Nothing ရဲ့ ပထမဆုံး စမတ်ဖုန်း Nothing Phone (1) ကို လာမယ့် ဇူလိုင်လ (၁၂) ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။


Photo : GSMArena.com

နောက်ဆုံးပေါက်ကြားလာတဲ့ သတင်းတွေအရတော့ Snapdragon 778G+ Chipset အသုံးပြုထားတဲ့ Nothing Phone (1) ဖုန်းဟာ အိန္ဒိယမှာ ရူပီး ၃၁၀၀၀ ဈေးကနေ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ 8/128 GB Version အတွက်ဖြစ်ပြီး ဒေါ်လာ ၄၀၀ (မြန်မာငွေ ၇ သိန်းခွဲ) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Nothing Phone (1) ဖုန်း ရဲ့ 8/256 GB Version ကတော့ ရူပီး ၃၂၀၀၀ ရှိပြီး ဒေါ်လာ ၄၂၀ (မြန်မာငွေ ၇ သိန်းခွဲ) ခန့် ကျသင့်ဖို့ ရှိပါတယ်။ RAM 12 GB နဲ့ 256 GB Storage ပါရှိတဲ့ Nothing Phone (1) ဖုန်း အမြင့်ဆုံး Version အတွက်ကိုတော့ ရူပီး ၃၆၀၀၀ ကျသင့်မှာဖြစ်ပြီး ဒေါ်လာဈေးနဲ့ဆိုရင် ဒေါ်လာ ၄၅၀ (မြန်မာငွေ ၈ သိန်းခွဲ) ခန့် ကျသင့်မှာပဲ ဖြစ်ပါတယ်။

Photo : Game News 24

လက်ရှိအချိန်မှာ Specs တွေနဲ့ ပတ်သတ်ပြီး အတိအကျ မသိရသေးပေမယ့် Nothing Phone (1) ဖုန်းမှာ PPS Charging Standard နဲ့ 45W Fast Charging စနစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Wireless Charging စနစ်လည်း ပါဝင်လာမှာ ဖြစ်ပြီး ဖောက်ထွင်းမြင်ရတဲ့ ကျောဘက် Transparent ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ အတည်ပြုထားပါတယ်။

Featured Photo : GSMArena.com