ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမယ့် (၁၄)ကြိမ်မြောက် Globe Soccer Awards ဆုပေးပွဲ (လူအများကတော့ ဒူဘိုင်း ဘာလွန်းဒေါလို့ ခေါ်ကြပါတယ်) ကို ကျင်းပသွားဖို့ ရှိနေပြီး Globe Soccer Awards ရဲ့ အဓိကဆုတစ်ခုဖြစ်တဲ့ Best Men’s Plyaer Awards ဆု အပါအဝင် စုစုပေါင်း ဆုပေါင်း (၁၇)ဆုအထိတောင် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
Photo Credit : The National
FIFA ကနေ ချီးမြှင့်တဲ့ ဘာလွန်းဒေါဆုမှာ လီယွန်နယ် မက်ဆီက ဆုအရေအတွက် (၈)ဆုနဲ့ အကြိမ်အများဆုံး ဆွတ်ခူးထားနိုင်ခဲ့သလို ဒူဘိုင်း ဘာလွန်းဒေါ Globe Soccer Awards မှာလည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဆုအရေအတွက် (၆)ဆုနဲ့ ဆုအကြိမ်ရေ အများဆုံး ပိုင်ဆိုင်ထားပါတယ်။ အခုလည်း ရော်နယ်လ်ဒိုက 2023 Best Men’s Player ဆုနဲ့ ပရိသတ်အကြိုက်ဆုံး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Fans’ Player of the Year Awards) ၊ အရှေ့အလယ်ပိုင်း ကလပ်အသင်းတွေရဲ့ ကစားသမားတွေထဲကမှ အကောင်းဆုံး ကစားသမားဆု (Best Middle East Player) ဆုတွေအတွက်ပါ မဲအပြတ်အသတ်နဲ့ ဦးဆောင်လျက် ရှိနေပါတယ်။
Photo Credit : Sky Sports
ဆက်လက်ပြီး ဒီနှစ်အတွင်း Kopa Trophy နဲ့ Golden Boy ဆုတွေကို သိမ်းပိုက် ရယူထားနိုင်ခဲ့တဲ့ ရီးယဲလ် မက်ဒရစ်ရဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမာလေး ဂျုဒ့် ဘယ်လင်ဟမ်က အကောင်းဆုံး ကွင်းလယ်ကစားသမားဆု (Best Midfielder)အတွက် မဲအများဆုံး ရရှိနေပြီး ဂိုးသမားဆု (Best Goalkeeper) အတွက် ဂိုးသမား ဘူနူ နဲ့ အတိုးတက်ဆုံး ကစားသမားဆု (Power Horse Emeraging Player) အဖြစ် အဒါဂူလာတို့က မဲအများဆုံး ရရှိနေပါတယ်။
Featured Photo :