ရုပ်ရှင်ဇာတ်ကားတွေ ကြည့်တယ်ဆိုတာ အပန်းဖြေတယ်ဆိုတာထက် အများကြီးပိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနုပညာနဲ့ ရုပ်ရှင် အဆင့်အတန်းကို ကြည့်လိုက်တာနဲ့ သူ့နိုင်ငံရဲ့ နည်းပညာပိုင်း ၊ ယဥ်ကျေးမှုနှင့် အခြား အခြားသော အရာတွေ အကုန်လုံးကိုပါ ခန့်မှန်းနိုင်ပါတယ်။ ကြည့်ရတာ အချိန် သာ ကုန်သွားတယ် ဘာမှန်းမသိလိုက်တဲ့ ပေါချောင်ချောင် ဇာတ်ကား တွေလည်း ရှိသလို တစ်ခါ ကြည့်ပြီးသွားတာနဲ့ ရင်ထဲမှာ တစ်သက်စာ စွဲမှတ်သွားစေနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း ရှိပါတယ်။

တကယ့် အနှစ်သာရ ပြည့်ဝတဲ့ ဇာတ်ကားတွေဆိုတာ ကြည့်ရတာ အချိန် ကုန်ရကျိုး နပ်စေပြီး ထပ်ဖန်တလဲလဲ ကြည့်ချင်အောင် ဆွဲဆောင်နေတဲ့ ဇာတ်ကား မျိုးပဲဖြစ်ပါတယ်။ ဘယ်နှခါပဲ ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားတွေဆိုလည်း မမှားပါဘူး။ ကွီးတို့က အဲ့ဒီလိုမျိုး ဇာတ်ကားတွေကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

Past Lives

ဒီဇာတ်ကားလေးကတော့ ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အပြင် IMDb 8 ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွတ်ဘဲ ကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့…Nora နဲ့ Hae Sung တို့က ငယ်စဥ်တောင်ကျေး ကလေးဘဝကတည်းက တစ်ဦးအပေါ် တစ်ဦး သံယောဇဥ်ရှိကြတဲ့ သူငယ်ချင်း နှစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ Nora တို့ မိသားစုက တောင်ကိုရီးယားကနေ အခြားနိုင်ငံသို့ အခြေချ နေထိုင်ဖို့အတွက် ပြောင်းရွေ့သွားတဲ့ အခါမှာတော့ ကံကြမ္မာရဲ့ စေစားရာကြောင့် ခွဲခွာသွားကြ ရပါတယ်။ ၁၀ နှစ်လောက် ကြာတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်သား ပြန်ဆုံတွေ့ကြပြီး အရင်က ရှိခဲ့တဲ့ သံယောဇဥ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့တယ်။ နောက်ဆုံးမှာတော့ နှစ်ယောက်သား ဘာဆက်ဖြစ်ကြမလဲ။ ဇာတ်ကားအမြည်းလေး ကြည့်ရှုခံစားရင်း အဆုံးသတ်ကို သိချင်ရင်တော့ အစကနေ ပြန်ကြည့်ကြည့်လိုက်ပေါ့။

Source: A24

Prey for the Devil

ကမ္ဘာတစ်ဝှမ်းတွင် အပနှင်ခြင်းက တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ ကတ်သလစ် ဘုရာကျောင်းတစ်ခုက ဘုန်းတော်ကြီးများအား အပနှင်ခြင်းကို သင်ကြားပေးဖို့အတွက် တာဝန်ကျ လာပါတယ်။ ပုံမှန်ဆိုရင် သီလရှင်များအား အပနှင်ခြင်းကို လေ့ကျင့်ပေးလေ့ မရှိပေမယ့် Ann လို့ အမည်ရတဲ့ စစ်စတာ သီလရှင်တစ်ပါးကို မြင်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အရည်အချင်းကို ယုံကြည်ပြီး အပနှင်ခြင်းကို သင်ကြားပေးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင် ထွေလာလေးကို အရင်ကြည့် လိုက်ပါဦး။

Source: Lionsgate Movies

Spaceman

Jakub Prochazka ဆိုသူသည် မိဘမဲ့ ကလေးတစ်ယောက် ဖြစ်ပြီး ကျေးလက်တောရွာတစ်ခုရှိ အိမ်လေးတစ်အိမ်မှာ သူ့အဘိုးအဘွားတွေနဲ့အတူတူ ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။ သူသည် ငယ်စဥ်ကတည်းက သူ့နိုင်ငံရဲ့ ပထမဦးဆုံး အာကာသယာဥ်မှူး တစ်ယောက်ဖြစ်ဖို့ရန်အတွက် ရည်မှန်းချက် ထားရှိခဲ့တာပါ။ ဒီလိုနဲ့ သူ့အိပ်မက်တွေ ပြည့်မြောက်သွားပြီး ဗီးနပ်စ်ဂြိုလ်ပေါ်သို့ တစ်ယောက်တည်း သွားဖို့ စေလွှတ် တာဝန်ပေးခံရ ပါတော့တယ်။ တဖြည်းဖြည်းနဲ့ အာကာသထဲ သွားလာရင်း တစ်ယောက်တည်း အထီးကျန်လာခဲ့ရင်းနဲ့ ဂြိုလ်သား ပင့်ကူအကြီးကြီးတစ်ကောင်နဲ့ တွေ့ဆုံရင်း မိတ်ဆွေ ဖြစ်သွားတဲ့ နောက်မှာတော့…

Source: Netflix

OMG 2

ဘောလိဝုဒ် ဇာတ်ကားကောင်းတွေကို ကြည့်ချင်တဲ့ ကွီးတို့ကတော့ ဒီဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။ IMDb ၇.၆ တောင် ရထားတဲ့ ဇာတ်ကားမို့ အချိန်ပေး ကြည့်ရတာ တန်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Source: Viacom18 Studios

Interstellar

အချိန် ကုန်ရကျိုးနပ်စေတဲ့ ဇာတ်ကား ကောင်းတွေထဲမှာဆိုရင် Interstellar ဇာတ်ကားကိုလည်း ချန်ထားလို့ မရပါဘူး။

ကမ္ဘာကြီးသည် အစာရေဆာ ပြတ်လပ်ခေါင်းပါး လာပြီး ရောဂါဘယမျိုးစုံနှင့် နေဖို့ရန်အတွက် မသင့်တော်တဲ့နောက်မှာ သိပ္ပံပညာရှင်များသည် လူသားများ နေထိုင်ဖို့ရန်အတွက် ဂြိုလ်အသစ်တစ်လုံးကို ရှာဖွေရန် တာဝန်ကျ လာပါတော့တယ်။ ဒါပေမဲ့ ဂြိုလ်တစ်ခုနဲ့ တစ်ခုရဲ့အချိန်က မတူညီကြပါဘူး။ အချို့ဂြိုလ်ရဲ့ တစ်ရက်တာ အချိန်သည် ကမ္ဘာကြီးရဲ့ တစ်နှစ်တာ အချိန်နဲ့ ညီမျှပါတယ်။ အာကာသထဲမှာ ခရီးသွားခြင်းသည်လည်း လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဒါဆိုရင် ထိုသိပ္ပံပညာရှင်များ ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ဂြိုလ်အသစ်ဆီသို့ ပြောင်းရွေ့နိုင်ဖို့ရန်အတွက် ကူညီနိုင်ပါ့မလား။ ဒီဇာတ်ကားကတော့ (လုံးဝ) လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Christopher Nolan ရိုက်ကူးထားတာပါ။

Source: Warner Bros. UI & Ireland

ပိတ်ရက်မှာ အချိန်ကုန်ရကျိုး နပ်ချင်တယ် ဆိုရင်တော့ ဒီဇာတ်ကားတွေကိုသာ ရွေးချယ်လိုက်ပါ။

ဒီဇာတ်ကားတွေ အကုန်လုံးကို ကြည့်ဖူးတယ် ဆိုရင်တော့ ကွီးတို့က တော်ရုံတန်ရုံ ဇာတ်ကားတွေကို လှည့်ကြည့်ချင် တော့မှာတောင် မဟုတ်ပါဘူး။

Featured Image: Arabian Gulf Business Insight