ကွီးတို့ ရေ စျေးကွက်ထဲမှာ ဝီစကီ Brands အမျိုးမျိုး၊ မူကွဲအမျိုးမျိုး နဲ့ စျေးနှုန်း အမျိုးမျိုးရှိပါတယ်။ ထိုအထဲကမှ  နိုင်ငံတကာက ထိပ်တန်း ဝီစကီ Brands အချို့ကို ကွီးတို့ရွေးချယ် မြည်းစမ်းကြည့်ရတာ လွယ်ကူအောင် ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

(၁) Port Charlotte 10year old

ထိပ်တန်း ဝီစကီ Brands

Photo : Whiskey Auctioneer

ထိပ်တန်း ဝီစကီ Brands များ ထဲကတစ်ခုကတော့ Bruichladdich ပဲဖြစ်ပါတယ်။ Bruichladdich ရဲ့ Port Charlotte 10 Year Old ဝီစကီမှာ အယ်လ်ကိုဟော ၅၀ ရာခိုင်နှုန်းပါဝင်ပြီး စကော့တလန်ထုတ် Single Malt Scotch Whisky အမျိုးအစား ဖြစ်ပါတယ်။ အ‌ရောင်ကတော့ ရွှေရောင်ရင့်ရင့် ရှိပါတယ်။ ချောကလက်၊ ဘာဂါ တို့နဲ့သောက်နိုင်ပါတယ်။ အေးမြသော မီးခိုးငွေ့နှင့် မြေဆွေးရနံ့ မျိုးရှိပါတယ်။ ချိုမြိန်သောအရသာကို ခံစားနိုင်ပါတယ်။ (၇၅၀) မီလီလီတာ တစ်လုံးရဲ့ ဈေးဟာ (၄၅) ပေါင် ရှိပါတယ်။

(၂) JACK DANIEL’s Honey Tennessee Whiskey

ထိပ်တန်း ဝီစကီ Brands

Photo : The Whiskey Exchange

အယ်လ်ကိုဟော ၃၅ ရာခိုင်နှုန်း ပါတဲ့ JACK DANIEL’S အမှတ်တဆိပ် အမေရိကန် ဝီစကီ ဖြစ်ပါတယ်။ မွှေးကြိုင်သော ပျားရည်နှင့်သစ်သားအမွှေးရနံ့ကိုပေးပါတယ်။ နွေးထွေးမှုနဲ့အတူ ခပ်ပြင်းပြင်း အရသာ ကိုခံစားနိုင်ပါတယ်။ အမဲသား သို့မဟုတ် သိုးသားကင်နဲ့ တွဲဘက်သောက်ဖို့ သင့်တော်ပါတယ်။ (၇၅၀) မီလီလီတာ တစ်လုံးကို အမေရိကန် ဒေါ်လာ (၃၀) ဈေးရှိပါတယ်။

(၃) Glenmorangie Signet

ထိပ်တန်း ဝီစကီ Brands

Photo : WhiskeyStyle

နောက်ထပ် ထိပ်တန်း ဝီစကီ Brands များထဲက တစ်ခုကတော့ အယ်လ်ကိုဟော ၄၆ ရာခိုင်နှုန်း ပါတဲ့ Glenmorangie အမှတ်တံဆိပ် စကော့တလန် ကုန်းမြင့် Single Malt Scotch Whisky ဝီစကီ အမျိုးအစားပဲ ဖြစ်ပါတယ်။ Espresso နှင့် သံပုရာခွံတို့ရဲ့ အရသာမျိုး ခံစားနိုင်ပါတယ်။ ထူးခြားတာက ချောကလက်နဲ့ ဖျော်သောက်နိုင်ပါတယ်။ Glenmorangie Signet  ၄၅ မီလီလီတာ၊ သံပုရာရည် ၂၀ မီလီလီတာ ၊ သကြားရည် ၁၅ မီလီလီတာ၊ အခါးရည် ၁၀ မီလီလီတာ နှင့် Egg White ၁၀ မီလီလီတာ ကို ဖျော်စက် ထဲသို့ ထည့်ပြီး Dry Shake လုပ်ပီး သောက်နိုင်ပါတယ်။ (၇၅၀) မီလီလီတာ ပုလင်းကို ပျှမ်းမျှ (၁၇၅) ဒေါ်လာ ရှိပါတယ်။

(၄) DEANSTON 18 Year Old

Whisky

Photo : WhiskeyStyle

အယ်လ်ကိုဟော ၄၆.၃ ရာခိုင်နှုန်း ပါဝင်တဲ့ Deanston အမှတ်တံဆိပ် Single Malt Whisky အမျိုးအစား စကော့တလန် ဝီစကီ ဖြစ်ပါတယ်။ မုယောသကြား၊ ဂျင်းပေါင်မုန့်နှင့် ခြောက်သွေ့ပူနွေးပြီး ချိုချဉ်စပ် အရသာရှိတဲ့  ဝီစကီတစ်မျိုးပါ။ ကော့တေး နေနဲ့ရော သူ့ချည်းသက်သက် အနေနဲ့ပါ သောက်လို့ ကောင်းတဲ့ ဝီစကီဖြစ်ပါတယ်။ ချောကလက် သို့မဟုတ် ဒိန်ခဲနဲ့ လိုက်ဖက်ပါတယ်။ (၇၅၀) မီလီလီတာ တစ်လုံးကို အမေရိကန်ဒေါ်လာ (၁၅၀) ဈေးရှိပါတဘ်။

(၅) BALVENIE DoubleWood 17 Year Old

Whisky

 

Photo : Whiskeybase

အယ်လ်ကိုဟော ၄၃ ရာခိုင်နှုန်း ပါဝင်တဲ့  Balvenie အမှတ်တံဆိပ် Single Malt Whisky အမျိုးအစား စကော့တလန် ဝီစကီ ဖြစ်ပါတယ်။ ဝက်သစ်ချသီး၊ ဗင်နီလာ၊ ပျားရည် နဲ့ ပန်းသီးစိမ်း ရနံ့၊ နူးညံ့သိမ့်မွေ့သော အရသာ မျိုးရရှိနိုင်ပါတယ်။ ရေ သို့မဟုတ် ရေခဲ အနည်းငယ်ဖြင့် အရသာခံ သောက်နိုင်သလို ကော့တေးအဖြစ်လည်း သောက်နိုင်ပါတယ်။ (၇၅၀) မီလီလီတာ ပုလင်းတစ်လုံးကို အမေရိကန် ‌ဒေါ်လာ (၁၉၀) ကျော်ရှိပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ ထိပ်တန်း ဝီစကီ Brands များပဲဖြစ်ပါတယ်။ လက်ဆောင်ပေးရာတွင်ဖြစ်စေ၊ ကိုယ်တိုင် မြည်းစမ်းကြည့်ချင်လို့ဖြစ်စေ ရွေးချယ်ရာတွင် အထောက်အကူ ပြုစေမှာပါ။

Source : WHISKY.MY

Featured Photo : Rappler