ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်မယ် စိတ်ကူးထားသူတွေအတွက် အနောက်အာရှရဲ့ စီးပွားရေးအချက်အချာအကျဆုံး အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ၊ ဒူဘိုင်းမြို့ ဟာ စဉ်းစားစရာ List ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒူဘိုင်းမြို့ဟာ ကမ္ဘာပေါ်က ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး မြို့ကြီးတွေထဲက တစ်မြို့ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အတော်ကို ပေါများပါတယ်။ အကယ်၍ သင်က ဒူဘိုင်း ကို ပြောင်းရွေ့နေထိုင်ပြီး အလုပ်လုပ်ကိုင်လိုသူ တစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့် ဒူဘိုင်းရဲ့ ဝင်ငွေအကောင်းဆုံး အလုပ်အကိုင် တွေအကြောင်းကို သိထားသင့်ပါတယ်။

(၁) Chief Marketing Officer (CMO)

Chief Marketing Officer

Photo : Forbes

ဒူဘိုင်း မှာ ဝင်ငွေအကောင်ဆုံးနဲ့ လစာအများဆုံး အလုပ်အကိုင်ကို ပြောပါဆိုရင် Chief Marketing Officer (CMO) က တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နိုင်ငံတကာ ကုန်ပစ္စည်းအမှတ်တံဆိပ်/Brands တွေ ၊ Organizations တွေ အများကြီးရှိတဲ့ ယူအေအီးလို နိုင်ငံမှာ Chief Marketing Officer တစ်ယောက်ရဲ့အခန်းကဏ္ဍက မပါမဖြစ် အရေးပါပါတယ်။ Payscale ရဲ့ ဖော်ပြချက်အရ CMO တစ်ယောက်အတွက် Salary Range အနေနဲ့ တစ်လကို AED ၃၉,၀၀၀ ကနေ AED ၄၆,၀၀၀ အထိ ခန့်မှန်းခြေ ရနိုင်ပါတယ်။  Chief Marketing Officer ရာထူးအတွက် ဝင်ငွေအများဆုံးပေးထားတဲ့ ထိပ်တန်းကုမ္ပဏီစာရင်းကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။

  • Allianz International Holdings
  • Cornucopia ltd.
  • Bright Fortune FMS
  • Reeqwest HR Consultancy Solutions
  • IT&M Consultancy Service

(၂) Judges (တရားသူကြီးမင်း)

Judge

Photo : KUER

တရားသူကြီးအလုပ်ဟာ အင်မတန် ခက်ခဲနက်နဲတဲ့ အလုပ်အကိုင် တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ စီရင်ချက်တွေ ချမှတ်နိုင်ဖို့ အသေးစိတ်အချက်တိုင်းကို အာရုံစိုက်ရန် လိုအပ်သလို ဥပဒေအကြောင်းအရာနဲ့ ပတ်သတ်ပြီးလည်း လေးနက်စွာ သိထားဖို့ လိုပါတယ်။ တရားသူကြီးအလုပ်ဟာ ခက်ခဲနက်နဲသလောက် ဝင်ငွေလည်း သောက်သောက်လဲ ( ဒူဘိုင်း မှာဆိုရင်) ရပါတယ်။ Salary Expert ရဲ့ဖော်ပြချက်အရ ဒူဘိုင်းမှာ တရားသူကြီးမင်းတွေဟာ တစ်လကို AED ၃၄,၀၀၀ ကနေ AED ၁၀၈,၀၀၀ အထိ ခန့်မှန်းခြေ ရနိုင်တယ်လို့ ဆိုပါတယ်။

(၃) Chief Financial Officer (CFO)

Chief Financial Officer

Photo : CPA Canada

Chief Financial Officers (CFO) ကတော့ လုပ်ငန်းတစ်ခုရဲ့ဘဏ္ဍာရေးစနစ်ကို ကိုင်တွယ်ထိန်းချုပ်ရာမှာ အဓိကတာဝန်ရှိသူ တစ်ယောက်ဖြစ်ပါတယ်။ CFO တစ်ယောက်ဟာ လုပ်ငန်းရဲ့ အမြတ်အစွန်း ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ စာရင်းအင်းတွေနဲ့ပတ်သတ်ပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ဆုံးဖြတ်ချက်တွေကို အဓိကချမှတ်ပေးရပါတယ်။ လုပ်ငန်းဆိုင်ရာတာဝန်ကြီးမားသလို ဝင်ငွေလည်းအများကြီးရတဲ့ အလုပ်အကိုင် တစ်ခုပါ။ အတွေ့အကြုံရင့်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့ တော်တဲ့ထက်တဲ့ Chief Financial Officers (CFO) တစ်ယောက်အတွက် ဒူဘိုင်း မှာ တစ်လကို AED ၂၅,၀၀၀ ကနေ AED ၅၉,၀၀၀ အထိ ရနိုင်မှာဖြစ်ပါတယ်။

(၄) Chief Executive Officer (CEO)

Chief Executive Officer

Photo : Forbes

ဒူဘိုင်း မှာ နောက်ထပ်ဝင်ငွေအကောင်ဆုံး အလုပ်အကိုင် တစ်ခုကတော့ Chief Executive Officer (CEO) ပါ။ CEO မပါပဲ ဘယ်လုပ်ငန်းမှ ကောင်းကောင်းလည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ CEO တစ်ယောက်အနေနဲ့ ကုမ္ပဏီကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး စီမံခန့်ခွဲရာမှာ အဓိကအရေးပါသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲမှာ ကုမ္ပဏီကို ယှဉ်ပြိုင်မှုတွေကြား ကောင်းစွာရပ်တည်နိုင်ဖို့နဲ့ ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစိတ်အချက်တိုင်းကအစ အာရုံစိုက်ရတာလည်း CEO တစ်ယောက်ရဲ့ တာဝန်ဖြစ်ပါတယ်။ ဒူဘိုင်းမှာ Chief Executive Officer (CEO)ရဲ့ လစာဝင်ငွေဟာ တစ်လကို AED ၂၄,၀၀၀ ကနေ AED ၇၆,၀၀၀ အထိ ရနိုင်ပါတယ်။

(၅) College Professors (ကောလိပ်ပါမောက္ခ)


Photo : BestColleges

PHD ဘွဲ့ ရရှိထားသူတွေအနေနဲ့ College Professors အလုပ်,လုပ်မယ်ဆိုရင် ဝင်ငွေအများအပြား ရနိုင်ပါတယ်။ ဒူဘိုင်းမှာတော့ College Professors အလုပ်ဟာ ဂုဏ်လည်းရှိသလို လစာအကြမ်းဆုံး အလုပ်အကိုင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒူဘိုင်း မှာ နာမည်ကြီး အထင်ကရ တက္ကသိုလ်တွေ ၊ အသက်မွေးဝမ်းကြောင်း ကျောင်းတွေများစွာရှိတာကြောင့် ပညာရေးနဲ့ အလုပ်လုပ်ကိုင်ချင်သူတွေကတော့ College Professors အလုပ်ကို ရွေးချယ်တာဟာ နောင်တ,မရမယ့် လမ်းကြောင်းတစ်ခုလို့ ပြောနိုင်ပါတယ်။ Salary Expert ကတော့ ဒူဘိုင်းမှာ College Professors တစ်ယောက်ရဲ့ ဝင်ငွေဟာ တစ်လကို AED ၁၉,၀၀၀ ကနေ AED ၆၁,၀၀၀ ကြား ရနိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒူဘိုင်း မှာ ဝင်ငွေကောင်း လစာများတဲ့ အလုပ်အကိုင် တွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

ရှေ့နေ (တစ်လဝင်ငွေ) – AED ၁၈,၀၀၀ ကနေ AED ၆၂,၀၀၀
Senior Human Resources (တစ်လဝင်ငွေ) – AED ၁၈,၀၀၀ ကနေ AED ၂၄,၀၀၀
Data Scientist (တစ်လဝင်ငွေ) – AED ၁၇,၀၀၀ ကနေ AED ၄၉,၀၀၀
IT Manager (တစ်လဝင်ငွေ) – AED ၁၇,၀၀၀ ကနေ AED ၅၂,၀၀၀
Bank Manager (တစ်လဝင်ငွေ) – AED ၁၆,၀၀၀ ကနေ AED ၅၅,၀၀၀
လေယာဉ်မှူး (တစ်လဝင်ငွေ) – AED ၁၆,၀၀၀ ကနေ AED ၅၅,၀၀၀

ဆရာဝန်များ (တစ်လဝင်ငွေ)
အထွေထွေရောဂါကု ဆရာဝန် – AED ၁၆,၀၀၀ ကနေ AED ၈၀,၀၀၀
ခွဲစိတ်ဆရာဝန် ခွဲစိတ်ဆရာဝန် – AED ၂၂,၀၀၀ ကနေ AED ၃၆,၀၀၀
စိတ်ရောဂါကုဆရာဝန် – AED ၂၅,၀၀၀ ကနေ AED ၃၂,၀၀၀
နှလုံးအထူးကုဆရာဝန် – AED ၅၆,၀၀၀ ကနေ AED ၁၁၅,၀၀၀
အာရုံကြောအထူးကုဆရာဝန် – AED ၄၄,၀၀၀ ကနေ AED ၈၆,၀၀၀

အင်ဂျင်နီယာများ (တစ်လဝင်ငွေ)
မြို့ပြအင်ဂျင်နီယာ – AED ၁၅,၀၀၀ ကနေ AED ၂၇,၀၀၀
ရေနံအင်ဂျင်နီယာ – AED ၂၄,၀၀၀ ကနေ AED ၄၃,၀၀၀
စက်မှုအင်ဂျင်နီယာ – AED ၁၆,၀၀၀ ကနေ AED ၂၉,၀၀၀
AI အင်ဂျင်နီယာ – AED ၁၉,၀၀၀ ကနေ AED ၃၅,၀၀၀

Featured Photo : Robert Half