အလေးတုံးတွေ မ,ခြင်းကပဲ ခန္ဓာကိုယ် ကျစ်လစ်ကြံ့ခိုင်လာဖို့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ပါဘူး။ Dumbbells တွေ ၊ စက်တွေ ၊ အားကစားကိရိယာတွေ ဘာတစ်ခုမှမပါပဲ Bodyweight လေ့ကျင့်ခန်းတွေ ကစားရုံနဲ့လည်း ကျစ်လစ်တောင့်တင်းတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ဘီးကျဲတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ ခန္ဓာကိုယ် ဘော်ဒီတစ်ခုလုံး ထိရောက်မှုရှိစေတဲ့ Bodyweight လေ့ကျင့်ခန်း အချို့ကို မျှဝေပေးချင်ပါတယ်။
(၁) Press-Up
Photo : Men’s Fitness
Bodyweight လေ့ကျင့်ခန်းတွေမှာ အရိုးရှင်းဆုံးနဲ့ မပါမဖြစ်ဆုံး လေ့ကျင့်ခန်းကတော့ ဒိုက်ထိုး လေ့ကျင့်ခန်းလို့ သိထားတဲ့ Press-Up ပါပဲ။ Press-Up လေ့ကျင့်ခန်းဟာ အချိန်နေရာမရွေး လူတိုင်း လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပြီး ဝမ်းဗိုက် ၊ ရင်ဘတ် နဲ့ ပခုံး ကြွက်သားတွေကို ကျစ်လစ်သန်မာ စေမှာဖြစ်ပါတယ်။
(၂) Explosive Press-Up
Photo : Men’s Fitness
နောက်ထပ်လေ့ကျင့်ခန်း တစ်ခုက Explosive Press-Up လို့ခေါ်ပါတယ်။ ဒိုက်ထိုးနည်းကိုမှ မတူညီတဲ့ စတိုင်တစ်ခုနဲ့ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းပါ။ တံတောင်ဆစ်ကွေးပြီး ကြမ်းပြင်ပေါ် နှိမ့်ချပြီးပြန်အကြွမှာ ခန္ဓာကိုယ်ကို မြေပြင်နဲ့ လွတ်သည်အထိ အားနဲ့ တွန်းတင်ပေးရမှာ ဖြစ်ပတါယ်။ ဒီလေ့ကျင့်ခန်းက Power သုံးပြီး ကစားရတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်တာနဲ့အညီ ကြံ့ခိုင်မှုနဲ့ ကျစ်လစ်သန်မာမှုတွေ တိုးစေဖို့ အများကြီး အထောက်အကူ ပြုပါတယ်။
(၃) Air Squat
Photo : Men’s Fitness
Squat လေ့ကျင့်ခန်းက အောက်ပိုင်းကြွက်သားအပြင် ဝမ်းဗိုက် Muscle တွေကိုပါ ကြံ့ခိုင်သန်မာစေဖို့ အထောက်အကူ ပြုပါတယ်။ Air Squat လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ အဓိအားဖြင့် ဒူးကို နက်နဲစွာ ကွေးညွှတ်ပြီး Squat ထိုင် ကစားပေးရမှာပါ။ ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ရဲ့ Mobility ကိုကောင်းမွန်စေပြီး ကိုယ်နေဟန်ထား ညီမျှမှန်ကန်စေဖို့လည်း အများကြီး အထောက်အကူ ပြုပါလိမ့်မယ်။
(၄) Lunge
Photo : Men’s Fitness
Lunge လေ့ကျင့်ခန်းဟာ အောက်ပိုင်းဘော်ဒီကြွက်သားတွေကို သန်မာလာစေပြီး ခြေထောက်တွေရဲ့လှုပ်ရှားမှုတွေကိုလည်း အားဖြည့်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းက အောက်ပိုင်း ကြွက်သားအစိတ်အပိုင်းတွေကို မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ခြင်းမှ ကာကွယ်ပေးပြီး တင်ပါးဆုံနဲ့ ပေါင်တွင်းကြွက်သားတွေရဲ့ ပျော့ပြောင်းမှုနဲ့ လှုပ်ရှားနိုင်မှုကို ပိုကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။
(၅) Pull-Up
Photo : Men’s Fitness
Pull-Up လေ့ကျင့်ခန်းဟာ Bodyweight လေ့ကျင့်ခန်းတွေမှာ Challenging အဖြစ်ဆုံး တစ်ခုလို့ ပြောလို့ရပါတယ်။ Pull-Up လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ခွန်အားနဲ့ ကြံ့ခိုင်သန်မာမှုကို တိုးတက်လာစေမှာ ဖြစ်ပြီး ကြွက်သားအပြည့်နဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ကိုကြီးတစ်ယောက်အဖြစ်ကို ပြောင်းလဲပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၆) Depth Jump
Photo : Men’s Fitness
Depth Jump လေ့ကျင့်ခန်းဆိုတာ ရုရှားစစ်တပ်က စတင်ဖန်တီးလုပ်ဆောင်ခဲ့တာပါ။ ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်ချပြီး ဒူးကိုကွေးညွှတ်ကာ ပေါက်ကွဲအားပြင်းပြင်းနဲ့ မြေပြင်အထက်ကို ခုန်ရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကယ်လိုရီလောင်ကျွမ်းစေရုံမက ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။
Featured Photo : lacienciadelcafe.com.ar