နှစ်တစ်နှစ်လုံးရဲ့ နောက်ဆုံးလတစ်ခုဖြစ်တဲ့ ဒီဇင်ဘာ လသည် ခရစ္စမတ် ပွဲတော် ကို တစ်ကမ္ဘာလုံးက ကျင်းပလေ့ရှိကြပါတယ်။ တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှတွေကို ဒီဇင်ဘာ လမှာ ခရီးရှည်ထွက်ရင်း ပျော်ပါးလေ့ရှိသလို ပွဲတော် များတွင် ပါဝင်ဆင်နွှဲရင်း ပျော်ပျော်ပါးပါး ကုန်ဆုံးလေ့ရှိကြပါတယ်။

ဒီဇင်ဘာ လမှာ ခရစ္စမတ် ပွဲတော် တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ရိုးရာအလိုက် ပွဲတော်အမျိုးမျိုးကို ကျင်းပဆင်နွှဲလေ့ရှိကြပါသေးတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နှစ်သစ်ကူး ပွဲတော် ကို ကျင်းပကြပြီး နှစ်သစ်ကို ကြိုဆိုကြခြင်းသည်လည်း လူငယ်များအကြား ရေပန်းစားတဲ့ ပွဲတော်တစ်ခုလို ဖြစ်နေပါတယ်။

ကွီးတို့အနေနဲ့ ဒီဇင်ဘာလအတွင်း ခရစ္စမတ် ပွဲတော်၊ နှစ်သစ်ကူးပွဲတော်အပြင် အခုဖော်ပြပေးမယ့် ပွဲတော်များကိုလည်း ဆင်နွှဲကျင်းပနိုင်ပါသေးတယ်။​

Amsterdam မီးအလှပြ ပွဲတော်

Amsterdam

Photo: Thingstodoinamsterdam

နယ်သာလန်နိုင်ငံ Amsterdam မြို့မှာတော့ မီးအလှပြပွဲတော်ကို နှစ်စဥ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ထဲမှာကတော့ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်မှာဖြစ်ပြီး ၂၀၂၃၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ Amsterdam ဆီသို့ အလည်အပတ် ရောက်ဖြစ်တဲ့အခါ ထိုမီးအလှပြ ပွဲတော်မှာ ဝင်ရောက်ဆင်နွှဲနိုင်ပါတယ်။

ဇိမ်ခံသင်္ဘောပေါ်မှာ လိုက်ပါစီးနင်းရင်း တစ်မြို့လုံးအနှံ့ အလှဆင်ထားတဲ့ မီးအလှများကို ရင်သပ်ရှုမောစွာ မြင်တွေ့နိုင်ပါတယ်။ ဇိမ်ခံသင်္ဘောများကတော့ ယူရို ၂၆.၅ နှင့် ယူရို ၇၀ စသည်ဖြင့် အသီးသီးရှိပါတယ်။

စကော့တလန်နိုင်ငံ၊ Edinburgh ရှိ Hogmanay

Edinburgh

Photo: Hotels

ဒီပွဲတော်ကတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ရောက်တိုင်း ကျင်းပလေ့ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။ Hogmanay ကတော့ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ မြို့အနှံ့မှာလည်း အခြားသော ပွဲတော်အမြောက်အမြားကို ကျင်းပနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ Lightopia ပွဲတော်

ဒီဇင်ဘာ ပွဲတော်

Photo: London.lightopiafestival

ဒီပွဲတော်ကတော့ ပျမ်းမျှအားဖြင့် ရက်သတ္တပတ် ၇ ပတ်ကြာလေ့ရှိပါတယ်။ နိုဝင်ဘာလလယ်လောက်က ကျင်းပလေ့ရှိပြီး နောက်နှစ် ဇန်နဝါရီလဆန်းအထိ ကျင်းပလေ့ရှိပါတယ်။ ခရစ်စမတ် မီးအလှဆင်ခြင်းများကိုလည်း Lightopia ပွဲတော်တွင် တွေ့မြင်နိုင်ပါတယ်။

ခရစ္စမတ် ပွဲတော်

ဒီဇင်ဘာ ပွဲတော်

Photo: Indiatravelpundits

ဒီပွဲတော်ကတော့ တစ်ကမ္ဘာလုံးအနှံ့ ကျင်းပကြတဲ့ ပွဲတော်ဖြစ်ပြီး ခရစ်ယာန် ဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ဓမ္မတေးသီချင်းများ သီဆိုဖျော်ဖြေခြင်းများ၊ ချစ်ခင်ရင်းနှီးသူများကို ခရစ်စမတ်လက်ဆောင် ပေးခြင်း၊ ခရစ္စမတ် လက်ဆောင်များ လဲလှယ်ခြင်းများ ပြုလုပ်လေ့ရှိကြပြီး ခရစ္စမတ် ဒင်နာပါတီများလည်း ပြုလုပ်ကြပါသေးတယ်။

နှစ်သစ်ကူး အကြိုပွဲတော်

ဒီဇင်ဘာ ပွဲတော်

Photo: History

ဒီပွဲတော်ကတော့ တစ်ကမ္ဘာလုံးအနှံ့ ကျင်းပလေ့ရှိကြတဲ့ ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ တေးဂီတ ဖျော်ဖြေပွဲများနှင့် ကြိုဆိုလေ့ရှိကြသလို အချို့ကလည်း ပါတီပွဲများတွင် မြူးတူးကခုန်ရင်း ပျော်ပျော်ပါးပါး ဆင်နွှဲလေ့ရှိကြပါတယ်။ ဒါ့အပြင် နှစ်သစ်အကြို Count Down ကိုလည်း ပျော်ပျော်ပါးပါး ရေတွက်ကို နှစ်သစ်ကို ကြိုဆိုကြတာသည်လည်း ပျော်ရွှင်စရာကောင်းလှပါတယ်။

Source: Exit45travels