ပါဝင်ပစ္စည်းနှစ်မျိုးပဲ ပါတဲ့ အရိုးရှင်းဆုံး ကော့တ်တေးလ်လေးတစ်ခွက် ဖန်တီးလိုက်ရအောင်ပါ။ နာမည်အတိုင်းပဲ Rum နဲ့ Coke ပဲ လိုပါတယ်။ အချိန်မရွေး ၊ နေရာမရွေး ခေါင်းရှုပ်ခံစရာမလိုဘဲ အလွယ်တကူလည်း ကိုယ့်ဘာသာ စပ်လို့ ရပါတယ်။

rum-and-coke

Photo : wideopeneats

Rum & Coke မှာ Rum ကို အဖြူပဲ သုံးသုံး Light Rum ၊ Dark Rum ကြိုက်ရာ သုံးနိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့ Rum သုံးလို့ ရပါတယ်။ အရောင်အစပ်အဟပ် လှချင်ရင် Light Rum နဲ့ Dark Rum တစ်ဝက်စီ သုံးနိုင်ပါတယ်။ Cola အနေနဲ့ ရွေးရာမှာ Classic Coca-Cola က အကောင်းဆုံးပါပဲ။ အချိုနည်းနည်း ပေါ့ချင်ရင် Mexican Coke သုံးနိုင်ပါတယ်။ Rum ၂ အောင်စ နဲ့ Cola ၄-၆ အောင်စ ရှိရင် Rum & Coke လုပ်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရေခဲဖြည့်ထားတဲ့ Highball Glass ထဲ ထည့်ပြီး ငြင်ငြင်သာသာပဲ သမအောင် မွှေပေးရမှာပါ။ နည်းနည်း ထပ်ကွန့်ချင်ရင် Rum & Coke အပေါ်မှာ သံပရာသီးနည်းနည်းလောက် ညှစ်ထည့်နိုင်ပါတယ်။

Featured Photo : wideopeneats