Rum ကို ဆေးဖက်ဝင်အဖျော်ယမကာအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက မှီဝဲခဲ့ကြပါတယ်။ တကယ်လည်း Rum ဟာ ဆေးဖြစ်ဝါးဖြစ် အသင့်အတင့် သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ Rum ကိုကော့လ်တေး ဖျော်စပ်မှုတွေမှာလည်း အများဆုံး တွေ့ရလေ့ရှိပြီး အဓိက လူကြိုက်များရတဲ့အချက်ထဲမှာ အရသာနဲ့ ဈေးနှုန်းသက်သာမှုကြောင့်လည်း ပါပါတယ်။ ဒီတစ်ခေါက်မှာတော့ ဈေးသက်သာပြီး သောက်လို့ကောင်းတဲ့ ဒေါ်လာ ၂၀ အောက်တန်းထဲက အကောင်းဆုံး Rum အမှတ်တံဆိပ် တွေကို ပြောပြပေးချင်ပါတယ်။

(၁) Bayou Silver Rum – ဒေါ်လာ ၂၀


Photo : The Manual

Bayou Silver Rum ဟာ လူဝီစီယားနားပြည်နယ် အနောက်တောင်ပိုင်းက ထုတ်တဲ့ Rum အမျိုးအစားတစ်ခု ဖြစ်ပြီး လူဝီစီယားနားဒေသထွက် ကြံရည်နဲ့ တင်လဲရည်တို့ ပေါင်းစပ်ဖန်တီးထားတဲ့ အပျော့စား Rum တစ်မျိုးဖြစ်ပါတယ်။ ငှက်ပျောသီး ၊ ခရင်မ်နဲ့ Vanilla ရနံ့တို့ ခပ်သင်းသင်းမွေးပြီး သူ့အတိုင်း သောက်လို့အဆင်ပြေသလို ကော့လ်တေးအနေနဲ့လည်း ဖျော်စပ်သောက်နိုင်ပါတယ်။ Bayou Silver Rum ဟာ The Manual Spirit Awards 2018 မှာလည်း အကောင်းဆုံး Unaged Rum ဆု ရရှိထားပါတယ်။

(၂) Mount Gay Eclipse – ဒေါ်လာ ၂၀

Photo : The Manual

Mount Gay Eclipse Rum ဟာ သစ်သီး ၊ ပန်းနဲ့ Vanilla ရနံ့တို့ ပေါင်းစပ်ထားပြီး ဝက်သစ်ချစည်တွေထဲမှာ နှစ်ချို့ထားတဲ့အတွက် မီးခိုးနံ့မွှေးတဲ့ ရွှေရောင် Rum တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့အရသာကတော့ ဝီစကီကြိုက်သူတွေ နှစ်သက်စေမယ့် အရသာမျိုးပါ။ Mount Gay Eclipse Rum ကို ရေခဲ ၊ သံပုရာသီးတို့နဲ့ရောစပ်ပြီး On The Rocks သောက်နိုင်သလို Dark ‘N’ Stormy ကော့လ်တေးအနေနဲ့ ဖျော်စပ်သောက်လို့လည်း အကောင်းဆုံး ဖြစ်ပါတယ်။

(၃) Flor de Cana 4 Years Extra Seco – ၁၅ ဒေါ်လာ

Photo : The Manual

Flor de Cana 4 Years Extra Seco ကတော့ Extra-Dry White Rum အမျိုးအစား ဖြစ်ပါတယ်။ Citrus Fruits ၊ Coconut နဲ့ Vanilla ရနံတို့ပေါင်းစပ်ထားပြီး ၄ နှစ်သက်တမ်းရှိတဲ့ နှစ်ချို့အရသာ Rum တစ်မျိုး ဖြစ်ပါတယ်။ ပေါ့ပါး လတ်ဆတ်တဲ့ Fruit Juices တွေနဲ့ ဖျော်စပ်သောက်နိုင်သလို ဆိုဒါ ၊ Tonic Water တို့နဲ့လည်း ရောစပ်သောက်နိုင်ပါတယ်။

(၄) Sailor Jerry – ၁၅ ဒေါ်လာ

Photo : The Manual

Sailor Jerry Rum ဟာ Vanilla ၊ သစ်ကြမ်းပိုးခေါက် ရနံ့တို့ ထုံသင်းမွှေးပျံ့တဲ့ အရသာအကောင်းဆုံး ရွှေရောင် Rum အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ တခြားသော Spiced Rum အမှတ်တံဆိပ်တွေထက် ပိုဈေးသက်သာပြီး ပြင်းပြင်းရှရှ ရှိပါတယ်။ Sailor Jerry Rum သောက်တဲ့အခါ သံပုရာသီးတစ်စိတ်နဲ့ တွဲဖက်သောက်တာက အလိုက်ဖက်ဆုံးနဲ့ အထိရှဆုံး အရသာကို ခံစားရရှိမှာ ဖြစ်ပြီး Fruit Juices တွေနဲ့လည်း အရသာရှိတဲ့ ကော့လ်တေးပုံစံ ဖျော်စပ်သောက်နိုင်ပါတယ်။

(၅) Cruzan Aged Light – ၁၄ ဒေါ်လာ

Photo : The Manual

U.S. Virgin Islands ဒေသထုတ် Cruzan Aged Light Rum ဟာ ပေါ့ပါးတဲ့ Light Rum အမျိုးအစားဖြစ်ပြီး ၁ နှစ်ကနေ ၄ နှစ်ကြား သက်တမ်း ရှိပါတယ်။ ဈေးသက်သာပြီး အရသာကောင်းသလို Daiquiri ၊ Cuba Libre နဲ့ Mojito တို့လို ကော့လ်တေးတွေ ဖျော်စပ်ရာမှာသုံးနိုင်မယ့် အသင့်တော်ဆုံး Rum တစ်မျိုး ဖြစ်ပါတယ်။

(၆) Castillo Silver – ၁၀ ဒေါ်လာ

Photo : The Manual

၁၀ ဒေါ်လာ တန်း Rum တွေထဲမှာတော့ Castillo Silver Rum က အကောင်းဆုံး ရွေးချယ်စရာ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးသက် သက်သာသာနဲ့ အရသာရှိရှိ သောက်နိုင်မယ့် Rum တစ်မျိုးလည်း ဖြစ်ပါတယ်။ Castillo Silver Rum ကို ကော့လ်တေးဖျော်စပ်ရာမှာ အများဆုံးသုံးကြပြီး ချိုမြမြအရသာနဲ့ Vanilla ၊ သံပုရာရနံ့တို့ မွေးတဲ့ Rum အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Featured Photo : The Manual