ရုပ်ရှင်ချစ်သူ ပရိသတ်များအားလုံး မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဒီဇင်ဘာ လအတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား သစ်များကို ဝေမျှပေးချင်ပါတယ်။

ဇာတ်လမ်း ဇာတ်ကွက် အသစ်အဆန်းများနှင့် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများကို ကြည့်ရှုရင်း ဒီဇင်ဘာလ ပိတ်ရက်ရှည်ကြီးမှာ တဝကြီး အနားယူလိုက်ပါ။

Violent Night

ဒီဇင်ဘာ ဇာတ်ကား

Photo: IMDb

စိတ်လှုပ်ရှားစရာကောင်းတဲ့ အက်ရှင် ဇာတ်ကားလေးကို ကြည့်ရှုချင်သူများအတွက် Violent Night ဆိုတဲ့ ဇာတ်ကားသစ် တစ်ကား အသစ်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ခရစ္စမတ်ဇာတ်ကားလေးကိုမှ အက်ရှင်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အတိုက်အခိုက်နှင့် သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့အတွက်ကြောင့် စိတ်ခိုင်ခိုင်ထားပြီး ကြည့်နိုင်မှ ကြည့်ကြပါလို့ ရုပ်ရှင်ချစ်သူများအတွက် အကြံပေးလိုက်ရပါတယ်။

Source: Universal Pictures

Scrooge: A Christmas Carol

ဒီဇာတ်ကားလေးကတော့ Netflix က ပြသမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်လွတ်လက်လွတ် ကြည့်ရှုချင်သူများအတွက် Scrooge: A Christmas Carol ကားလေးက အမိုက်စားဖြစ်မှာပါ။ Animation ဇာတ်ကားချစ်သူများအတွက်လည်း ဒီဇာတ်ကား ကြည့်ပြီးတဲ့နောက်မှာ ဘဝသင်ခန်းစား တစ်ခုခု ရသွားမှာပဲ ဖြစ်ပါတယ်။

Source: Netflix

Emancipation

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ကျွန်အဖြစ် နေလာခဲ့ရတဲ့ လူမည်းတစ်ယောက်သည် သူ့ရဲ့ လွတ်မြောက်မှုအတွက် စစ်တပ်ထဲ ဝင်ဖို့ ကြိုးစားပုံကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ကြည့်ရှုချင်သူများအတွက် အကောင်းဆုံး ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: Apple TV

Darby and the Dead

ဒီဇာတ်ကားလေးကတော့ သဘာဝလွန် စိတ်ကူးယဥ် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Darby Harper ဆိုတဲ့ ကောင်မလေးသည် သရဲများကို မြင်နိုင်စွမ်းရှိတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ အတန်းထဲမှာလည်း သူငယ်ချင်း များများစားစား မရှိတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ အတန်းထဲက Capri Donahue ကတော့ အင်မတန်မှ ပေါ်ပြူလာဖြစ်တဲ့ Cheerleader တစ်ယောက်ပါ။ မမျှော်လင့်ဘဲ Capri Donahue ရဲ့ သေဆုံးမှုကြောင့် Darby တစ်ယောက် ဘယ်လိုအကြပ်အတည်းနဲ့ ရင်ဆိုင်ရမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ Darby and the Dead ဇာတ်ကားမှာ ကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်။

Source: 20th Century Studios

Savage Salvation

ရဲအရာရှိ Church နှင့် စုံထောက် Zeppelin တို့သည် သူတို့ရဲ့ မြို့ငယ်လေးကို အေးချမ်းသာယာအောင် ကြိုးပမ်းချင်ကြတဲ့သူတွေဖြစ်ပါတယ်။ သို့သော် ထိုမြို့ငယ်လေးမှာပဲ မမျှော်လင့်ထားတဲ့ အရာတွေ တစ်ခုပြီး တစ်ခု ကြုံတွေ့လာရတဲ့အခါမှာတော့ ထိုသူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ။ မူးယစ်ဆေးများကို တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှု၊ လူသတ်မှု အစရှိတဲ့ ဒုစရိုက်မှုများနှင့် ပြည့်နှက်နေတဲ့ မြို့ကို ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိအောင် ကြိုးပမ်းနိုင်ပါ့မလား။

Source: Movie Trailers Source

Your Christmas Or Mine?

ရိုမန့်တစ်ဆန်ပြီး ရယ်ရွှင်မြူးတူးစရာ အချစ်ဟာသဇာတ်လမ်းလေးကို ခရစ္စမတ် အားလပ်ရက်လေးမှာ ကြည့်ရှုချင်ပါသလား။ ဒါဆိုရင်တော့ Your Christmas Or Mine? ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။ Hayley နှင့် James ဆိုတဲ့ ကျောင်းသား စုံတွဲနှစ်ယောက်သည် ခရစ္စမတ်ပိတ်ရက်မှာ အိမ်ပြန်ဖို့အတွက် လန်ဒန် ဘူတာရုံမှာ နှုတ်ဆက်နေကြတာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကိုယ့်အိမ်ကိုယ် ပြန်ဖို့အတွက် သက်ဆိုင်ရာ ရထားဆီ တက်သွားကြပြီးနောက်မှာတော့ တစ်ယောက်ကို တစ်ယောက် စပရိုက် လုပ်ချင်ဇောနဲ့ အခြားတစ်ယောက်ရဲ့ ရထားဆီသို့ လိုက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ နှစ်ယောက်စလုံးမှာ တူညီတဲ့ ဆုံးဖြတ်ချက် ချမိတဲ့အတွက်ကြောင့် ခရစ္စမတ်ကာလအတွင်း ဘယ်လိုအလွဲလေးတွေနဲ့ ကြုံတွေ့ရမလဲ။ ဘယ်လို ရယ်ရွှင်မြူးစရာတွေ ကြည့်ရှုရမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့်လိုက်ပါ။

Source: Amazon Prime Video UK

Last Film Show

ဟောလိဝုဒ် ဇာတ်ကားတွေကို ကြည့်ရတာ ပျင်းနေကြပြီဆိုရင်တော့ ဒီတစ်ခါမှာ ဘောလိဝုဒ် ဇာတ်ကားတွေဘက် လှည့်လိုက်ရအောင်။ ဒီဇာတ်ကားလေးကတော့ ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်သည် ရုပ်ရှင် ထုတ်လုပ်ရေးပိုင်းကို စိတ်ဝင်စားလာရာကနေ အစပြုလာခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နေ့လည်စာ ထမင်းဘူးနဲ့ လဲလှယ်ကာ ရုပ်ရှင်ကြည့်ခွင့်ရအောင် ကြိုးစားရသည်အထိ အရူးအမူး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ကူး အိပ်မက်တွေကို အမှန်တကယ် အကောင်အထည် ဖော်နိုင်ဖို့ရန်အတွက် သူ့ရဲ့ ဘဝက အခြေအနေပေးပါ့မလား။

စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇင်ဘာ လမှာ အသစ်ထွက်ရှိမယ့် Last Film Show ဇာတ်ကား သစ်လေးကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Source: Rotten Tomatoes Indie

ဒီဇာတ်ကားတွေကတော့ ဒီဇင်ဘာ လအတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းတွေပဲ ဖြစ်ပါတယ်။