ရှော်တီလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဘီကျဲတို့ရဲ့ လျို့ဝှက်ချက်က ဘော်ဒီလန်းရင်လန်း မဟုတ်ရင် တော်ကီတစ်ပေါက်မှာတော့ လျှမ်းလျှမ်း တောက်တာပါပဲ။ ကွီးတို့ရော ရှော်တီလေးတွေစိတ်ဝင်စားတဲ့ ဆော်ကြည်ဘဲတစ်ယောက် ဖြစ်ချင်ပါသလား။ ကွီးတို့က တော်ကီမကျွမ်းဘူးဆိုရင်တောင် ဘော်ဒီမှာလန်းနေဖို့ လိုပါမယ်နော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ကွီးတို့ရဲ့ ဘော်ဒီ ကို ကျစ်လစ်တောင့်တင်းပြီး အချိုးအစားကျကျနဲ့ ကြည့်ကောင်းစေဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်းတွေ ကို ပြောပြပေးပါမယ်။

(၁) Upper Body အတွက် ရေကူးပါ

Photo : William Paterson University Athletics

ရေကူးတာက ခါးအထက် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးအတွက် ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။ ရေကူးတဲ့အခါ ရေရဲ့ဖိအားကို ခွင်းပြီးကူးခတ်ရတဲ့အတွက် လက်မောင်းကြွက်သားတွေကို သန်မာလာစေမှာ ဖြစ်ပါတယ်။ အလွတ်စတိုင် ၊ နောက်ပြန်ကူး ၊ လိပ်ပြာကူးစတဲ့ မတူညီတဲ့ ရေကူးနည်းစတိုင်တွေအားလုံးက ကွီးတို့ရဲ့ ပခုံးကြွက်သားတွေနဲ့ ရင်ဘတ်ကြွက်သားတွေကို အသုံးပြုပြီး ကူးခတ်ရတာဖြစ်တဲ့အတွက် Upper Body ကို တော်တော်လေး ထိရောက်မှုရှိစေပါတယ်။

(၂) ခြေထောက်တွေသန်မာဖို့ စက်ဘီးနင်းပါ

ဘော်ဒီ

Photo : BBC Science Focus Magazine

စက်ဘီးနင်းတာက ကွီးတို့ရဲ့ပေါင်ကြွက်သားတွေ ၊ တံကောက်ကြောနဲ့ ခြေသလုံးကြွက်သားတွေအတွက် အထူးကောင်းမွန်ပါတယ်။ စက်ဘီးနင်းတဲ့အခါ ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ ထိရောက်မှုရှိရှိ ကစားချင်တယ်ဆိုရင် Toe Clips လို့ခေါ်တဲ့ ခြေနင်းကလစ်တွေအသုံးပြုပြီး နင်းနိုင်ပါတယ်။

(၃) ခန္ဓာကိုယ်တစ်ခုလုံးအတွက် ပြေးပါ

ဘော်ဒီ

Photo : Science

စက်ဘီးနင်းခြင်း ၊ Jogging ပြေးခြင်းကဲ့သို့ပင် အပြေးလေ့ကျင့်ခန်းဟာ ခြေသလုံးနဲ့ ပေါင်အတွက်ကောင်းရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ကိုယ်အလေးချိန်ကိုထိန်းပေးတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တာကြောင့် အရိုးပွခြင်းကိုကာကွယ်ပေးပြီး အရိုးတွေကို ကျစ်လစ်သန်မာစေပါတယ်။ တကယ်လို့ အဝလွန်နေတယ်ဆိုရင်တော့ ဖြည်းဖြည်းနဲ့နှေးနှေးပဲ စတင်ပါ။ မဟုတ်ရင် အရိုးအဆစ်တွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။

(၄) ဝမ်းဗိုက်ကြွက်သားတွေအတွက် ယောဂလေ့ကျင့်ပါ

ဘော်ဒီ

Photo : Skill Yoga – Blog

ယောဂဟာ ခန္ဓာကိုယ်ရဲ့ပျော့ပြောင်းမှုနဲ့ ကြံ့ခိုင်မှုအတွက် အထူးရေပန်းစားတဲ့ Workout တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် နောက်ကျောနဲ့ ဝမ်းဗိုက်က ကြွက်သားတွေအတွက် ထိရောက်မှု အလွန်ရှိပါတယ်။ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ပိုကောင်းစေပြီး တချို့ ယောဂလေ့ကျင့်ခန်းတွေဆိုရင် ခြေထောက်ကြွက်သားတွေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်း အကျိုးပြုနိုင်ပါတယ်။

(၅) လက်ဖျံကြွက်သားတွေသန်မာဖို့ ဘိုးလင်းပစ်ပါ

ဘော်ဒီ

Photo : Indiana Wesleyan University Athletics

ဘိုးလင်းကစားနည်းက ကွီးတို့ကို ပိုပြီး ကြံ့ခိုင်သန်မာတဲ့ အလန်းစား ဘော်ဒီ ရဖို့ကူညီပေးနိုင်ပါတယ်။ ဘိုးလင်းအားကစားသမား တော်တော်များများဟာ လက်ဖျံကြွက်သားတွေ ကျစ်လစ်သန်မာတာကို တွေ့ရပါတယ်။ ဘိုးလင်းဘောလုံးတွေရဲ့ အလေးချိန်က ၁၆ ပေါင်အထိရှိတာကြောင့် လက်ဖျံကြွက်သားတွေအပြင် ပခုံးနဲ့ ခြေထောက်ကြွက်သားတွေကိုပါ ထိရောက်မှုရှိစေပါတယ်။

Featured Photo : Man of Many