လူရယ်လို့ ဖြစ်လာရင် စိတ်ခံစားချက်များနဲ့ အတူတကွ ယှဉ်တွဲနေထိုင် ကြရပါတယ်။ ပျော်ရွှင်ရတဲ့ အခါလည်း ရှိသလို၊ ဝမ်းနည်းရတဲ့အခါလည်း ရှိမယ် ၊ စိတ်အားထက်သန်နေတဲ့ အခါလည်း ရှိနိုင်သလို စိတ်ဓာတ်ကျတဲ့ အခါလည်း ရှိနိုင်ပါတယ်။ ပျော်ရွှင်ခြင်း ကဲ့သို့ကောင်းတဲ့ စိတ်ခံစားချက်တွေကို လူတိုင်းနှစ်သက်ကြပေမဲ့ ဝမ်းနည်းတာ ၊ စိတ်ဓာတ်ကျတာမျိုးကိုတော့ ဘယ်သူမှ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ ကောင်းတဲ့ တစ်ချက်ကတော့ ဒီလိုမကောင်းတဲ့ ခံစားချက်တွေကို သီချင်း တွေနဲ့ လျှော့ချပစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေတဲ့ ကွီးတို့အတွက် စိတ်ဓာတ် တွေကို ပြန်မြှင့်တင်ပေးနိုင်မယ့် သီချင်း ကောင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

သီချင်းတွေက လူတွေရဲ့ စိတ်ကိုလွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ စိတ်ဓာတ်ကျခြင်း သို့မဟုတ် အားကိုးရာမဲ့ခြင်းတို့ကို ခံစားရပြီး မည်သူနှင့်မျှ မဆွေးနွေးလိုတဲ့အခါ ၊ စိတ်ခွန်အားဖြစ်စေသော သီချင်းများက ကွီးတို့ကို နှစ်သိမ့်မှုပေး နိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ထိုးကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်မြှင့်တင်နိုင်ဖို့ အတွက် လှုံ့ဆော်မှုတစ်ခု လည်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မယ့် သီချင်းကောင်းလေးတွေကို နားဆင်လိုက်ရအောင်။

What a Wonderful World by Louis Armstrong

Source : Louis Armstrong

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တာကတော့ Louis Armstrong ရဲ့ What a Wonderful World ဆိုတဲ့ သီချင်း လေးပါ။ ဒီသီချင်းလေးရဲ့ စာသားနဲ့ သံစဉ်တွေက ကွီးတို့ရဲ့ စိတ်ဝိညာဉ်ကို ပြန်လည် တတ်ကြွနုပျိုစေပြီး မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတို့ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

Hall of Fame by The Script

Souce : The Script

ကွီးတို့ရေ ဒီသီချင်းလေးကတော့ စာရေးသူ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းလေးမှာ လူတွေဟာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် မဖြစ်နိုင်တာတွေ ကိုတောင်မှ ဖြစ်အောင်လုပ်နိုင် လာပါလိမ့်မယ်။ ဘယ်အရာမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ကြိုးကြိုးစားစားနဲ့ စိတ်ပိုင်းဖြတ်ပြီး လုပ်ကိုင်ရင် ကိုယ်အလိုရှိရာကို ရအောင်လုပ်နိုင်မှာ ဖြစ်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နားထောင်လိုက်တာနဲ့တင် စိတ်အားတတ်ကြွမှုကို ပေးနိုင်တဲ့ သီချင်းကောင်းလေးပါပဲ။

Stronger by Kelly Clarkson

Source : Kelly Clarkson

ကွီးတို့ရဲ့ ထိုးကျနေတဲ့ စိတ်ဓာတ် တွေကို မြှင့်တင်ပေးနိုင်မယ့် သီချင်း တွေထဲမှာ မပါမဖြစ်ကတော့ Kelly Clarkson ရဲ့ Stronger ပဲ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ တေးသွားနဲ့ သံစဉ်တွေက ကွီးတို့ရဲ့ စိတ်ကို ပြန်လည်တတ်ကြွစေဖို့ လှုံ့ဆော်မှု ဖြစ်စေမှာ အသေအချာပါပဲ။

Walking on Sunshine by Katrina and the Waves

Source : Audio and Lyrics

ဘဝမှာ ဝမ်းနည်းတာတွေ ၊ စိတ်ဓာတ် ကျတာတွေရှိနိုင်တာ မှန်ပါတယ်။ ဒီလိုမကောင်းတဲ့ ခံစားချက်တွေကို အမြဲတမ်း ရင်ထဲမှာထားပြီး ခံစားမနေဘဲ ရပ်တန့်ပစ်ပြီး ကောင်းမွန်တဲ့ ခံစားချက်လေးတွေကို အလေးပေးလိုက်ပါ။ ဒီသီချင်းက ခံစားချက် ကောင်းတွေကိုလည်း ကွီးတို့ ခံစားနိုင်စေဖို့ သတိပေးထားတဲ့ သီချင်း လေးကောင်းလေးပါ။

Victory by Puff Daddy (feat. The Notorious B.I.G., Busta Rhymes)

Source : Bad Boy Entertainment

Victory ဆိုတဲ့ သီချင်း ကိုတော့ Puff Daddy ကသီဆိုထားပြီး Featuring အနေနဲ့ The Notorious B.I.G နဲ့ Busta Rhymes တို့ကပါဝင်ထားပါတယ်။ ဒီသီချင်းထဲမှာ “Excellence is my presence, never tense, ever hesitant “စတဲ့ စိတ်ခွန်အား ပေးတဲ့ Rap စာသားတွေကြောင့် ကွီးတို့ စိတ်ဓာတ် ကျနေတဲ့ အချိန်နားဆင်ခံစားနိုင်တဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါပဲ။

Skyscraper by Demi Lovato

Source : Demi Lovato

ကိုယ်တိုင် သန်မာတယ်ဆိုရင် ဘဝမှာ ကိုယ်ကြံစည်ထားသမျှ ၊ ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာ ၊ ကိုယ်ရည်ရွယ်ထားတဲ့အရာကို ရယူဖို့ ဘယ်အရာကမှာ တားဆီးနိုင်မှာ မဟုတ်တဲ့ အကြောင်း သီဆိုထားတဲ့ သီချင်းကောင်းလေးပဲ ဖြစ်ပါတယ်။

ကွီးတို့ရေ အခု ဖော်ပြပေးလိုက်တဲ့ သီချင်း ကောင်းလေးတွေကို နားဆင်ခံစားပြီး ကျနေတဲ့ စိတ်ဓာတ် တွေကို ပြန်မြင့်တင်လိုက်ပါ။

Source : Life Hack

Featured Photo : The Ladders