အာရှထဲကနေ ကမ္ဘ့ာရုပ်ရှင်အဆင့်အတန်းကို အမှီလိုက်နိုင်တဲ့ အနုပညာဖန်တီးမှုတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ ထိုင်းရုပ်ရှင်တွေဟာလည်း သေချာပေါက် ချီးကျူးရမယ့် အထဲမှာပါပါတယ်။ ထိုင်းတွေဟာ Comedy နဲ့ Horror ကို တော်တော်လေး ပိုင်နိုင်တယ်လို့ ပြောလို့ရပါတယ်။ အဓိကအားဖြင့်တော့ ထိုင်း Horror ရုပ်ရှင်တွေဟာ အာရှမှာသာမက အနောက်တိုင်းအထိပါ ထိုးဖောက်နိုင်တာပါ။ တချို့ ဟောလိဝုဒ်ပေါသရဲကားတွေထက် ထိုင်း Horror ရုပ်ရှင်တွေက ပိုပြီး ရသမြောက်အောင် ဖန်တီးနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဝါသနာအိုးတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ထိုင်းသရဲ ကားကောင်းကောင်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) Shutter (2004)

Source : CARLOS APOLO – TRAILERS GEEK

ဒီဇာတ်ကားက ၂၀၀၄ ခုနှစ်က ထွက်ခဲ့တာပါ။ ဓာတ်ပုံထဲက အဖြေရှာမရတဲ့ အရိပ်တွေနဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ရသကို အပြည့်အဝ ခံစားရမယ့် Horror ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ထိုင်းနာမည်ကြီး ဒါရိုက်တာ Banjong ရိုက်ကူးထားတဲ့ လက်ရာဖြစ်ပြီး IMDb RATING 7.0 ရရှိထားတဲ့ အကောင်းဆုံး ထိုင်းသရဲ ကားတစ်ကားဖြစ်ပါတယ်။

(၂) Coming Soon (2008)

Source : GTHchannel

ထိုင်းနာမည်ကြီး မင်းသား Ter Chantavit ပါဝင်သရုပ်ဆောင်ထားပြီး Shutter (2004) နဲ့ Alone (2007) တို့လို နာမည်ကြီး ထိုင်းသရဲ ကားတွေကို ပူးတွဲဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူ Sophon Sakdapisit ရဲ့ ပွဲဦးထွက်လက်ရာ ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ရုံတင်ရုပ်ရှင်ဇာတ်ကားတစ်ကားကနေ အစပြုလာတဲ့ ခြောက်ခြားဖွယ်ဖြစ်ရပ်တွေကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ IMDb RATING 6.0 ရရှိထားပါတယ်။

(၃) Dorm (2006)

Source : Viu Indonesia

The Billionaire (2011) ၊ My Girl (2003) တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Songyos Sugmakanan ရဲ့ဖန်တီးမှုလက်ရာ ဖြစ်ပါတယ်။ ကျောင်းတွေရဲ့ အဆောင်တိုင်းမှာ စိတ်ဝင်စားစရာ နောက်ခံဇာတ်လမ်းတစ်ပုဒ်စီတော့ ရှိကြစမြဲပါ။ ဒီဇာတ်ကားဟာလည်း ကျောင်းရဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ကိုပုံဖော် ရိုက်ကူးထားတာပါ။ IMDb RATING 6.8 ရရှိထားပြီး ဆုပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ ထိုင်းသရဲ ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၄) The Medium (2021)

Source : Shudder

ဒီဇာတ်ကားဟာ ၂၀၂၁ ခုနှစ်က တော်တော်လေး ဟော့ဖြစ်သွားခဲ့တဲ့ ရုပ်ရှင်တစ်ကားပါ။ နတ်ကိုးကွယ်မှုနဲ့ ရိုးရာယုံကြည်မှု ဓလေ့ထုံးတမ်းတွေကို စိတ်ဝင်စားဖွယ် ရိုက်ပြထားပါတယ်။ ထိုင်းနာမည်ကြီး ဒါရိုက်တာ Banjong ရဲ့ ဖန်တီးမှုလက်ရာဖြစ်ပြီး IMDb RATING 6.5 ရရှိထားပါတယ်။

(၅) Art of the Devil 2 (aka Long Kong) (2005)

Source : FiNE PLASTiC

ဒီဇာတ်ကားက IMDb RATING 5.8 ရရှိထားတဲ့ ခြောက်ခြားဖွယ် ထိုင်းသရဲ ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံး ၂ မိနစ်ကြာတိုင်းမှာ ထိတ်လန့်ဖွယ်ပြကွက်တွေကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်စုအပေါ် တစ်စုံတစ်ယောက်က အောက်လမ်းပညာတွေသုံးပြီး လက်စားချေမှုကို ထိတ်လန့်ဖွယ် ကြည့်ရှု့ရမှာပါ။ အရှေ့တောင်အာရှ ယဉ်ကျေးမှုတွေနဲ့ အယူသီးတဲ့ ယုံကြည်မှုဓလေ့တွေကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

Horror ရုပ်ရှင်တွေကြိုက်တဲ့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်းနိုးရာရာ ထိုင်းသရဲ ကားကောင်း ၅ ကားကို ရွေးချယ်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဟောလိဝုဒ်  Horror ရုပ်ရှင်တွေထက် ထိုင်း Horror ရုပ်ရှင်တွေ ကြည့်ရတာ ပိုပြီးကြိုက်နှစ်သက်ပါသလား။

 

Featured Photo : Tribun