ဒေါင် ကောင်းကောင်းနဲ့ မိမိုက်နေတဲ့ ခန္ဓာကိုယ် မျိုးကို မလိုချင်ဘူးလား။ လိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို နေ့တိုင်း မှန်မှန် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ရှော်တီလေးတွေ အားကိုးချင်စရာ အရပ်အမောင်းကြီးကို ပိုင်ဆိုင်နိုင်မှာပါ။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

လမ်းမြန်မြန်လျှောက်ကာ Jogging ပြုလုပ်ခြင်းသည် ကွီးတို့ရဲ့ ခြေထောက်တွေကို ရှည်သယောင် ပုံပေါ်လာစေပြီး အရိုးအဆစ်များကိုလည်း သန်မာလာစေပါတယ်။ ဒါ့အပြင် လမ်းမြန်မြန် လျှောက်ခြင်းနဲ့ ခပ်သော့သော့ ပြေးလိုက်ခြင်း နှစ်မျိုးကို ပေါင်းစပ်လိုက်ပါက ကွီးတို့ရဲ့ ခြေထောက် အရိုးအဆစ်များက သန်မာလာမှာပဲ ဖြစ်ပါတယ်။​

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

ကွီးတို့ကို ဒေါင် ကောင်းကောင်းနဲ့ မိမိုက်နေတဲ့ ခန္ဓာကိုယ် မျိုး ရရှိအောင် ကူညီပေးနိုင်တဲ့ နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ Forward Spine stretch လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိ တောင့်ထားပြီး ၃ ကျော့ကနေ ၄ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

ဒေါင် ခန္ဓာကိုယ်

နောက်ထပ် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုကတော့ Jump Squats လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ အရိုးအဆစ်များကို သန်မာလာစေရုံ သာမကဘဲ အရပ်ရှည်ပြီး မိမိုက်လာအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။

လေ့ကျင့်ခန်း (၄)

ဒေါင် ခန္ဓာကိုယ်

ကွီးတို့ကို အရပ်ရှည်အောင် ကူညီပေးမယ့် နောက်ထပ် လေ့ကျင့်ခန်း တစ်ခုကတော့ Bar Hanging လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဘားတန်းပေါ်မှာ တွဲလွဲ ခိုထားပြီး စက္ကန့် ၂၀ လောက် တောင့်ထားလိုက်ပါ။ ဒီလို ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရဲ့ ခြေထောက် အရိုးအဆစ်များက ပိုမို သန်မာလာကာ အရိုးများ ရှည်ထွက်လာအောင် ကူညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

ဒေါင် ခန္ဓာကိုယ်

နောက်ထပ် လေ့ကျင့်ခန်း တစ်ခုကတော့ Cobra Stretch လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခါးရိုးနဲ့ ခြေထောက် အရိုးအဆစ်များကြား အကြောအခြင် ပြေသွားအောင် ကူညီပေးပြီး အရပ်ပိုရှည်သယောင် ဖြစ်ပေါ်စေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ စက္ကန့် ၃၀ လုပ် ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၆)

ဒေါင် ခန္ဓာကိုယ်

နောက်ဆုံး ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းကတော့ Alternate Leg Kick လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းနဲ့ အလားသဏ္ဍာန် တူပါတယ်။ စက်ဘီးစီးခြင်းက ကွီးတို့ရဲ့ ခြေထောက် အရိုးအဆစ်များကို ပိုမိုသန်မာလာစေပြီး ကွီးတို့ရဲ့ အရပ် ပိုရှည်စေနိုင်သလိုပဲ ဒီ Alternate Leg Kick ကလည်း တူညီတဲ့ အကျိုးကျေးဇူးကို ရရှိပိုင်ဆိုင်စေပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ရှော်တီလေးတွေ အားကိုးချင်စရာကောင်းတဲ့ အရပ်အမောင်းမျိုး မဖန်တီးချင်ဘူးလား။

Source: Starhealth.in

Featured Image: Borntough.com