လူတစ်ယောက်မှာ တစ်ကိုယ်ရည် သန့်ရှင်းမှုက အင်မတန်မှ အရေးကြီးပါတယ်။ တော်ကီ ဘယ်လောက်ကောင်းနေပါစေ အနံ့အသက် မကောင်းရင် အလကားပါပဲ။ အထူးသဖြင့် ကွီးတို့ရဲ့ ညီလေးက အနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် ကွီးတို့ရဲ့ စကီလေးကလည်း ပြုစုယုယပေးချင်မှာ မဟုတ်ပါဘူး။

ဘာ့ကြောင့် ကွီးတို့ရဲ့ ဖွားဖက်တော်က အနံ့အသက်ဆိုးတွေ ထွက်နေတာဖြစ်မလဲ။

အဓိက အကြောင်းအရင်း သုံးချက်ကြောင့်ပဲ ဖြစ်ပါတယ်။​

ပထမတစ်ချက်ကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း၊ ဒုတိယအချက်အနေနဲ့ ရောဂါပိုးတစ်ခုခု ဝင်နေခြင်းနှင့် နောက်ဆုံးအချက်အနေနဲ့ အရေပြား ကျန်းမာရေးကြောင့်ပဲ ဖြစ်ပါတယ်။ အနံ့အသက်ဆိုးများ အန္တရာယ်မှ ကင်းဝေးဖို့ရန်အတွက် လိုက်နာရမယ့် အချက်များကတော့…

ရေနွေးနွေး အသုံးပြုပါ

ရေနွေး

ရေနွေးကလည်း အလွန်အမင်း ပူနေစရာမလိုပါဘူး။ ကြက်သီးနွေး ရေနွေးလောက်ဆို လုံလောက်ပါပြီ။ ထိုရေနွေးနွေးလေး အသုံးပြုပြီး ကွီးတို့ရဲ့ ဖွားဖက်တော်ကို တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ရွေးချယ်ရမယ့် ဆပ်ပြာကတော့ ဆပ်ပြာအပြင်းစားတွေ အသုံးမပြုဘဲ ဆပ်ပြာအပျော့စားပဲ အသုံးပြုကာ သန့်စင်ဆေးကြောပေးရမှာပဲ ဖြစ်ပါတယ်။

သက်သာချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများ ရွေးချယ် ဝတ်ဆင်ပါ

တော်ကီ အနံ့အသက်

ကွီးတို့ ရွေးချယ်ဝတ်ဆင်တဲ့ အဝတ်အစားသည် ကြပ်ထုတ်လွန်းနေမယ်ဆိုရင် ဖွားဖက်တော်သည် ချွေးနံ့များနဲ့ လေဝင်လေထွက် မကောင်းတော့ဘဲ ပိတ်လှောင်နေမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ ကွီးတို့ရဲ့ ဖွားဖက်တော်က အနံ့အသက်ဆိုးတွေ လွှတ်ထုတ်တော့မှာပဲဖြစ်ပါတယ်။

အနံ့အသက်ဆိုးများကို သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးမယ့် အစားအစာများ စားသုံးပါ

တော်ကီ အနံ့အသက်

ကိုယ့်ရဲ့ နေထိုင်စားသောက်မှုစနစ်ကို ပြောင်းလဲလိုက်ခြင်းသည်လည်း ကွီးတို့ရဲ့ ဖွားဖက်တော် အနံ့အသက်ဆိုးရွားခြင်းကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။

အဓိကထား စားသုံးရမယ့် အစားအစာများကတော့…

(၁) လိမ္မော်သီး၊ သံပုယိုသီး၊ Grapefruit သီး အစရှိတဲ့ အချဥ်ဓာတ် ကြွယ်ဝသော အစားအစာများ

(၂) ဟင်းနုနွယ် (သို့) ကိုက်လန်

(၃) Green Tea (သို့) Black Tea

(၄) ပင်စိမ်းရွက်၊ ပူစီနံရွက်

(၅) ရေ​ အစရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ထိုအစားအစာများကို စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်းပေးပြီး ဖွားဖက်တော်လည်း အနံ့အသက် ကောင်းမွန်လာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

အိမ်မှာပဲ ကြိတ်မကုပါနဲ့

တော်ကီ အနံ့အသက်

ကွီးတို့က အထက်ဖော်ပြပါ နည်းလမ်းများနဲ့ ကြိုးစားကြည့်ပေမယ့်လည်း ထင်သလောက် မသက်သာလာဘူးဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ဆေးမြီးတိုတွေနဲ့ လျှောက်ကုမနေဘဲ ဆရာဝန်ထံ ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။

ဒါ့အပြင် အခုဖော်ပြပေးမယ့် လက္ခဏာများ ကြုံတွေ့ရပါကလည်း ဆရာဝန်ထံ မြန်မြန်ပြေးသင့်ပါတယ်။

  • ဆီးသွားတဲ့အခါ အလွန်အမင်း ဆီးအောင့်ခြင်း (သို့) နာကျင်ခြင်း
  • မကြာခဏ ဆီးသွားခြင်း
  • ဖွားဖက်တော်က မခံမရပ်နိုင်အောင် ယားယံပြီး နီမြန်းနေခြင်း
  • ပုံမှန်မဟုတ်သော အကျိအချွဲများ ထွက်ခြင်း

စတဲ့ ရောဂါလက္ခဏာများကတော့ ကုသမှု အမြန် ခံယူသင့်ကြောင့် ဖော်ပြနေတာပဲဖြစ်ပါတယ်။

မြန်မြန်ကုသမှု မခံယူရင်တော့ တော်ကီ ကြွယ်ဖို့ နေနေသာသာ အနံ့အသက် ဆိုးကြောင့် အရည်အချင်းတွေ ထုတ်မပြလိုက်ရဘဲ ဖြစ်သွားပါလိမ့်မယ်။

Source: Medicalnewstoday

Featured Image: Health