ထိုင်း နိုင်ငံဆိုတာကတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ အစားအစာ၊ ယဥ်ကျေးမှုနဲ့ လူနေမှု ပုံစံတို့က မြန်မာလူမျိုးများနဲ့ နီးစပ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်တဲ့အခါ အစားအစာ မကြိုက်တာမျိုး၊ ကွာဟတဲ့ ယဥ်ကျေးမှုကြောင့် ရှော့ခ်ရသွားရတာမျိုးတွေ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုင်း နိုင်ငံဆီ ခရီးသွားတော့မယ်ဆိုရင် သိ ထားသင့်တဲ့ အချက်လေးတွေ၊ ဆောင်ရန် ရှောင်ရန်တွေတော့ ရှိပါတယ်။ ထိုအချက်များကို သိထားမှသာလျှင် ခရီးသွားတဲ့အခါ ဘာအခက်အခဲ ဒုက္ခမှ မရှိဘဲ သာယာ ဖြောင့်ဖြူးတဲ့ ခရီးတစ်ခုဖြစ်မှာပါ။

မိုးရာသီက တစ်နေရာနဲ့ တစ်နေရာ ကွဲပြား ခြားနားပါတယ်

မိုးရာသီက တစ်နေရာနဲ့ တစ်နေရာ ကွဲပြား ခြားနားပါတယ်

မိုးရာသီမှာ သွားလာမယ်ဆိုရင်တော့ ဈေးလည်း သက်သာပြီး ခရီးသွားတွေလည်း နည်းပါးပါတယ်။ နိုင်ငံရဲ့ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်တောင်ဘက် ဒေသတွေမှာ ဇွန်လကနေ အောက်တိုဘာလအထိ သည်းကြီး မည်းကြီး မိုးရွာလေ့ရှိပါတယ်။ ဒါ့ကြောင့် ရေလမ်းနဲ့ ခရီးသွားမယ်ဆိုရင်တော့ သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

ဘိုကင် ကြိုတင်ထားပါ

ဘိုကင် ကြိုတင်ထားပါ

ကိုယ်က သွားမယ့်နေရာတွေကို သိထားပြီးပြီ၊ ကိုယ့်ရဲ့ ခရီးစဥ်က သေချာတယ်ဆိုရင်တော့ ရထားလက်မှတ်၊ ဟိုတယ်လက်မှတ် စတာတွေကို ဘိုကင် ကြိုတင်ထားတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ခရီးသွား ရာသီတွေဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လအတွင်း (သို့) ဘာသာရေး ပွဲတော် ပိတ်ရက်တွေမျိုးမှာဆိုရင် ခရီးသွားတွေ များပြားတဲ့အတွက် ဘိုကင် ကြိုတင်ထားတာ အကောင်းဆုံးပါပဲ။

ဘုရားဖူး သွားမယ်ဆိုရင်

ထိုင်း သိ

ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံဆိုတော့ အထူးတလည် ပြောနေစရာ မလိုပါဘူး။ ထိုင်းနိုင်ငံသည်လည်းပဲ ၉၅ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘုရားကျောင်းကန်များသို့ သွားမယ်ဆိုရင် ဖိနပ် ချွတ်ထားတာမျိုး ပြုလုပ်ရပါမယ်။ ယဥ်ကျေးမှုနဲ့ မလျော်ကန်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။

ဘုရင်နဲ့ တော်ဝင် မိသားစုများကို လေးစားမှု ပြရပါမယ်

ထိုင်း သိ

ထိုင်းလူမျိုးတွေက သူတို့ရဲ့ ဘုရင်နဲ့ တော်ဝင်မိသားစုတွေကို အင်မတန်မှ ချစ်ကြပါတယ်။ ဘုရင်နဲ့ တော်ဝင်မိသားစုတို့ကို အရိုအသေမဲ့တဲ့ စကားမျိုး၊ အပြုအမူမျိုး မပြောမိဖို့ လိုအပ်ပါတယ်။ ငွေကြေးပေါ်မှာပါတဲ့ ဘုရင့်ပုံတွေကိုလည်း မထီလေးစား ပြုမူတာမျိုး မပြုလုပ်ရပါဘူး။ ဘုရင်နဲ့ တော်ဝင် မိသားစုကို မထီမဲ့မြင် ပြုခြင်းသည် ရာဇဝတ်မှုတောင် မြောက်ပါတယ်။

စားပွဲဝိုင်းမှာ ထမင်း စားသောက်တဲ့အခါ

ထိုင်း သိ

ထိုင်း နိုင်ငံမှာ အစား စားတော့မယ်ဆိုရင် သိ ထားသင့်တဲ့အချက်တစ်ခု ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အစား အစာတွေ အကုန်လုံးကို တစ်ချိန်တည်း လာချပေးတာပဲ ဖြစ်ပါတယ်။ ပြီးတော့ အားလုံး မျှဝေ စားသောက်လို့ရအောင် စားပွဲရဲ့ အလယ်တည့်တည့်မှာ ချပေးလေ့ရှိပါတယ်။ သားသတ်လွတ် စားသုံးခြင်းကလည်း ထိုင်းနိုင်ငံမှာ ခေတ်စားပါတယ်။

ကွီးတို့ရော ထိုင်းနိုင်ငံသို့ သွားရောက်မယ်ဆိုရင် ဘာတွေလုပ်ရမယ်ဆိုတာ သိပြီးပြီလား။

Source: Lonelyplanet

Featured Image: Sg.hotels