ဒီရာသီရဲ့ အပူဒဏ်ကို ကောင်းကောင်းတွန်းလှန်ပြီး တစ်နေ့တာလုံး လန်းဆန်းအေးမြနေစေဖို့ ရေမွှေးကောင်းကောင်း ရှာနေပါသလား ? ဒါဆိုရင်တော့ ရေမွှေးချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာ နွေရာသီနဲ့ အလိုက်ဖက်ဆုံး အမိုက်စား ရေမွှေး လန်းလန်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အေးမြလန်းဆန်းမှု အပြည့်နဲ့ နွေရဲ့အပူဒဏ်ကို အေးဆေးကျော်လွှားဖို့ အခုပြောပြမယ့် ရေမွှေးလေးတွေကတော့ ကွက်တိပါပဲ။
(၁) H24 Eau De Parfum By Hermes

Photo : Man Of Many
Hermes ရဲ့ H24 Eau De Parfum ကတော့ နွေရာသီမှာ သေချာပေါက် စမ်းကြည့်သင့်တဲ့ ရေမွှေး တစ်မျိုးပါ။ သူ့ရဲ့ရနံ့က တော်တော်လေး စွဲဆောင်မှုရှိပြီး ပြေပြစ်သိမ်မွေ့တဲ့ ခပ်သင်းသင်းရနံ့ကို ပေးပါတယ်။ Green ဖြစ်တဲ့ ရနံ့မျိုး ကြိုက်တယ်ဆိုရင် သေချာပေါက် Try ကြည့်သင့်ပါတယ်။ အလုပ် ၊ ကျောင်း ၊ Night Out အချိန်နေရာမရွေး စွတ်လို့အဆင်ပြေပြီး အသက် ၂၀ နဲ့အထက် အမျိုးသားတွေအတွက် အလိုက်ဖက်ဆုံး ရေမွှေးတစ်မျိုး ဖြစ်ပါတယ်။
(၂) Green By Coach

Photo : Man Of Many
Coach ရဲ့ Green ကတော့ ထူးထူးခြားခြား Unique ဖြစ်တဲ့ Kiwi ရနံ့ ရေမွှေး ပါ။ First Spray မှာတင် Kiwi အနံ့ ခပ်ပြင်းပြင်းကို ရမှာဖြစ်ပြီး Rosemary ၊ Geranium နဲ့ Classic ဖြစ်တဲ့ Cedar ရနံ့တွေကို မျှမျှတတ ပေါင်းစပ်ထားတဲ့ နွေရာသီအတွက် ခပ်မိုက်မိုက် ဒီဇိုင်နာ ရေမွှေး ဖြစ်ပါတယ်။ Performance ကတော်တော်လေး အပြစ်ပြောစရာနည်းပြီး အဓိကအားဖြင့် အသက် ၂၅ နှစ်ကနေ ၄၀ ကြား လုပ်ငန်းခွင် ဝင်နေသူတွေ ၊ ရုံးသမားတွေနဲ့ ပိုလိုက်ဖက်မှု ရှိပါတယ်။
(၃) L’Eau d’Issey pour Homme Solar Lavender By Issey Miyake

Photo : Man Of Many
အမျိုးသားသုံး နွေရာသီအတွက် အကောင်းဆုံး ရေမွှေး တွေထဲမှာ L’Eau d’Issey pour Homme Solar Lavender ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ Lavender ရနံ့ ခပ်သင်းသင်းကိုမှ ငရုတ်ကောင်းလို အမွှေးအကြိုင်တွေနဲ့ ပေါင်းစပ်ထားပြီး Oceanic & Citrus Scents တွေလည်း ပါတာဆိုတော့ တော်တော်လေး Fresh ဖြစ်တယ်လို့ ပြောရမှာဖြစ်ပြီး အပူချိန် ခပ်ပြင်းပြင်းရှိတဲ့ နွေရာသီနေ့ရက်တွေအတွက် စွတ်သင့်တဲ့ အကောင်းဆုံး ရေမွှေးတစ်မျိုး ဖြစ်ပါတယ်။ ဒီရေမွှေးက အသက် ၂၀ ကနေ ၃၀ ကြား လူငယ်ပိုင်း အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။
(၄) Vetiver Musc by Narcisco Rodriguez

Photo : Man Of Many
Narcisco Rodriguez ရဲ့ Vetiver Musc ကတော့ နွေရာသီ တနည်းအားဖြင့် နွေဦးကာလတွေအတွက် ပြီးပြည့်စုံတဲ့ ရေမွှေးတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ရနံ့က တော်တော်လေးလည်း ထူးခြားသလို ဆွဲဆောင်မှုလည်း တော်တော်ရှိတယ်လို့ ပြောရမှာပါ။ ပင်လယ်ပြင်ကြီးရဲ့ လတ်ဆတ်တဲ့ ရနံ့အပြင် Citrus ၊ Lavender ၊ Cedar နဲ့ Patchouli တို့လို Premium ဖြစ်တဲ့ Notes တွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Gentleman ဆန်ဆန် အမျိုးသားတွေနဲ့ ပိုလိုက်ပြီး အသက် ၂၄ နှစ်ကနေ ၄၀ ကြား ကွီးတို့အတွက် အသင့်တော်ဆုံး ရေမွှေးတစ်မျိုးပါ။
Source : Man Of Many
Featured Photo : AugustMan
 
											
				 
									 
	 
	 
	 
	 
	 
	