အချစ်ကလွဲပြီး စွဲလန်းတွယ်ညှိစရာ ဘာမှမရှိဘူးဆိုတဲ့ ညိုကီတို့ကို မေးချင်တာက သေချာပြီလား ဆိုတာပါပဲ။ တကယ်တော့ အချစ်နည်းတူ စွဲလန်းစရာကောင်းတဲ့ အရာတစ်ခု ရှိနေပါသေးတယ်။ ဘာလဲဆိုတော့ မိုလ်ဘိုင်းဂိမ်းတွေပါ။ အချစ်နဲ့ဂိမ်းဟာ စွဲလန်းတွယ်ညှိရာချင်း အတူတူပဲဆိုပေမယ့်လို့ အချစ်လိုတော့ လောင်ရတဲ့ ကစားပွဲမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ အချစ်နဲ့မလောင်ချင်ရင် ဂိမ်းပဲ ကစားကြပါ ညိုကီတို့ရေ။ ဒီဆောင်းပါးလေးမှာတော့ စွဲလန်း တွယ်ညှိစရာ ကောင်းတဲ့ စိတ်ဝင်စားစရာ အမိုက်စား မိုလ်ဘိုင်း ဂိမ်းတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Final Fantasy Pixel Remasters

Source : SQUARE ENIX

Square Enix ကနေ Pixel Remaster ပုံစံနဲ့ အစောပိုင်း Final Fantasy ဂိမ်းတိုင်းကို ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ Final Fantasies I ၊ II ၊ III ၊ IV ၊ V နဲ့ VI တို့ ဖြစ်ပါတယ်။ ဒီဂိမ်းတွေအားလုံး 2D Pixel Art ၊ အမိုက်စား Soundtracks တွေ ၊ Special Effects တွေ ပါပါတယ်။ Square Enix အနေနဲ့ Offline ကစားခွင့်ကိုပါပေးထားပြီး ဂိမ်းတစ်ခုစီအတွက် $17.99 ခန့် ကျသင့်မှာပဲ ဖြစ်ပါတယ်။

(၂) Iron Marines Invasion

Source : Ironhide Game Studio

Iron Marines Invasion ကတော့ Ironhide Games ကနေ နောက်ဆုံးထွက်ရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Iron Marines နဲ့ Kingdom Rush Franchises တွေရဲ့ Developer တွေ ဖြစ်ပါတယ်။ ဂိမ်းမြေပုံတွေကို စူးစမ်းလေ့လာပြီး လူဆိုးတွေကို တိုက်ထုတ်ကာ ဂိမ်း Story ပါ မစ်ရှင်တစ်ခုစီတိုင်းကို ပြီးမြောက်အောင် ဆော့ကစားရမယ့် စိတ်ဝင်စားစရာ Strategy ဂိမ်းဖြစ်ပါတယ်။ ဂိမ်းပုံစံနဲ့ Graphic ပိုင်းတွေက တော်တော်လေး ထူးခြားကောင်းမွန်ပြီး ဆော့ကစားသူတွေရဲ့ စိတ်အာရုံကို တွယ်ညှိစရာ စေမယ့် အမိုက်စား ဂိမ်းတစ်ခုဖြစ်ပါတယ်။ Offline ကစားလို့ရမှာဖြစ်ပြီး ဈေးနှုန်းကတော့ $2.99 ခန့်ကျသင့်မှာပါ။

(၃) Reigns Series

Source : DevolverDigital

Reigns ကတော့ ရိုးရှင်းတဲ့ ကတ်ဂိမ်း Franchise တစ်ခုဖြစ်ပါတယ်။ ကတ်တစ်ခုစီမှာ ရွေးချယ်ခွင့်တစ်ခုစီ ပေးထားပါတယ်။ သဘောတူပါက ဘယ်ဘက်ကို Swipe လုပ်ပြီး ငြင်းပယ်မယ်ဆိုပါက ညာဘက်ကို Swipe လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းက ဂိမ်းနောက်တစ်ဆင့် ပို့ဆောင်ပေးမှာဖြစ်သလို အဆုံးသတ်လည်း ဖြစ်သွားနိုင်တာကြောင့် သေချာစဉ်းစားရွေးချယ် ဆော့ကစားရမှာပါ။ Reigns Series မှာ စုစုပေါင်း ဂိမ်း ၃ ခုပါရှိပါတယ်။ ပထမဂိမ်းမှာ ဘုရင်၊ ဒုတိယ ဘုရင်မနဲ့ Game of Thrones ဇာတ်ကောင်တွေ ပါဝင်ပါတယ်။ ဂိမ်း ၃ ခုလုံးက တူညီပြီး အနည်းငယ်ကွဲပြားမှုအချို့ရှိပါတယ်။ ဂိမ်းအားလုံးကို Offline အဖြစ်လည်း ကစားနိုင်ပြီး Google Play Pass မှာ အခမဲ့ရနိုင်ပါတယ်။ ဝယ်ဆော့မယ်ဆိုရင်တော့ ဂိမ်းတစ်ခုစီကို $2.99 ကနေ $3.99 ကြား ရှိနိုင်ပါတယ်။ တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ တွယ်ညှိစရာ အမိုက်စား ဂိမ်းတစ်ခုဖြစ်တာကြောင့် Try ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၄) Stardew Valley

Source : Chucklefish

Stardew Valley က ပြီးခဲ့တဲ့ နှစ်တွေအတွင်း တကယ်ကို လူကြိုက်များခဲ့တဲ့ ဂိမ်းတွေထဲက တစ်ခုပါပဲ။ ဂိမ်းပုံစံက ပေါ့ပေါ့ပါးပါးနဲ့ ရိုးရှင်းလွယ်ကူတဲ့ မွေးမြူရေး ဂိမ်းလေးဖြစ်ပါတယ်။ အပင်တွေ စိုက်တာ ၊ ငါးမွေးတာ ၊ ဒေသခံမြို့တွေနဲ့ ထိတွေ့ဆက်ဆံပြီး ကိုယ့်ရဲ့လုပ်ငန်းကိုကြီးကျယ်ခမ်းနားအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Retro စတိုင် Graphics ကို သုံးထားပြီး Offline လည်းကစားလို့ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် $7.99 ခန့်ကျသင့်မှာ ဖြစ်ပြီး စိတ်အာရုံကို တွယ်ညှိစရာ စေမယ့် ဂိမ်းလေးတစ်ခုပါပဲ။

Featured Photo : Ironhide Game Studio