ပေါ့ပေါ့ပါးပါး စတိုင်လ်တွေ ၊ Street ဖက်ရှင်တွေ ရေပန်းစားလာတဲ့ အမျှ ဝတ်စားဆင်ယင်မှုတွေကလည်း တစ်နေ့တစ်ခြား ပြောင်းလဲလာပါတယ်။ အခုအခါ ပေါ့ပေါ့ပါးပါး ဝတ်ဆင်တဲ့ Street စတိုင်လ် ဖက်ရှင်တွေက ပင်မဖက်ရှင် ရေစီးကြောင်း တစ်ခု ဖြစ်လာပါတယ်။ Street စတိုင်လ် ဖက်ရှင်တွေအကြောင်း ပြောတဲ့အခါမှာ တီရှပ်အင်္ကျီ အပွတွေကလည်း မပါမဖြစ်ပါပဲ။ ‌နောက်ပိုင်းမှာ ခန္ဓာကိုယ်ထက် အနည်းငယ်ကြီးတဲ့ အဝတ်အစားပုံစံကို သက်တောင့်သက်သာနဲ့ ပိုပြီးလိုက်လျောညီထွေဖြစ်အောင် ဖက်ရှင်ကျကျ ဝတ်ဆင်လာကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့လို လူငယ်တွေအတွက် တီရှပ်အပွ တွေကို ဖက်ရှင် ကျအောင် ဝတ်ဆင်တတ်စေဖို့ အိုင်ဒီယာလေးတွေကို ပြောပြပေးပါမယ်။

(၁) တီရှပ်အပွနဲ့ ဂျင်း

တီရှပ်အပွ ဖက်ရှင်

Photo : Pinterest

တီရှပ်အပွ တွေကို ဖက်ရှင် ကျအောင် ဝတ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းကတော့ ကွီးတို့မှာ ရှိတဲ့ ဂျင်းဘောင်းဘီ တစ်ထည်ထည်နဲ့ တွဲဖက် ဝတ်ဆင်လိုက်ပါ။ ဘယ်လောက်ကြီးတဲ့ တီရှပ်ပဲ ဖြစ်ပါစေ ၊ ကွီးတို့ကို ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျစေပြီး လွတ်လပ်ပေါ့ပါးတဲ့ Day Time Looks ကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။ ပြောင် တီရှပ်အပွနဲ့ ဂျင်းဘောင်းဘီ ရောင်စုံကို တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။

(၂) တီရှပ်အပွနဲ့ Chino ဘောင်းဘီ

တီရှပ်အပွ ဖက်ရှင်

Photo : Flex Your Idea

တီရှပ်အပွတွေကို ပိုပြီးစတိုင်လ်ကျအောင် Chino ဘောင်းဘီတွေနဲ့လည်း တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ကွီးတို့ကို သက်တောင့်သက်သာ ဖြစ်စေတဲ့ အပြင် တီရှပ်ကို မြှပ်ပြီး ဝတ်ဆင်ခြင်းက သပ်ရပ်တဲ့ အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဘော်ဒါတွေနဲ့ ပေါ့ပေါ့ပါးပါး Hangout လုပ်မယ်ဆိုရင်လည်း အဆင်ပြေပြီး ပေါ့ပါးတဲ့ စတိုင်လ်ပါပဲ။

(၃) တီရှပ်အပွနဲ့ ရှပ်အင်္ကျီ

တီရှပ်အပွ ဖက်ရှင်

Photo : Mr Koachman

ကွီးတို့ရေ တီရှပ်အပွကို တစ်ထပ်တည်း မဝတ်ချင်ရင် အပေါ်ကနေ အစင်းဒီဇိုင်း သို့မဟုတ် အကွက်ဒီဇိုင်းများပါတဲ့ ရှပ်အင်္ကျီကို ထပ်ဝတ်ကြည့်ပါ။ ဒါကတော့ တကယ်ကို ခေတ်စားတဲ့ ပုံစံဖြစ်ပြီး ဝတ်ဆင်လိုက်တိုင်းမှာ ကွီးတို့ကို ဖက်ရှင်ကျစေမှာပါ။

(၄) တီရှပ်အပွနဲ့ ဂျင်းဂျက်ကတ်

oversized tshirt

Photo : Next Luxury

တီရှပ်အပွ တွေကို ရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်တာ အပြင် နောက်တစ်နည်း အနေနဲ့ အပေါ်က ဂျင်းဂျက်ကတ် များနဲ့ ဖက်ရှင် ကျကျ တွဲဖက်ဝတ်ဆင်လို့လည်း ရပါတယ်။ ဒီလို ဂျင်းဂျက်ကတ် နဲ့တွဲဖက် ဝတ်ဆင်ခြင်းက ကွီးတို့ကို မိမိုက်တဲ့ စတိုင်လ်ကို ပေးစွမ်းနိုင်မှာပါ။ ဒီလိုမျိုး တီရှပ်အပွကို ဂျင်းဂျက်ကတ်နဲ့ တွဲဖက်ပြီး မဝတ်ဆင်ဖူးသေးရင် တစ်ခါလောက်တော့ စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၅) တီရှပ်အပွနဲ့ ဘောင်းဘီတို

oversized shirts

Photo : Pinterest

အမျိုးသားတွေအတွက် ဘောင်းဘီတိုနဲ့ အနည်းငယ် အရွယ်အစားကြီးတဲ့ တီရှပ်အပွတွေကို ၀တ်ဆင်တာက အထူးသဖြင့် ပေါ့ပေါ့ပါးပါး အပြင်ထွက်တဲ့အခါမျိုးမှာ ပြီးပြည့်စုံတဲ့ ပေါ့ပါးလွတ်လပ်မှု စတိုင်လ်ပါပဲ။ ဘောင်းဘီတိုတွေက တစ်ခါတစ်လေကျ အပြင်ထွက်ရာမှာ ရွေးချယ်ဖို့ တွေဝေစေသော်လည်း လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်လိုက်ရင် အမှန်တကယ်ပင် ဖက်ရှင်စတိုင်လ် တစ်ခုကို ပေးစွမ်းနိုင်တာ တွေ့ရမှာပါ။

Source : Mr. Koachman

Featured Photo : Pinterest