ရုပ်ရှင်ချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ နိုဝင်ဘာ လအတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား သစ်၊ ဇာတ်ကားကောင်းများနှင့် မိတ်ဆက်ပေးချင်ပါတယ်။ မိမိရဲ့ အားလပ်ချိန်လေးမှာ ရုပ်ရှင်ဇာတ်ကားသစ်များ ကြည့်ရှုရင်း စိတ်ညစ်စရာများကို ဖြေဖျောက်ကာ အနားယူ အပန်းဖြေနိုင်ပါတယ်။

Armageddon Time

ဒီဇာတ်ကားလေးကတော့ ဇာတ်ညွှန်းရေးဆရာ James Gray ရဲ့ ငယ်ဘဝအကြောင်းကို အခြေခံကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူ ငယ်စဥ်ကလေးဘဝတုန်းက Ronald Reagan ရဲ့ ရွေးကောက်ပွဲကာလအကြောင်းကို တစေ့တစောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့တာကတော့ နိုဝင်ဘာ လ ၄ ရက်နေ့ကတည်းက ထွက်ရှိခဲ့ပြီဖြစ်ပြီး Robert De Niro ၊ Anthony Hopkins နှင့် Anne Hathaway တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား လေးပဲ ဖြစ်ပါတယ်။

Source: Focus Features

The Minute You Wake Up Dead

ရှယ်ယာပွဲစားသမားတစ်ယောက်သည် တောင်ပိုင်းက မြို့ငယ်လေးတစ်ခုရဲ့ အာမခံ လိမ်လည်မှု အရှုပ်အထွေးထဲ ဝင်ရောက်မိရာကနေ မရေမတွက်နိုင်တဲ့ လူသတ်မှုများစွာထဲ ဝင်ရောက်ပါဝင်မိသွားပုံကို အခြေတည်ကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အက်ရှင်နှင့် Thriller ဇာတ်ကား လေးပဲ ဖြစ်ပါတယ်။

Source: Liongate Movies

The Good Witch Of Christmas

ခရစ္စမတ်ကာလလေးလည်း ရောက်လာတော့မယ်ဆိုတော့ Home Alone လို ဇာတ်ကားလေးတွေကို လွမ်းနေကြရောပေါ့။ ဒီဇာတ်ကားလေးသည်လည်း ဟာသာဇာတ်လမ်း၊ မိသားစု ကားလေးပဲဖြစ်ပါတယ်။​ Frank နှင့် Tony တို့သည် Liam နှင့် Olivia ဆိုတဲ့ ကလေးနှစ်ယောက်ကို သူတို့ မိဘတွေ ခရစ္စမတ်လက်ဆောင် အဝယ်ထွက်နေကြချိန်မှာ ကလေးထိန်းနေကြတာ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ သူတို့မိဘတွေသည် စန်တာကလော့ခ်ရဲ့ ထိပ်တိုက်တွေ့မိကာ စန်တာကလော့ခ်ရဲ့ စီးတော်ယာဥ် သမင်များကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။ စန်တာကလော့ခ်လည်း ခရစ္စမတ်လက်ဆောင်တွေ သွားပို့လို့ မရတော့ပါဘူး။ ဒီလိုနဲ့ပဲ Winter Witch ကို ကျန်ရှိနေတဲ့ လက်ဆောင်များ ပေးပို့ဖို့ ခိုင်းစေခဲ့ပါတယ်။

Winter Witch လည်း ခရစ္စမတ်လက်ဆောင် လိုက်ပို့ဖို့ဆိုပြီး ထွက်လာရာကနေ Olivia နှင့် Liam တို့ အိမ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့တယ်။ သို့သော် Winter Witch သည် သူ(မ) ဘာလုပ်ရမယ်ဆိုတဲ့ မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ Frank ၊ Tony ၊ Olivia နှင့် Liam တို့ လေးယောက်သား Winter Witch ရဲ့ မှတ်ဥာဏ်တွေကို ပြန်မှတ်မိအောင် ကူညီပေးနိုင်ပါ့မလား။

Source: Samuel Goldwyn Films

Enola Holmes 2

ကမ္ဘာကျော် စုံထောက်ကြီး ရှားလော့ခ်ဟုန်းရဲ့ ဆွဲဆောင်မှုရှိတဲ့ ချစ်စရာစုံထောက်မလေး Enola Holmes ကို မှတ်မိကြပါလိမ့်မယ်။ ဒီတစ်ခါမှာလည်း ဆယ်ကျော်သက်အရွယ် Enola Holmes တစ်ယောက် ဘယ်လိုအမှုတွေကို ကူညီဖြေရှင်းမလဲဆိုတာ သိချင်ရင်တော့ Enola Holmes 2 မှာ စောင့်ကြည့်နိုင်ပါတယ်။

Source: Netflix

My Policeman

ဇာတ်လမ်းလေးကတော့ Tom နှင့် သူ့ကို အရူးအမူး ချစ်နေကြတဲ့ လူနှစ်ယောက်တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းးကို အခြေတည်ကာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Sarah Schechter ၊ Emma Corrin ၊ Gina McKee တို့အပြင် အခြားသော အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

Source: Prime Video

Selena Gomez: My Mind And Me

ဒီဇာတ်ကားလေးကတော့ မှတ်တမ်းရုပ်ရှင်နှင့် တေးသီချင်း နှစ်မျိုးကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Selena Gomez ရဲ့ ပရိသတ်များအားလုံး မျှော်လင့်စောင့်စားနေကြတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အောင်မြင်မှုကို လူတိုင်းက အားကျကြပါတယ်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ခဲ့တဲ့ Selena Gomez. အဖို့တော့ ထိုကျော်ကြားမှုရဲ့ ဒဏ်ကို ခံခဲ့ရပြီး ငယ်စဥ်ကတည်းက အလုပ်လုပ်ခဲ့ရတဲ့ စိတ်ဖိစီးမှုများကြောင့် စိတ်ကျန်းမာရေး ထိခိုက်လာပါတော့တယ်။ သူ(မ)ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေတဲ့ Documentary ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။

Source: Apple TV

Falling For Christmas

မကြာခင်မှာ စေ့စပ်ကြောင်းလမ်းကာ လက်ထပ်တော့မယ့် ဟိုတယ်ရဲ့ အရိုက်အရာကို ဆက်ဆံမယ့် သူဌေးသမီးလေးသည် စကိတ်စီးရင်း မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတော့တယ်။ ဒီလိုနဲ့ပဲ ခရစ္စမတ်ကာလမှာ သူ(မ)ဿည် ချောမောခန့်ညားပြီး အလုပ်ကြမ်းလုပ်နေရတဲ့ တည်းခိုခန်း ပိုင်ရှင်ရဲ့ ပြုစုယုယမှု၊ ဂရုစိုက်မှုတွေကို ခံခဲ့ရပါတော့တယ်။ ငယ်စဥ်ကတည်းက အလိုလိုက် ခံထားရတဲ့ သူဌေးသမီးလေးခမျာ သူနဲ့ ဘဝချင်း ခြားနေတဲ့ ရုပ်ဖြောင့်ဖြောင့် ဘဲကြီးထံမှာ သူ(မ) ရဲ့ နှလုံးသားကို ပုံအပ်လိုက်မှာလား။

Source: Netflix

Black Panther: Wakanda Forever

စူပါဟီးရိုးတွေရဲ့ အမိုက်စားဇာတ်ကားတွေကို စောင့်စားမျှော်လင့် နေကြသူများအတွက် နိုဝင်ဘာ လထဲမှာပဲ Black Panther: Wakanda Forever ဆိုတဲ့ ဇာတ်ကား သစ်လေး ထွက်ရှိလာမှာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်တဲ့ အတွက်ကြောင့် စောင့်မျှော်ကြည့်ရှုဖို့ မမေ့နဲ့ဦးနော်။

Source: Marvel Entertainment