ဘာစီလိုနာအသင်း အရမ်း လိုချင်နေတဲ့ စပိန် ကွင်းလယ်တိုက်စစ် ကစားသမား ဒန်နီ အော်လ်မိုဆိုတာဟာ တကယ်တော့ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ အသက် (၉)နှစ်အရွယ်ကတည်းက လာမာစီယာဆီ ရောက်ရှိနေခဲ့တဲ့ အော်လ်မိုဟာ အခုတော့ ကစားသမားဘဝ အတောက်ပဆုံး ဖြစ်နေချိန်မှာပဲ ဘာစီလိုနာ အသင်းဆီကို တစ်ကျော့ပြန် ရောက်ရှိလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာအောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူကတော့ ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ ဒေကိုပါ။
Photo Credit: Be Soccer
ယူရို-၂၀၂၄ ပြိုင်ပွဲကြီး ပြီးဆုံးသွားတော့ ယူရိုချန်ပီယံ စပိန်အသင်းရဲ့ အားအထားရဆုံး ကစားသမားတွေထဲကမှ တောင်ပံကစားသမား နီကို ဝီလီယံစ်နဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဒန်နီ အော်လ်မိုတို့ဟာ ဘာစီလိုနာ ရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်လာခဲ့ပါတယ်။ နီကိုကတော့ အရင်ကတည်းက ဘာစီလိုနာရဲ့ ပစ်မှတ်ပါပဲ။ ဒါပေမယ့် ယူရိုအပြီးမှာတော့ သူ့ကို ပိုလိုချင်လာခဲ့တယ်။ ကြိုးပမ်းမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ နီကိုက ဘီလ်ဘာအိုမှာပဲ နောက်တစ်ရာသီလောက် ဆက်ရှိနေဖို့ သေချာသွားတာကြောင့် အော်လ်မိုဘက်ကို ပိုအားစိုက်လာရင်း အခုတော့ အော်လ်မိုက ပြန်ရပါတော့မယ်။
Photo Credit: Youtube
အော်လ်မိုကို အသင်းဆီ ပြန်လည် ခေါ်ယူနိုင်အောင် စွမ်းဆောင်ခဲ့တာက ဒေကိုပါ။ အော်လ်မိုက သူ့အသင်းဟောင်းဆီ ပြန်လာဖို့ သဘောတူထားပေမယ့် အသင်းနှစ်သင်းကြား သဘောတူညီမှုက မရသေးတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ အချိန်စောင့်ဆိုင်းလိုက်ရပေမယ့် ဒေကိုနဲ့ လိုက်ပ်ဇစ်တို့ နောက်တစ်ကြိမ် ဆွေးနွေးမှုမှာပဲ here we go သွားခဲ့ပါတယ်။ ဘာစီလိုနာက အော်လ်မိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို (၅၅)သန်းနဲ့ အပိုဆုကြေး ယူရို (၇)သန်းပေးမယ်ဆိုတာကို လိုက်ပ်ဇစ်ဘက်က နှုတ်အားနဲ့ သဘောတူညီခဲ့ပါတယ်။
Photo Credit: SPORT
တကယ်တော့ ဒေကို့ကို ဘာစီလိုနာကစားသမား အဖြစ် ပရိသတ်တွေ သဘောကျခဲ့ကျပေမယ့် အားကစား ဒါရိုက်တာ ဖြစ်လာချိန်မှာတော့ ဘာစီလိုနာ အမှန်အကန် လိုချင်ခဲ့တဲ့ ကစားသမားတွေကို ရအောင် မခေါ်ပေးနိုင်တဲ့အပေါ် အသင်းပရိသတ်တွေက ဒေကို့ကို မျက်မုန်းကျိုးလာခဲ့ပါတယ်။ အာဒါ ဂူလာ ၊ လူးကပ်စ် ဘယ်ရီဗယ်လ်နဲ့ အခု နီကို ဝီလီယံစ်တို့ကိုပါ ဒေကိုက ကြိုးပမ်းခဲ့ပေမယ့် တစ်ယောက်မှ မရခဲ့တာကြောင့် ဘာစီလိုနာပရိသတ်တွေက ဒေကို့ကို ကြည့်မရခဲ့ပေမယ့် အခု အော်လ်မိုကို ရအောင် ကြိုးစားပေးနိုင်ခဲ့တဲ့အပေါ် သေချာပေါက် ဝမ်းသာနေကြမှာပါ။
Featured Photo: Football Transfer