Realme ရဲ့ Narzo စီးရီးမှာ နောက်ဆုံးအဖွဲ့ဝင်အသစ်အဖြစ် Realme Narzo 50i Prime ကိုမိတ်ဆက်ခဲ့ပြီး ဒီဖုန်းဟာ မကြာသေးမီက ထွက်ရှိထားတဲ့ Realme C30 နဲ့ တူညီတဲ့ Specs တွေ ပါဝင်လာပါတယ်။ ၎င်းတို့မှာ ၆.၅ လက်မ မျက်နှာပြင် ၊ Unisoc T612 Chipset နဲ့ 5,000 mAh ဘက်ထရီတို့ ပါဝင်ပါတယ်။

Photo : NoypiGeeks

Narzo 50i Prime ရဲ့ Body ဒီဇိုင်းဟာ C30 နဲ့ ဆင်တူပေမယ့် C30 ရဲ့ ကျောဘက်မှာ အစင်းကြောင်းဒီဇိုင်း Texture တွေပါဝင်ပြီး Narzo 50i Prime ကတော့ ပြောင်လက်တဲ့ ဗြောင်ဒီဇိုင်းနဲ့ လာပါတယ်။

ကင်မရာတပ်ဆင် ထားပုံချင်းတော့တူပြီး C30 ကဲ့သို့ ကျောဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 5MP Selfie ကင်မရာ ၁ လုံး တပ်ဆင် ပေးထားပါတယ်။ Narzo 50i Prime မှာ Android 11 ကိုအခြေခံထားတဲ့ Realme Go Edition ထည့်သွင်းထားပြီး RAM 2GB / 3GB ကိုမှ 32/64GB Storage နဲ့ microSD လည်း ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

Narzo 50i Prime ဟာ 10W Charging ထောက်ပံ့ပေးထားတဲ့ micro USB ကနေတဆင့် အားသွင်းနိုင်မှာဖြစ်ပြီး နားကြပ်ပေါက်လည်း ပါဝင်ပါတယ်။

Photo : GSMArena.com

Realme Narzo 50i Primeအတွက် Dark Blue နဲ့ Mint Green အရောင် ၂ မျိုးထုတ်ထားပြီး 3/32GB မော်ဒယ်ကို ၉၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) ၊ 4/64GB မော်ဒယ်ကိုတော့ ၁၀၉.၉၉ ဒေါ်လာ (မြန်မာငွေ ၂သိန်း ခန့်) နဲ့ Versions ၂ မျိုးစလုံးကို ဇွန်လ ၂၇ ရက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။