ရုပ်ရှင်ဇာတ်ကားကောင်းတွေကို အမြဲစောင့်မျှော်ကြည့်ရှုတတ်တဲ့ ကွီးတို့ရှိပါသလား။ ဒီတစ်ခါမှာလည်း နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ အိမ်မှာ အနားယူရင်း ဇာတ်ကား ကောင်းတွေနဲ့ ဖြတ်သန်းချင်တဲ့ ကွီးတို့အတွက် ဒီဇင်ဘာလထဲမှာ အသစ်ထွက်ရှိလာမဲ့ ဇာတ်ကား ကောင်းများ ကိုဖော်ပြပေးချင်ပါတယ်။

Scare Package II: Rad Chad’s Revenge (2022)

Source : MTube

ထိတ်လန့် ခြောက်ခြားဖွယ်ရာ ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီနှစ်မကုန်ခင်မှာဘဲ ကြည့်ရှုခံစားရမဲ့ ကားကောင်းလေးကတော့ Scare Package II: Rad Chad’s Revenge (2022) ပဲ ဖြစ်ပါတယ်။ Rad Chad Buckley ရဲ့ ဈာပနကို အခြေပြုပြီး ဘယ်လို ချောက်ချားဖွယ်ရာ ဇာတ်ကားကောင်းဖြစ်မလဲ ဆိုတာတော့ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပါ။ ဒီကားလေးက လာမဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

Joyride

Source : Magnolia Pictures & Magnet Releasing

ဒီဇင်ဘာလထဲမှာ အသစ်ထွက်ရှိလာမဲ့ ဇာတ်ကား ကောင်းလေး တစ်ခုကတော့ Joyride ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ဒရမ်မာကားကောင်းလေး တွေကို ကြည့်ရှုချင်သူများအတွက် တကယ်ကို အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီကားက ဒီဇင်ဘာ ၂၃ မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

Women Talking

Source : Movie Coverage

ကွီးတို့ရေ လာမဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထွက်ရှိမဲ့ Women Talking ဆိုတဲ့ ဇာတ်ကားလေးကလည်း ကွီးတို့ စောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပါ။ ဘယ်လိုမျိုး စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်း ဖြစ်မလဲ ဆိုတာ အတူတူ ကြည့်ရှုလိုက်ရအောင်။

Alice, Darling

Source : Lionsgate Movies

ဒီဇာတ်ကားမှာတော့ ကွီးတို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီး Anna Kendrick ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ သည်းထိတ်ရင်ဖို အမျိုးအစား ဖြစ်ပါတယ်။ ဒီ ဇာတ်ကားဟာ ဒီဇင်ဘာ ၃၀ ၊ သောကြာနေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

Lion Vs The Little People

Source : The Sun Showbiz

ဒီဇာတ်ကားက အကြီးကျယ်ဆုံး အင်တာနက် လှည့်ဖြားမှုနောက်ကွယ်မှ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်တရား ၊ ရှင်သန်မှုနှင့် နပန်းသမားငယ်များအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

The Big 4

Source : Netflix

ဒီဇင်ဘာလထဲမှာ ပဲ နောက်ထပ် အသစ်ထွက်ရှိလာမဲ့ ဇာတ်ကား ကောင်းလေးကတော့ The Big 4 ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက အက်ရှင် ၊ ဟာသ ဇာတ်ကားကောင်းလေး ဖြစ်တဲ့ အတွက် ကွီးတို့ အကြိုက်တွေ့စေမှာပါ။

Source : Movie Insider

Featured Photo : IMDb