ကွီးတို့ရေ တစ်နေ့တာတွင် နာရီများစွာရှိပေမဲ့ ဒီနာရီတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ ကွီးအနေနဲ့ အလုပ်စွမ်းအားတိုးဖို့ တနည်းပြောရရင် အလုပ်မှရရှိတဲ့ အကျိုးအမြတ် များဖို့အတွက် နည်းလမ်း(၂) ခုရှိပါတယ်။ တစ်ခုက အလုပ်ကို အချိန်များများယူပြီးလုပ်တာနဲ့ နောက်တစ်ခုက အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဖို့ပါဘဲ။ လုပ်ငန်းခွင်မှာ ပိုအကျိုးရှိဖို့က အမြန်ပြီးအောင်လုပ်ဖို့ မဟုတ်ပေမဲ့ ကွီးရဲ့အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကို ပိုပြီးတော့ ချင့်ချိန်ဖို့ လိုအပ်ပါတယ်။ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဖို့ တနည်းအားဖြင့် လုပ်ငန်းခွင် အတွင်း ကွီးတို့ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်မဲ့ နည်းလမ်းများကို ဝေမျှပေးချင်ပါတယ်။

(၁) အလုပ်ခွင်မှာ ကွီး အချိန်ဘယ်လောက်သုံးပြီးဆိုတာ စီစစ်ပါ ၊ ကန့်သတ်ပါ

တီထွင် ဖန်တီးနိုင်စွမ်းကို

Photo : Eko Consulting GmbH

လုပ်ငန်းခွင်အတွင်း ကွီးတို့ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ပထမဆုံးအနေနဲ့ ကွီးတို့ရဲ့ အချိန်ကို စီစစ်ပြီး စနစ်တကျလုပ်ဖို့ပဲဖြစ်ပါတယ်။ ကွီးအနေနဲ့ အလုပ်မှာ အသုံးပြုလိုက်တဲ့ အချိန်ကို တိုင်းတာစီစစ်ရာမှာ အလွန်တော်တယ်လို့ ထင်ကောင်းထင်နေလိမ့်မယ်။ သုတေသနပြုချက်များအရ လူ(၁၀၀) မှာ (၁၇) ယောက်လောက်ကသာ အချိန်ကုန်သွားခြင်းကို တိကျစွာ ခန့်မှန်းနိုင်တယ်ဟု ဆိုထားပါတယ်။ Rescue Time ကဲ့သို့သော ကိရိယာတစ်ခုက ဆိုရှယ်မီဒီယာ၊ အီးမေးလ် အပါအဝင် အလုပ်ကိစ္စတွေအတွက် အချိန် ဘယ်လောက် ကုန်သွားတယ်ဆိုတာ အတိအကျ တိုင်းတာ နိုင်ဖို့ ကူညီနိုင်ပါတယ်။ ဒါက ကွီးအနေနဲ့ အလုပ်အတွက် အချိန်ဘယ်လောက် သုံးပြီးလဲ၊ တကယ်ရော အလုပ်အကျိုးအမြတ်နဲ့ ညီရဲ့လားဆိုတာ စီစစ်နိုင်ပါတယ်။

(၂) ပုံမှန် အလုပ်ခဏရပ်၍ အနားယူပါ

တီထွင် ဖန်တီးနိင်စွမ်းကို

Photo : Entrepreneure

ကွီးအနေနဲ့ အလုပ်ခဏရပ်ပြီး အနားယူလိုက်မယ်ဆိုရင် ဆန့်ကျင်ဘက်လုပ်ရပ်လို့ ထင်ရပေမဲ့ အချိန်ဇယားဆွဲပြီး အားလပ်ချိန်ကို ရယူခြင်းက အလုပ်အပေါ်အာရုံစူးစိုက်မှု ပိုကောင်းလာစေနိုင် ပါတယ်။ ရှည်လျားတဲ့ အလုပ်မှာ ခဏတာအနားယူခြင်းက ကွီးကို စဉ်ဆက်မပြတ် စွမ်းဆောင်နိုင်စွမ်းကို ထိန်းသိမ်းထားဖို့ အထောက်အကူဖြစ်စေတယ်လို့ သုတေသနအချို့က ဖော်ပြပါတယ်။ အလုပ်တစ်ခုကို အနားယူခြင်းမရှိဘဲ အချိန်အကြာကြီးလုပ်မယ်ဆိုရင် နွမ်းနယ်မှုကနေတဆင့် စွမ်းဆောင်ရည် နဲ့ တီထွင်ဖန်တီးနိင်စွမ်းကို တဖြည်းဖြည်း ကျဆင်းစေပါတယ်။

(၃) အလုပ်နဲ့ ပတ်သက်တဲ့ Deadline ကို ကိုယ်တိုင် သတ်မှတ်ပါ

တီထွင် ဖန်တီးနိင်စွမ်းကို

Photo : Inc.Magazine

ပုံမှန်အားဖြင့် စိတ်ဖိစီးမှုကို မကောင်းသောအရာလို့ ကွီးအနေနဲ့ ထင်နိုင်ပါတယ်။ ဒါပေမဲ့ ကွီးအနေနဲ့ ပန်းတိုင်တစ်ခုသတ်မှတ်ပြီး လုပ်မယ်ဆိုရင် စိတ်ဖိစီးမှု ရှိနိုင်ပေမဲ့ အာရုံစူးစိုက်မှုပေးတာ၊ ပန်းတိုင်ရောက်သွားတာ စတဲ့ကိစ္စတွေမှာတော့ ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ စိတ်ဖိစီးမှုအဆင့်က အလုပ် ပြီးမြောက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ကွီးတာဝန်ယူရမဲ့ အလုပ်တွေအတွက် ကွီးကိုယ်တိုင် နောက်ဆုံးရက်ကို သတ်မှတ်လိုက်ပါ။ ပြီးရင် လိုက်နာဆောင်ရွက်လိုက်ပါ။ အာရုံစိုက်ပြီး လုပ်လိုက်တဲ့ နောက်ပိုင်းမှာ အကျိုးဖြစ်ထွန်းမှုကို အံ့သြသွားပါလိမ့်မယ်။

(၄) Multitasking အလုပ်အများကြီး လုပ်တာကို ရပ်လိုက်ပါ

productivity

Photo : Computerworld

ကွီးအနေနဲ့ အလုပ်အများကြီးကို တပြိုင်နက် လုပ်နိုင်ခြင်းက အကျိုးဖြစ်နိုင်စွမ်းများတဲ့ ကျွမ်းကျင်မှုလို့ ထင်တတ်ပါတယ်။ တကယ်တော့ ဒီအချက်က မမှန်ဘူးလို့ ပြောကြပါတယ်။ စိတ်ပညာရှင်တွေက အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် ကြိုးစားခြင်းဟာ အချိန်နှင့် တီထွင် ဖန်တီးနိင်စွမ်းကို ဆုံးရှုံးစေနိုင်ကြောင်း တွေ့ရှိတယ်လို့ ဆိုထားပါတယ်။ ဥပမာ ကော်ဖီသောက်ရင်း အချက်အလက်တွေကို စီစစ်ရင်း အထက်အရာရှိကို အစီရင်ခံစာ မေးလ်ပို့တာကို တပြိုင်နက် လုပ်တာမျိုးက အလုပ်အပေါ်ရာနှုန်းပြည့်အာရုံ မစိုက်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကွီးအနေနဲ့ အလုပ်တစ်ခုကို ပြီးအောင် အာရုံစိုက်လုပ်ပြီးမှ နောက်တစ်ခုကို ဆက်လုပ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါ။

(၅) အီးမေးလ် စတဲ့ အသိပေးချက်များကို ထိန်းချုပ်ပါ

productivity

Photo : Inc.Magazine

ကွီးတို့အနေနဲ့ အီးမေးလ်၊ အသံမေးလ် သို့မဟုတ် စာသားသတိပေးချက်တွေရဲ့ ဆွဲဆောင်မှုကို လျစ်လျူရှုဖို့ ခက်ခဲကြပါတယ်။ အီးမေးလ်တိုင်းကို ချက်ခြင်းတုံ့ပြန်ဖို့က ကွီးလက်ထဲမှာရှိတဲ့ အလုပ် ကနေ ကွီးကို အာရုံပြောင်းသွားစေမှာပါ။ ဒါက ကွီးရဲ့အလုပ်စွမ်းအားကို အထောက်အကူ မပြုပါဘူး။ ကွီးရဲ့အလုပ်ချိန်အတွင်း အီးမေးလ် အသံမေးလ် စတဲ့အကြောင်းကြားချက်တွေအတွက် လိုအပ်သည့် အချိန်များကို တစ်နေ့တာလုံး ဘေးဖယ်ထားဖို့ သတ်သတ်မှတ်မှတ် လုပ်နိုင်ဖို့ ကြိုးစားပါ။

(၆) နှစ်မိနစ် စည်းမျဉ်းကို လိုက်နာပါ

productivity

Photo : YouTube

စွန့်ဦးတည်ထွင်သူ Steve Olenski က အကြံပေးထားတာ ရှိပါတယ်။ တကယ်လို့ အလုပ်တစ်ခုကို (၂) မိနစ်နဲ့ ပြီးမယ်လို့ထင်ရင် ကွီးအနေနဲ့ ချက်ချင်းထ လုပ်လိုက်ပါ။ ဒီအလုပ်ကိုဘဲ နောက်ကျမှ လုပ်မယ်ဆိုရင် ကွီးအတွက် အချိန်ပိုကြာမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို ချက်ချင်းအကောင်အထည်ဖော်လုပ်ဆောင်ခြင်းက တီထွင် ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်မဲ့ နည်းလမ်း ဖြစ်ပါတယ်။

အလုပ်တွေ အများကြီးလုပ်နေရပြီး အကျိုးမများဘူးဆိုတဲ့ ခံစားချက်ကို တစ်နေ့တာလုံး လူတော်တော်များများက ခံစားရတတ်ပါတယ်။ အခုတင်ပြထားတဲ့ လုပ်ငန်းခွင်အတွင်း ကွီးတို့ရဲ့ တီထွင် ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်မဲ့ နည်းလမ်းများ သို့မဟုတ် အကြံပြုချက်များကို လိုက်နာကြည့်ခြင်းက အဲဒီခံစားချက်ကို ဖယ်ရှားပြီး ဖန်တီးနိင်စွမ်း ဆိုတဲ့လမ်းကြောင်းပေါ် ရောက်ဖို့ ကူညီပေးပါလိမ့်မယ်။

Source : Inc.Magazine

Featured Photo : Flex Job