ကွီးတို့ရေ လိင်မှုကိစ္စက သာယာပျော်ရွှင်မှုကို ပေးနိုင်သော်လည်းပဲ တစ်ခါတစ်ရံမှာ စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ခံစားနိုင်ပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံမှု အဆင်ပြေချောမွေ့မှုမရှိတာ၊ လက်တွဲဖော်နဲ့ စတင်ဖို့ မဝံ့မရဲဖြစ်တာ၊ စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်တာ ဒါမှမဟုတ် စိတ်ကျေနပ်မှု အပြည့်အဝမရရှိမှာ စိုးရိမ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်တွဲဖော်လေးနဲ့ အတူတူချစ်ဖို့ သိထားရမယ် အချက်လေးတွေ ရှိပါတယ်။ ဒါလေးတွေသာ သိရင် ကွီးတို့ လိင်မှုကိစ္စ ဆောင်ရွက်ဖို့ အဆင်ပြေလွယ်ကူပြီး ချောမွေ့စေမှာ အသေအချာပါပဲ။ ဒါကြောင့် ဒီအချက်လေးတွေကို ကွီးတို့အတွက် ဝေမျှပေးမှာ ဖြစ်တာကြောင့် ဆက်ပြီးကြည့်လိုက်ရအောင်ဗျာ။

အရိပ်အမြွက်ပြပါ

ဒါလေးတွေသာ သိရင်

Photo : Times of India

ကွီးတို့ရေ တစ်ခါတစ်လေမှာ လက်တွဲဖော်နဲ့ ချစ်တင်းနှီးနှောဖို့ ဘယ်လိုစရမှန်း မသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကွီးတို့အနေနဲ့ သူတစ်ပါး စိတ်ပါခြင်း၊ စိတ်မပါခြင်းကို မသိဘဲ တည့်တိုးပြုမူတာမျိုး မလုပ်ပါနဲ့။ အရင်ဆုံး သူမကို ညင်သာစွာ နမ်းလိုက်တာ၊ ‌‌‌ပွေ့ဖတ်တာ၊ ချစ်စကားလေးတွေ ပြောတာ စတဲ့ နည်းလေးတွေနဲ့ အရိပ်အမြွက်ပြပါ။ ဒီလို ပြုလုပ်ခြင်းက ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသော အခြေအနေကို ဖန်တီးပေးပြီး တစ်ဖက်သားအပေါ် ကိုယ့်ရဲ့ချစ်ခင်မှုကိုလည်း ပြသရာရောက်ပါတယ်။ ဒါ့အပြင် ဒီလို အရိပ်အမြွက်ပြပြီး နူးညံ့ညင်သာသော စတင်ခြင်းက ကွီးတို့ရဲ့ လက်တွဲဖော်ကိုလည်း သာယာပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပြီး ကွီးတို့ကို ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခု ပေးစွမ်းနိုင်ပါလိမ့်မယ်။

ကွန်ဒုံး အဆင်သင့်ရှိပါစေ

ဒါလေးတွေသာ သိရင်

Photo : The Sun

လုံခြုံသော လိင်ဆက်ဆံမှုက အမှန်ပင် အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ လိင်မှုကိစ္စ မဆောင်ရွက်ခင်မှာ ဘာကြောင့် ကွန်ဒုံး အသုံးပြုဖို့ လိုအပ်တာလဲဆိုတာ သိဖို့လိုပါတယ်။ ကွန်ဒုံးက အဓိကအားဖြင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ကွန်ဒုံး အသုံးပြုခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးဆိုတာလည်း မရှိသလောက်ပါပဲ။ ကွန်ဒုံးကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့လည်း လေ့လာထားသင့်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်ပြီးသားဖြစ်မှာပါ။

အသေးစိတ်စဉ်းစားပါ

Photo : Insider

ကွီးတို့အနေနဲ့ ကောင်းမွန်ပြီး သာယာသော လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှု တစ်ခုကို ရဖို့အတွက်ဆိုရင် အသေးစိတ် ပြင်ဆင်ဖို့ လိုပါတယ်။ ကွီးတို့ရဲ့ အခန်းအနေအထားက ကွီးတို့ရဲ့ စိတ်ခံစားချက်များကို သတ်မှတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ အကြိုက်ဆုံး တေးသွားလေးတွေ၊ မီးမှိန်မှိန်လေးများ၊ ဖယောင်းတိုင်များ၊ အမွှေးရနံ့များ စတာလေးတွေကိုလည်း ပြင်ဆင်ထားနိုင်ပါတယ်။ ဒီလို ပြင်ဆင်ထားရှိခြင်းကလည်း ကွီးတို့ရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးကာ အတွေ့အကြုံအသစ်ဖြင့် ပိုမိုပျော်ရွှင်စရာကောင်းတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ အချင်းချင်း မဝံ့မရဲဖြစ်တဲ့ ခံစားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဖြေးဖြေးချင်းသွားပါ

Photo : Psychology Today

အမျိုးသမီးများက လိင်ဆက်ဆံမှုအတွက် အပြည့်အဝ အဆင်သင့်ဖြစ်စေဖို့ ၎င်းတို့ရဲ့ ခန္ဓာကိုယ်က မိနစ် ၂၀ ခန့် လိုအပ်ပါတယ်။ ဒါကြောင့် သူမကို အချိန်ပေးပြီး ဖြည်းဖြည်းချင်းစတင်ပါ။ ဒီလိုအချိန်မှာ Foreplay ကို အလေးထား ဆောင်ရွက်ဖို့ အကြံပေးပါရစေ။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပွေ့ဖတ်ခြင်း၊ ညင်သာစွာ ပွတ်သပ်ခြင်း၊ လက်ဖြင့် စတင်ခြင်းနဲ့ အချင်းချင်း၏ လိင်အင်္ဂါများကို ထိတွေ့ခြင်း စတဲ့ အမျိုးမျိုးသော မတူညီတဲ့ လုပ်ဆောင်မှုများ ပါဝင်နိုင်ပါတယ်။ Foreplay ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လိင်စိတ်အားထက်သန်မှုကို တိုးလာစေရန်နှင့် အထူးသဖြင့် အမျိုးသမီးများအတွက် လိင်ဆက်ဆံရန်အတွက် ခန္ဓာကိုယ်မှ အလိုအလျောက် ချောဆီများထွက်လာပြီး လိင်ဆက်ဆံမှုကို အဆင်ပြေစေရန် ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြ ပေးလိုက်တာကတော့ သာယာပျော်ရွှင်ပြီး အဆင်ပြေချောမွေ့တဲ့ လိင်မှုဘဝကို ရရှိဖို့ အထောက်အကူပြုတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒါလေးတွေသာ သိရင် ကွီးတို့ရဲ့ လိင်မှုဘဝက ဆီဆား အစုံနဲ့ ဖြည်စားရုံပဲ ဆိုသလို အဆင်ပြေလွယ်ကူ သာယာချောမွေ့နေမှာ အမှန်ပဲ ဖြစ်ပါတယ်။

Source : Huffpost

Featured Photo : NBC News