ကွီးတို့တွေ ကိုယ့်ဇနီးမယား ကိုယ့်ချစ်သူ ကိုယ့်ပါတနာနဲ့ ချစ်တင်းနှော ဒချိ ပြီးသွားတိုင်းမှာ လုပ်သင့် မလုပ်သင့်တဲ့ do & don’t အကြောင်းအရာလေးတွေကို ကွီးတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
Photo : Krigor Studio
(၁) ဒချိပြီးရင် ရေတန်းပြီး ချိုးစရာ မလိုပါဘူး။ ဒါပေမယ့် ညင်သာစွာ သန့်ရှင်းရေး လုပ်ပေးခြင်းက ဆီးလမ်းကြောင်းကနေ ရောဂါပိုးမွှား ကူးစက်တာကို ကာကွယ်ပေးနိုင်တယ်။ လိင်အင်္ဂါ အနီးတဝိုက် နေရာကို ရေခပ်နွေးနွေးလေးနဲ့ ဆေးကြာပေးနိုင်ပါတယ်။ အတွင်းထဲထိတော့ ဆေးဖို့ မလိုပါဘူးနော်။
Photo : MacArthur Medical Center
(၂) ဒါကတော့ ကွီးတို့ရဲ့ မွီးတွေကို သတိပေးရမှာပါ။ ဒချိတဲ့ ကိစ္စ ပြီးဆုံးသွားတဲ့အချိန် မွီးတို့က ရေနဲ့ ဆေးကြောလေ့ ရှိတက်ပါတယ်။ အဲ့လို လုပ်တာက ရောဂါပိုး ကူးစက်တာကို ပိုပြီးတောင် ဖြစ်ပွားတက်နိုင်ပါတယ်။ ဒါက ဘာလို့လဲဆိုတော့ မွီးတွေရဲ့ ညီမလေးကို ကာကွယ်ပေးတဲ့ ဘက်တီးရီးယားများရဲ့ သဘာဝအတိုင်း ဟန်ချက်ညီနေမှုကို ထိခိုက်စေလို့ပါ။ ဒါကြောင့် ဒီအတိုင်းလေးသာ ထားလိုက်ပါ အချစ်ရယ် ဆိုပြီး ကွီးတို့က ပြောရပါမယ်။
Photo : Health Digest
(၃) ရေတစ်ခွက်လောက် သောက်ပေး။ ဒချိပြီးတိုင်း ရေသောက်ဖို့ မမေ့နဲ့။ ရေများများ သောက်ထားလို့ ရေဓါတ်များနေရင် ဆီးသွားမယ်။ ဆီးများများသွားလေ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေ မပြန့်ပွားမီ ဘက်တီးရီယားတွေကို ဆေးကြောလိုက်သလို ဖြစ်သွားပါမယ်။
(၄) ဒချိပြီးသွားရင် ချောင်ချောင်ချိချိ အဝတ်အစားတွေပဲ ဝတ်ပါ။ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံ အဝတ်တွေကိုပဲ ရွေးချယ်ပါ။ မဟုတ်ရင် ပူပြီး ချွေးထွက်များနေမယ်ဆိုရင် ဘက်တီးရီးယားတွေက ပိုပြီး ရှင်သန်နေနိုင်တာမို့ သတိထားရပါမယ်။ ပေါ့ပေါ့ပါးပါးလေးတွေ ဝတ်ပြီး ဖက်အိပ်လိုက်ကြတာ အကောင်းဆုံးပါပဲ။
Photo : Northwestern Medicine
(၅) မဖြစ်မနေ လုပ်ရမှာက လက်ဆေးဖို့ပါ။ ဒချိန်နေချိန်ရော before ဒချိချိန်မှာပါ လက်တွေက ကွီးတို့ရဲ့ ညီလေးကိုရော မွီးရဲ့ ညီမလေးကိုပါ အလည်အပတ်တွေ သွားထားနိုင်တာမို့ ဒီအတွက် ဒချိလို့ပြီးတာနဲ့ လက်ဆေးပေးရမယ်။ မဒချိခင် လက်ဆေးတာလည်း ပိုကောင်းပါတယ်။ ဒါက ရွံ့တာပြုတာထက် သန့်ရှင်းရေး လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်တာကိုလည်း မှတ်ထားရပါမယ်။
Source : WebMD
Featured Photo : Best Life