ကျွန်တော်တို့ ယောကျာ်းလေး အများစုက ရေမွှေးဆို ချိုအီနေတာထက် Fresh ဖြစ်ပြီး လန်းဆန်းစေတဲ့ အနံ့မျိုးကို ပိုနှစ်သက်ကြပါတယ်။ အခုလို ပူအိုက်တဲ့ နွေရာသီနဲ့ဆိုလည်း Fresh ဖြစ်တဲ့ ရေမွှေးတွေမှ အဆင်ပြေတာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရာသီဥတု ဘယ်လောက်ပူပူ တစ်နေ့တာလုံး လန်းဆန်းနေစေမယ့် Fresh ဖြစ်တဲ့ ရေမွှေး တွေ ထဲက အချို့ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) Acqua Di Parma – Colonia

Acqua Di Parma - Colonia

Photo : Man Of Many

Colonia ရဲ့ Acqua Di Parma ကတော့ အချိန်တိုင်း ဘယ်တော့မှ မရိုးသွားနိုင်တဲ့ Timeless ရေမွှေး တစ်မျိုးလို့ ပြောရပါမယ်။ Citrus ရနံ့ကိုမှ ပင်လယ်ရေရဲ့ လန်းဆန်းသွားစေတဲ့ အနံ့သင်းသင်းလေးနဲ့ ပေါင်းစပ်ထားတဲ့အတွက် တော်တော်လေးကို မိုက်ပါတယ်။ Leather နဲ့ Sandalwood Notes တွေလည်း ပါတော့ Fresh ဖြစ်တာကိုမှ ယောကျာ်းဆန်ဆန် Vibe မျိုး အပြည့်အဝ ပေးစွမ်းပါတယ်။

(၂) Neroli Portofino – Tom Ford

Neroli Portofino - Tom Ford

Photo : Man Of Many

Tom Ford ရဲ့ Neroli Portofino ကတော့ အများကြီး မိတ်ဆက်ပေးဖို့ မလိုလောက်အောင် ပေါ်ပြူလာဖြစ်ပြီးသား ရေမွှေးတွေထဲက တစ်ခုပါပဲ။ သင်းကြိုင်မွှေးပျံ့တဲ့ ပန်းရနံ့တွေကိုမှ လတ်ဆတ်တဲ့ Orange ၊ Lemon ရနံ့တွေနဲ့ ပေါင်းစပ်ထားတာပါ။ သူ့ရဲ့ အနံ့က တော်တော်လေး စွဲဆောင်မှုရှိပြီး ထူးခြားသလို ယောကျာ်းလေးရော မိန်းကလေးတွေပါ သုံးလို့ရတဲ့ အမိုက်စား Unisex ရေမွှေးတစ်မျိုး ဖြစ်ပါတယ်။

(၃) Eau Sauvage – Dior

Eau Sauvage - Dior

Photo : Man Of Many

ယောကျာ်းလေးတိုင်း နီးပါးကြိုက်တဲ့ Dior Sauvage ကိုပဲ သုံးရတာ ပျင်းစရာကောင်းနေမှာပါ။ ဆိုတော့ တော်တော်လေး Powerful ဖြစ်ပြီး နွေရာသီနဲ့ လိုက်ဖက်တဲ့ Eau Sauvage ကို Try ကြည့်ဖို့ ညွှန်းချင်ပါတယ်။ နွေရာသီနဲ့ အလိုက်ဖက်ဆုံး ရနံ့တွေလို့ ပြောရမယ့် Fruity Notes တွေနဲ့ Masculine ဆန်ဆန် Woody ၊ Spicy ဖြစ်တဲ့ ရနံ့တွေ အချိုးကျကျ ပေါင်းစပ်ထားတဲ့ တော်တော်လေး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးဖြစ်ပါတယ်။

(၄) Luna Rossa Ocean – Prada

Luna Rossa Ocean - Prada

Photo : Man Of Many

Prada ရဲ့ Luna Rossa Ocean ကတော့ လုံးဝ Fresh ဖြစ်တဲ့ ခံစားချက်ကိုမှ တော်တော်လေး Clean ဖြစ်ပြီး ယောကျာ်းဆန်တဲ့ ရနံ့မျိုး ပေးပါတယ်။ Bergamot ၊ Lavender နဲ့ Citrus ရနံ့တွေကို ပေါင်းစပ်ထားပြီး ပြောရမယ်ဆိုရင် သူ့ရဲ့ ရနံ့က တော်တော်လေးကို ပြေပြေပြစ်ပြစ်နဲ့ ပုံမှန်ရေမွှေးတွေထဲက ကွဲထွက်နေတဲ့ ခံစားမှုကို ပေးပါတယ်။ နွေရာသီအပူဒဏ်ကို အေးဆေးကျော်လွှားပြီး တစ်နေ့တာလုံး လန်းဆန်းနေစေမယ့် Fresh တဲ့ အမိုက်စား ရေမွှေးတစ်မျိုး ဖြစ်ပါတယ်။

Featured Photo : Prada