ဖြင့်သာ သက်သေပြပါ။

မိမိသည် ယုံကြည်ရကြောင်း ပြသပါ

how to be successful and happy at workplace

စောစောက အချက်နှစ်ချက်ဖြစ်တဲ့ လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းတတ်ခြင်းနှင့် အလုပ်ဖြင့် သက်သေပြတတ်ခြင်း ဆိုတဲ့ အချက်နှစ်ချက်ကို ပိုင်ဆိုင်ထားခြင်းအားဖြင့် သင်သည် ယုံကြည်အားကိုးရတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြသနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင်သည် ထိုအလုပ်မှာ မရှိမဖြစ် အရေးပါ အရာရောက်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

အလုပ်အပေါ် ချစ်မြတ်နိုးစိတ်ရှိပါစေ

how to be successful and happy at workplace

ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ မိမိလုပ်ရတဲ့ အလုပ်ကို ချစ်မြတ်နိုးမှသာလျှင် လုပ်ငန်းခွင် မှာ အောင်မြင် ပျော်ရွှင် ရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် အလုပ်တွေ လုပ်နေရတာ စိတ်ဖိစီးလာပြီး စိတ်ညစ်လာပါလိမ့်မယ်။ အချိန်ကြာလာတဲ့အခါ အလုပ်လုပ်ရတာ မပျော်မရွှင်နဲ့ အလုပ်လုပ်ချင်စိတ်များ ပျောက်ဆုံးပြီး ဘဝကြီးက အဓိပ္ပာယ်မဲ့သလို ခံစားရပါလိမ့်မယ်။

သင်ရော ယခုလုပ်နေရတဲ့ အလုပ်အပေါ် အမှန်တကယ် ဝါသနာပါပြီး ချစ်မြတ်နိုးစိတ်ရှိရဲ့လား။

Source: Topresume

Featured Image: Vecteezy