နာမည်ရင်း အာမန်ဒို ခရစ္စရှန် ပီရက်ဇ်ကို အနုပညာစင်မြင့်ထက်မှာ Pitbull လို့ ကျော်ကြားပါတယ်။ ကျူးဘား အမေရိကန်စပ် အဆိုတော်တစ်ဦးဖြစ်ပြီး Billboard Hot 100 နံပါတ်တစ် သီချင်းပေါင်းများစွာကို သီဆိုခဲ့သူပါ။ ၂၀၀၀ ပြည့်လွန်နှစ်တွေက စလို့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး ဆက်တိုက်ဆိုသလို အောင်မြင်မှုတွေ အလီလီ ရခဲ့သူလည်း ဖြစ်ပါတယ်။

ဥပမာ ၂၀၁၁ ခုနှစ်က ထွက်တဲ့ အင်္ဂလိပ်လို ဆိုထားတဲ့ Planet Pit ထဲက Give Me Everything ဆိုရင် တစ်ကမ္ဘာလုံးပျံ့နှံသွားခဲ့သလို အမေရိကန်မှာလည်း နံပါတ်တစ် သီချင်းအဖြစ် ပေါက်သွားခဲ့ပါတယ်။ နောက် Global Warming: Meltdown ထဲက Kesha နဲ့ တွဲဆိုထားတဲ့ Timber ဆိုရင်လည်း အမေရိကန် နဲ့ ယူကေအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။

နောက်ထပ် Pitbull ရဲ့ မှတ်တိုင်တစ်ခုကတော့ 2014 FIFA World Cup မှာ တရားဝင်သီချင်းအဖြစ် Jennifer Lopez ၊ Claudia Leitte တို့နဲ့ တွဲဖက်ပြီး သီဆိုထားတဲ့ We Are One (Ole Ola) သီချင်းပဲ ဖြစ်ပါတယ်။ Studio Albums အချပ်ရေ ၂၅ သန်းကျော် နဲ့ သီချင်းပုဒ်ရေ ရောင်းအားသန်း ၁၀၀ ကျော် ရှိထားပြီး Best Selling Artist တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

Pitbull ရဲ့ ဘဝဟာ သူ့သီချင်း သူ့သံစဉ်စာသားတွေလိုပဲ မြူးကြွခုန်ပေါက်နေတယ်လို့ ဆိုရမှာပါ။ Pitbull သီချင်းတွေဟာ ရှားရှားပါးပါး Rap ပါတဲ့ Party Songs တွေထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်။ တက်ကြွကျယ်လောင်တဲ့ ဂီတနဲ့ ပျော်မြူးရတဲ့ ပါတီတွေမှာ Pitbull သီချင်းတွေက ရေပန်းစားပါတယ်။ ဒီတစ်ခေါက်မှာတော့ များပြားလှတဲ့ အောင်မြင်ကျော်ကြားလှတဲ့ Pitbull သီချင်းတွေထဲကမှ အားလုံးကို ပျော်ရွှင်ခုန်မြူးစေခဲ့တဲ့ Dance Song တချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) Give Me Everything – Pitbull feat. Ne-Yo, Afrojack & Nayer

၂၀၁၁ ခုနှစ်က US Billboard Hot 100 Chart မှာ တစ်ပတ်ကြာအောင် နံပါတ် ၁ နေရာက ရပ်တည်ခဲ့တဲ့ သီချင်းတွေပါ။ Pitbull နဲ့အတူ Nayer ၊ Ne-Yo နဲ့ Aftrojack တို့က Featuring ဆိုပေးထားပါတယ်။ Dance Pop ဂီတအမျိုးအစား ဖြစ်ပြီး Global Warming အခွေမှာ ပါတဲ့ သီချင်းလည်း ဖြစ်ပါတယ်။
” Tonight I Want All of You Tonight
Give Me Everything Tonight
For All We Know, We Might Not Get Tomorrow
Let’s Do It Tonight” စတဲ့ သီချင်းစာသားတွေနဲ့ မြူးကြွခုန်ပေါက်ခဲ့တဲ့ ပါတီညတွေလည်း အများကြီး ရှိမယ်လို့ ထင်ပါတယ်။

(၂) “Timber” – Pitbull feat. Kesha

Pitbull နဲ့ Kesha တို့ ဆိုထားပြီး ကာရစ်ဘီယံကမ်းခြေမှာ အလန်းစား မိန်းမပျိုလေးတွေနဲ့ ကရင်းဆိုတဲ့ သီချင်းပါ။ Billboard Hot 100 Chart မှာ ၂၀၁၄ ဇန်နဝါရီ ၁၈ ရက်က နံပါတ် ၁ နေရာကို ၃ ပတ်ကြာ စွဲထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ Meltdown အယ်လ်ဘမ်မှာ ပါတဲ့ သီချင်းဖြစ်ပြီး iHeartRadio Music Award for Best Collaboration ဆုလည်း ရခဲ့ပါတယ်။

(၃) ” DJ Got Us Falling in Love” – Sung by Usher ft. Pitbull

Usher သီဆိုပြီး Pitbull ရဲ့ Feat နဲ့ ဆိုထားတဲ့ သီချင်း ဖြစ်ပါတယ်။ DJ Got Us Falling in Love ကို DJ သံနဲ့ ရှယ်ဖန်တီးထားတာ ဖြစ်လို့ ပါတီသီချင်းအဖြစ်လည်း နာမည်ကျော်ပါတယ်။ ဒီသီချင်းထဲက ‘Cause Baby Tonight The DJ Got Us Fallin’In Love Again (l-love again, again)” စာသားက ဘားနဲ့ ပါတီတွေမှာ ကြားရလေ့ရှိတဲ့ သံစဉ်ထဲက တစ်ခုပါပဲ။

(၄) “On the Floor” – Jennifer Lopez feat. Pitbull

J Lo လို့ ခေါ်ကြတဲ့ ဂျနီဖာ လိုပက်ဇ် နဲ့ Pitbull တို့အတွဲရဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့ သီချင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် မေလက Hot 100 Chart မှာ နံပါတ် ၃ စွဲခဲ့ပါတယ်။ “Don’t Stop, Keep It Movin’ Put Your Drinks Up” ဆိုတဲ့ စာသားအတိုင်း တရစပ် မြူးရမယ့် ပါတီကြိုက်သူတို့ရဲ့ အဖွင့်သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၅) “Hey Baby” – Pitbull ft. T-Pain

T-Pain နဲ့ ပေါင်းပြီး ဖန်တီးထားတဲ့ Pitbull ရဲ့ Hey Baby ကလည်း ၂၀၁၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ Hot 100 Chart မှာ နံပါတ် ၇ စွဲခဲ့ပါတယ်။

Featured Photo: houstonpress