အချစ်ဦးကို မြေးဦးရတောင် မမေ့ဘူးဆိုတဲ့ စကားလေးကို ကွီးတို့ ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ ကောင်းကင်နဲ့ မြေကြီးသာ ထိစပ်ချင် ထိစပ်သွားမယ်၊ ကိုယ့်အချစ်ဦးဆုံး ဆုံဆည်းခွင့်ရတယ်ဆိုတာက ခပ်ရှားရှားရယ်ပါ။ တကယ်လို့ ကွီးတို့လည်း အချစ်ဦးနဲ့ ကွေကွင်းရတဲ့ ဒဏ်ရာ ဟောင်းမျိုး ရှိတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကား များကို ယောင်လို့တောင် မကြည့်မိပါစေနဲ့။ တားမရလို့ ကြည့်မိမယ်ဆိုရင်တော့ နှစ်ရက်၊ သုံးရက်လောက် လွမ်းနာကျသွားပါလိမ့်မယ်။

La La Land

ဒီဇာတ်ကားလေးက ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး Ryan Gosling နဲ့ Emma Stone တို့ အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက သီချင်းဆိုလိုက်၊ ကလိုက်ဆိုတာတွေထက် ပိုပါတယ်။ သူတို့ နှစ်ဦးသားသည် သူတို့ အိပ်မက်တွေနောက်လိုက်ရင်း နောက်ဆုံးမှာတော့ ဘယ်လို ဆက်ဖြစ်သွားမလဲ။ တစ်ယောက်ကို တစ်ယောက် သက်ဆုံးတိုင် ချစ်သွားနိုင်ပါ့မလားဆိုတာကို စိတ်ခံစားချက် အစုံနဲ့ ကြည့်ရှုနေရမှာပဲ ဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့က အချစ်ဦးနဲ့ မညားခဲ့တဲ့ ဒဏ်ရာ ဟောင်းမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီ ဇာတ်ကား လေးကို မကြည့်ပါနဲ့။

Source: Lionsgate Movies

West Side Story

ဒီဇာတ်ကားလေးကတော့ Musical Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ကွီးတို့က ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီဇာတ်ကားကလည်း ရိုမီယိုနဲ့ ဂျူးလိယက်ဇာတ်ကားလိုပါပဲ။ ကြည့်မိတာနဲ့ မျက်ရည် ဖြိုင်ဖြိုင်ကျစေမယ့် ဇာတ်ကားမျိုးပါ။

Source: 20th Century Studios

Up

ဒီတစ်ခါ အလှည့်ကျတာကတော့ ကာတွန်းကားလေးပါ။ ကာတွန်းကားပေမယ့် အထင်တော့ မသေးလိုက်ပါနဲ့။ ကွီးတို့ကို ကောင်းကောင်းကြီး လွမ်းဖျား လွမ်းနာကျအောင် ပြုလုပ်နိုင်ပါတယ်။

ဒီဇာတ်ကားမှာကျတော့ အချစ်ဦးနဲ့ မညားတာတော့ မဟုတ်ပါဘူး။ ညားတော့ ညားပါရဲ့။ အချစ်ဦးနဲ့ သေကွဲ ကွဲရတာမျိုးပါ။ ကိုယ် ရူးမလောက်ချစ်ရတဲ့ အချစ်ဦးနဲ့ ညားပြီးမှ သေကွဲ ကွဲရတဲ့ ဒဏ်က ဘယ်လောက်ခံရ ခက်တယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်နာစရာကောင်းတယ် မဟုတ်လား။ ဒီဇာတ်ကားလေးက IMDb ၈.၃ တောင် ရထားတဲ့ ဇာတ်ကားလေးပါ။

Source: Pixar

Lion

ဒီဇာတ်ကားလေးကလည်း ကြေကွဲစရာအတိပါပဲ။

အသက် ငါးနှစ် အရွယ်ရှိတဲ့ အိန္ဒိယကောင်လေးတစ်ယောက်က သူ့အိမ်ကနေ မိုင်ပေါင်း ရာချီဝေးတဲ့ တစ်နေရာဆီ လမ်းပျောက်သွားပါတယ်။ ဒီလိုနဲ့ပဲ သြစတြေးလျ စုံတွဲ တစ်တွဲက ဒီကလေးလေးကို မွေးစားဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ၂၅ နှစ်ကြာပြီးတဲ့နောက်မှာတော့ သူက သူ့မိသားစုကို ရှာဖွေဖို့ သူ့အမိနိုင်ငံဆီ ပြန်လာခဲ့ပြန်ပါတယ်။ သူ့ အချစ်ရေးကလည်း ဖြောင့်ဖြူးလှတယ်လည်း မဟုတ်ပါဘူး။ သူ့ရဲ့ ဘဝမှာ ပျော်ရွှင်မှုကိုရော ရှာတွေ့နိုင်ပါ့မလား။

ဒီဇာတ်ကားလေးကတော့ IMDb ၈ တောင် ရထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါပဲ။

Source: Rotten Tomatoes Trailers

Call Me By Your Name

ဒီဇာတ်ကားလေးကတော့ ၁၉၈၀ ပြည့်နှစ်ကို အခြေခံတည်ထားပြီး အီတလီတွင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Elio လို့ခေါ်တဲ့ ၁၇ နှစ်အရွယ် ကောင်ကလေးနဲ့ သူ့အဖေရဲ့ သုတေသန လက်ထောက်အဖြစ် အလုပ်လုပ်နေတဲ့ အသက် ခပ်ကြီးကြီး အမျိုးသား တစ်ဦးတို့အကြား ရိုမန့်စ် အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စွာနဲ့ ဇာတ်သိမ်းသွားလေသတည်းဆိုတဲ့ ဇာတ်သိမ်းမျိုးကိုတော့ ဒီဇာတ်ကားထဲမှာ မမျှော်လင့်ပါနဲ့။

Source: Sony Pictures Classics

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကြည့်ဖူးပါသလဲ။

Source: Cbr.com

Featured Image: Themoviedb