အဖျော်ယမကာ တစ်မျိုးဖြစ်တဲ့ ဝီစကီ ကို ကြိုက်နှစ်သက်ပါသလား။ စျေးကွက်မှာ ဝီစကီ တံဆိပ်မျိုးစုံကို ဝယ်ယူလို့ရပါတယ်။ ဝီစကီဟာ ကွီးတို့ကြိုက်လို့ပဲ ဖြစ်စေ၊ အထူးပွဲအခမ်းအနားတွေမှာ သောက်သည်ပဲဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးတွေ့ဆုံရာမှာဖြစ်စေ သောက်သုံးတဲ့ အဖျော်ယမကာတစ်မျိုး ထက်ပိုပါတယ်။ ဝီစကီဟာ သေချာစွာ စနစ်တကျနဲ့ ချင့်ချိန်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် အချို့သော အကျိုးကျေးဇူးတွေကို ပေးတယ်ဆိုရင် ကွီးတို့အံသြမိပါသလား။ ဟုတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဝီစကီက ကွီးတို့ရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုတဲ့ အချက်များ ကို ဝေမျှပေးချင်ပါတယ်။

(၁) နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

ဝီစကီက ကျန်းမာရေးအပေါ်

Photo : Times of India

ဝီစကီက ကွီးတိုရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုတဲ့ အချက်များ ထဲက ပထမဆုံးတစ်ခုကတော့  နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ချပေးခြင်း ပဲဖြစ်ပါတယ်။ လေ့လာမှုများအရ တစ်နေ့လျှင် ဝီစကီတစ်ခွက် သောက်သုံးခြင်းက နှလုံးရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချပေးတယ်လို့ ဆိုထားပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အသင့်အတင့်သော ဝီစကီပမာဏ သောက်သုံးခြင်းက ကွီးတို့ခန္ဓာကိုယ်ရဲ့ သွေးထဲမှာရှိတဲ့ “ကောင်းသော ကိုလက်စထရော” ပမာဏကို တိုးမြင့်စေတယ်လို့ ဆိုထားပါတယ်။ ၎င်းသည် နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တဲ့ သဘာဝအကာအကွယ် ဖြစ်ပါတယ်။

(၂) ကင်ဆာကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးပါတယ်

ဝီစကီက ကျန်းမာရေးအပေါ်

Photo : Hindustan Times

ဝီစကီကို ကုသမှုတစ်ခုအနေနဲ့ မသုံးသင့်သော်လည်းပဲ ကင်ဆာရောဂါကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးတယ်လို့ သုတေသီများကဆိုထားပါတယ်။ ဝီစကီတွင် ပါဝင်သော Ellagic Acid သည် ကွီးတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ မကောင်းတဲ့ဆဲလ်တွေကို စုပ်ယူပေးပါတယ်။ ထို Ellagic Acid ကို အသီးအနှံတွေနဲ့ ဝိုင်များမှာလည်း တွေ့ရပါတယ်။ သို့သော် ဝီစကီမှာ Ellagic Acid ပါဝင်နှုန်းက ပိုပြီးမြင့်မားကြောင်း တွေ့ရှိရပါတယ်။

(၃) ဝိတ်ကျခြင်းကို ကူညီပေးပါတယ်

ဝီစကီက ကျန်းမာရေးအပေါ်

Photo : Medical Transformation Center

ဝီစကီက အရသာရှိရုံသာမက ဆိုဒီယမ် (ဆား) အနည်းငယ်သာပါရှိပြီး အဆီမပါဝင်ပါ။ ထို့အပြင် ဝီစကီတွင် ပါဝင်သော သကြားသည် ရိုးရိုးသကြားဖြစ်သောကြောင့် ကိုယ်အလေးချိန်လျော့တဲ့နေရာမှာ အနှောင့်အယှက် မဖြစ်စေပါဘူး။ ဘီယာကို အလယ်အလတ် သောက်သုံးသူများပင်လျှင် ကြွက်သားများဆုံးရှုံးပြီး ဗိုက်မှာ အဆီစုတတ်ပါတယ်။ ဒါပေမဲ့ ဝီစကီကတော့ ဘီယာကဲ့သို့ ကွီးတို့ရဲ့ အလေးချိန်ကို မတတ်စေပဲ လက်ရှိအလေးချိန်အတိုင်း ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။

(၄) ဆီးချိုရောဂါ အန္တရာယ်ကို ထိန်းချုပ်နိုင်ခြင်း

Whiskey benefits

Photo : Yale News

ဝီစကီက ကွီးတို့ရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုတဲ့ အချက်များထဲမှာ ဆီးချိုရောဂါ အန္တရာယ်ကို ထိန်းချုပ်နိုင်ခြင်းလည်း ပါဝင်ပါတယ်။ အကယ်၍ ကွီးတို့မှာ ဆီချိုရောဂါဖြစ်ပွားနိုင်ခြေရှိလျှင်၊ ဝီစကီက ကွီးတို့အတွက် အတွက်ကောင်းပါတယ်။ လေ့လာမှုများအရ ဝီစကီဟာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ သင့်တင့်မျှတသော ဝီစကီပမာဏသည် ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အင်ဆူလင်နှင့် ဂလူးကို့စ် Level ကို ထိန်းညှိနိုင်စွမ်းကို တိုးတတ်လာစေပါတယ်။ ဝီစကီမှာပါဝင်တဲ့ ရိုးရိုးသကြားဟာလည်း၊ ခြေဖျက်ဖို့လွယ်ကူပါတယ်။ ဒါကြောင့် ကွီးတို့ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းသကြားဓာတ်ပမာဏ ကိုထိန်းနိုင်ရင် ဆီးချိုဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်

Whiskey benefits

Photo : Pharmacy Development Services

နေ့စဉ် လူနေမှုဘဝမှာ၊ အလုပ်၊ မိသားစုနဲ့ အခြားသောကိစ္စများကြောင့် စိတ်ဖိစီးမှုများကြားတွင် ကွီးတို့ ကိုယ့်ကိုယ်ကို အနားပေးရန် ထိုက်တန်ပါတယ်။ ဝီစကီတစ်ခွက်ဟာ ကွီးတို့ရဲ့ စိတ်ဖိစီးမှု တွေကို လျှော့ချပေးနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ အာရုံကြောများကို ငြိမ်သက်စေပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကိုဖြေဖျောက်ဖို့ ဝီစကီသောက်သုံးခြင်းကို နည်းလမ်းအဖြစ်တော့ အမြဲမသုံးသင့်ပါဘူး။ တစ်ခါတစ်ရံ စိတ်ဖိစီးမှု အတွက် ဝီစကီ တစ်ခွက်လောက်သောက်တာ ပြဿနာမဟုတ်ပေမဲ့ ရေရှည်သောက်ဖြစ်နေပြီဆိုရင် ဆိုးကျိုးပိုများနိုင်လို့ သတိထားသင့်ပါတယ်။

(၆) သွေးခဲခြင်းကို လျှော့ချပေးပါတယ်

Whiskey benefits

Photo : News 18

ကွီးတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဒဏ်ရာတစ်ခုခုဖြစ်လျှင် ၊ သွေးတွေဟာ သဘာဝအတိုင်းခဲသွားပြီး သွေးထွက်ခြင်းကိုရပ်တန့်စေရန် ကြိုးစားပါတယ်။ သို့သော် ထိုသွေးခဲဟာ နှလုံး၊ အဆုတ် သို့မဟုတ် ဦးနှောက်ကဲ့သို့သော Blood System ရဲ့အခြားသော အစိတ်အပိုင်းများကို ပျံ့နှံ့သွားပါက ဆိုးရွှားသော ရလဒ်များဖြစ်ပေါ်နိုင်ပါတယ်။ ဒီနေရာမှာ ဝီစကီရဲ့ကောင်းတဲ့ အချက်တစ်ချက်ကတော့ ထိုသွေးခဲခြင်းကို လျော့နည်းစေတာပဲဖြစ်ပါတယ်။ ထိုကြောင့် ဝီစကီကို တစ်ခါတစ်လေ တစ်ကြိမ်လောက်သောက်သုံးခြင်းဖြင့် သွေးခဲခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ တစ်ခါတစ်လေ မကောင်းသော ကိုလက်စထရောများကြောင့် သွေးခဲခြင်းကို ဖြစ်စေတတ်ပါတယ်။ အပေါ်မှာ ဖော်ပြပေးခဲတဲ့အတိုင်း ဝီစကီက ကောင်းသော ကိုလက်စထရောများကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်းသွေးခဲပြီး လေဖြတ်နိုင်ခြင်းကဲ့သို့သော ထိခိုက်မှုဖြစ်နိုင်ခြေကို လျော့ချပေးပြီးသားလည်း ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဝီစကီက ကွီးတို့ရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုတဲ့ အချက်များ ပဲဖြစ်ပါတယ်။ “တန်ဆေး လွန်ဘေး” ဆိုသည့်အတိုင်း ဝီစကီက ကွီးတို့ရဲ့ ကျန်းမာရေးအပေါ်  ကောင်းသော သက်ရောက်မှုတွေရှိတာမှန်သော်လည်းပဲ အလွန်အကျွံ သောက်သုံးပါက ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးများကိုမရရှိဘဲ ဆိုးကျိုးများသာရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အ‌နေနဲ့ ဝီစကီသာမက အယ်လ်ကိုဟော ပါဝင်သောအဖျော်ယမကာအားလုံးကို အသင့်အတင့်သာ သောက်သုံးပါရန် အထူး သတိပြုလိုက်နာသင့်ပါတယ်။

Source : Whisky Loot

Featured Photo : Whiskey