နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလတစ်ခုဖြစ်တဲ့ ဒီဇင်ဘာလကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီနှစ်တစ်နှစ်လုံး ကိုယ် ဘာလုပ်ခဲ့သလဲ၊ ဘယ်လိုအောင်မြင်မှုများကို ရယူနိုင်ခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့အချိန် ရောက်ရှိလို့လာပြန်ပါပြီ။ ချမ်းအေးတဲ့ ဒီဇင်ဘာ လမှာ သီချင်း ကောင်းလေးတွေကို နားထောင်ရင်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းသည်လည်း အကျိုးရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရင်း ပိုမိုတန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်စေမယ့် လူသားတစ်ယောက်မဖြစ်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။

ဒီဇင်ဘာ လ ဆိုတဲ့အတိုင်း ခရစ္စမတ် သီချင်း တွေကလည်း ခေတ်စားပါတယ်။ ခရစ္စမတ် အချစ်သီချင်း တစ်ပုဒ်ဖြစ်တဲ့ All I Want For Christmas Is You နဲ့ Last Christmas ဆိုတဲ့ သီချင်းကတော့ ဒီဇင်ဘာလရဲ့ မပါမဖြစ်ပါပဲ။

All I Want For Christmas Is You – Mariah Carey

Source: Mariah Carey

ဒီသီချင်းလေးကတော့ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က စတင် ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးသည် Mariah Carey ရဲ့ ပထမဦးဆုံး အယ်လ်ဘမ်တစ်ခုဖြစ်တဲ့ Merry Christmas ဆိုတဲ့ အခွေထဲက သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ နိုဝင်ဘာလ နောက်ဆုံးရက် ရောက်တယ်ဆိုရင်ပဲ ထိုသီချင်းလေးသည် တစ်ကျော့ပြန်ကာ ခေတ်စားလာနေကျပဲဖြစ်ပါတယ်။

Santa Baby – Eartha Kitt

Source: Eartha Kitt

Santa Baby ဆိုတဲ့ သီချင်းလေးကတော့ အမေရိကန် အဆိုတော် Eartha Kitt က သီဆိုထားတာဖြစ်ပါတယ်။ Henri René နှင့် သူ့ရဲ့ တီးဝိုင်းအဖွဲ့က အဓိက တီးခတ်ပေးထားတာဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ် ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ Eartha Kitt ရဲ့ ပျော့ပျောင်း နူးညံ့တဲ့အသံနှင့် တီးလုံးရဲ့ တီးခတ်မှုတို့ကလည်း လိုက်ဖက်နေတာကို နားဆင်ခံစားမိမှာပဲဖြစ်ပါတယ်။

Last Christmas – Wham!

Source: Wham!

သီချင်းရဲ့ မူရင်းအဆိုတော်ကတော့ Wham! ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ နာမည်ကြီး အဆိုတော် တော်တော်များများကလည်း Cover ပြန်လည် သီဆိုထားတာကို နားဆင်ခံစားနိုင်ပါတယ်။ ဒီသီချင်းလေးကလည်း ၁၉၈၄ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယနေ့ချိန်အထိ  ခရစ္စမတ် ရောက်တော့မယ်ဆိုတာနဲ့ ထပ်ဖန်တလဲလဲ ပြန်လည်ခေတ်စားနေတာပဲဖြစ်ပါတယ်။

My Only Wish (This Year) – Britney Spears

Source: Britney Spears

Britney ရဲ့ အမိုက်စား ခရစ္စမတ် သီချင်းလေးဖြစ်ပြီး ဒီဇင်ဘာ လမှာ နားထောင်ခံစားသင့်တဲ့ သီချင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွလေးနဲ့ ကခုန်လို့ ကောင်းတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

I Never Knew the Meaning Of Christmas – NSYNC

Source: Lost Pop Lyrics

၉၀ ပြည့်နှစ် နှောင်းပိုင်းမှာ လူကြိုက်များ နာမည်ကြီးခဲ့တဲ့ ပေါ့ပ် Boy Band ရဲ့ အမိုက်စား ခရစ်စမတ် အချစ်သီချင်းလေးပဲ ဖြစ်ပါတယ်။

Please Come Home for Christmas – Kelly Clarkson

Source: Desert Records

Kelly Clarkson ရဲ့ အသံပါဝါ ပြင်းပြင်းလေးနဲ့ သီဆိုထားတဲ့ သီချင်းလေးကို နားထောင်ချင်တယ်ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်သင့်ပါတယ်။

I Want To Come Home For Christmas – Marvin Gaye

Source: Marvin Gaye

သီချင်းအေးအေးလေးကို နားထောင်ချင်တယ်ဆိုရင်တော့ Marvin Gaye ရဲ့ သီချင်းလေးကို နားဆင်ခံစားနိုင်ပါတယ်။ ဒီသီချင်းလေးကတော့ ၁၉၇၂ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Fa La La – Justin Bieber and Boyz II Men

Source: Justin Bieber

Justin Bieber နှင့် Boyz II Men တို့ Collaborate လုပ်ကာ သီဆိုထားတဲ့ ခရစ္စမတ် အချစ်သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Winter Wonderland – Tony Bennett

Source: Tony Bennett

ဒီသီချင်းလေးကတော့ ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Felix Bernard နှင့် Richard Bernhard တို့က အတူတူ ရေးစပ်ခဲ့တဲ့ သီချင်းဖြစ်ပြီး Tony Bennett က သီဆိုထားတာဖြစ်ပါတယ်။

Mistletoe – Justin Bieber

Source: Justin Bieber

ဒီသီချင်းလေးကတော့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ JB ဖန်တွေရဲ့ အကောင်းဆုံး ခရစ္စမတ် သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Source: Popsugar