သင်္ကြန် ကာလ ပိတ်ရက်ရှည်ကြီးမှာ ခရီးသွား ဖို့ ပြင်နေတဲ့ ကွီးတို့အနေနဲ့ ဘယ်နေရာ သွားလို့ သွားရမှန်းမသိ ဖြစ်နေကာ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ကို ကူညီပေးနိုင်ပါတယ်။

သင်္ကြန် တွင်းမှာ အပူလည်း ရှောင်ရင်း ခရီးသွား လို့ကောင်းတဲ့ နေရာတွေကတော့ ဒီနေရာတွေပဲ ဖြစ်ပါတယ်။

ချောင်းသာ

chaung thar

တော်တော်များများကတော့ ကမ်းခြေဘက်သို့ သွားကြပါတယ်။ မနက်ခင်း စောစောစီးစီးမှာ သဲသောင်ပြင်ပေါ် လမ်းလျှောက်ရင်း ညနေခင်းဆိုလည်း ကမ်းခြေထက်မှာ ရေကစားလို့ ရပါသေးတယ်။ ညပိုင်းမှာလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ပျော်မြူးနိုင်ပါတယ်။

ပုဂံ

bagan

ကွီးတို့အနေနဲ့ ပုဂံ သင်္ကြန်ကို တစ်သက်မှာ တစ်ခါလောက်တော့ ကြုံဖူးသင့်ပါတယ်။ ဒါမှ အညာ သင်္ကြန်နဲ့ ကွီးတို့ မြို့ရဲ့ သင်္ကြန်က ဘာကွာသလဲဆိုတာကို သိမြင်သွားပါလိမ့်မယ်။ ဘုရားလည်း ဖူးရင်း ရေပက်ခံလည်း ထွက်ရင်းဆိုတော့ ပျော်စရာကောင်းမှာ အမှန်ပါပဲ။

ငပလီ

သင်္ကြန် ခရီးသွား

ငပလီက ရေတွေက ပိုပြီး သန့်ရှင်းကာ ကြည်တောက်နေတယ်လို့ လည်ပတ်ဖူးသူတွေက ဆိုစမှတ်ပြုကြပါတယ်။ ကွီးတို့ မယုံဘူးဆိုရင်တော့ တစ်ခါ တစ်ခေါက်လောက် သွားလည်ပတ် ကြည့်လိုက်ပါ။ ပြန်တောင် လာချင်မှာ မဟုတ်ပါဘူး။

ငွေဆောင်

သင်္ကြန် ခရီးသွား

မြန်မာနိုင်ငံရဲ့ အထင်ကရ နာမည်ကြီး ကမ်းခြေတွေထဲမှာ ငွေဆောင်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ချောင်းသာတို့ ငပလီတို့ကို သွားရောက်လည်ပတ်ဖူးပြီးသွားရင်တော့ ငွေဆောင်ကို သွားရောက်လည်ပတ် သင့်ပါတယ်။ ကမ်းခြေက အတူတူပဲဆိုပေမယ့် ဒေသကွာသွားတဲ့အခါ ဘာတွေ ကွာခြားသွားသလဲဆိုတာကို ကွီးတို့ မြင်တွေ့သွားပါလိမ့်မယ်။

ကော့သောင်း

သင်္ကြန် ခရီးသွား

ကော့သောင်းက ကမ်းခြေတွေကလည်း ရေပြင်တွေက ပြာလဲ့ကြည်တောက်ပြီး မြန်မာနိုင်ငံတွင်းက မော်ဒိုက်အလားတောင် ထင်မှတ်ရပါတယ်။ သင်္ကြန် တွင်း ကော့သောင်းဘက်သို့ ခရီးသွား ဖြစ်တဲ့အခါ သူတို့မြို့ရဲ့ ဒေသထွက် အစားအစာများကိုလည်း မြည်းစမ်းစားသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

ထိုင်း

သင်္ကြန် ခရီးသွား

ထိုင်းနိုင်ငံရဲ့ ဆုန်ကရန်ကတော့ နိုင်ငံတကာမှာ နာမည်ကြီးပါပဲ။ တကယ်လို့ ကွီးတို့က သင်္ကြန်တွင်းမှာ ပြည်ပ ရောက်နေတယ်ဆိုရင်တော့ ထိုင်း နိုင်ငံရဲ့ ဆုန်ကရန်ကို တစ်ခါလောက် ဖြတ်သန်းကြည့်သင့်ပါတယ်။ သူတို့ကလည်း ရေကစားတာဆိုပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်နဲ့ ဘာကွာသွားသလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။​

ကွီးတို့ရော သင်္ကြန်တွင်းမှာ ဘာတွေ လုပ်ဖို့ စီစဥ်နေပါသလဲ။​

Source: Bestpricetravel

Featured Image: BestPrice Travel