Drones တွေက ဈေးများလေ ပိုမိုက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လေပါပဲ။ ဒါပေမယ့် အပျော်တမ်း ပျံသန်းဖို့အတွက်ဆိုရင် ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ ဝန်းကျင်တန်းထဲမှာ ရွေးချယ်စရာ Drones အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာ ပြောပြပေးချင်တာကတော့ Drones ဝါသနာရှင် ကွီးတို့ရွေးချယ်နိုင်မယ့် ဒေါ်လာ ၁၀၀၀ ဝန်းကျင် တန်းထဲက အမိုက်စား Drones တွေပဲ ဖြစ်ပါတယ်။

(၁) DJI Air 2S

Photo : Drone Rush

DJI Air 2S Drones ကတော့ ကင်မရာ တော်တော်လေး ကောင်းလို့ နာမည်ကြီးပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ ကင်မရာအကောင်းဆုံး Drones တစ်စင်း မဟုတ်ပေမယ့်လည်း ဒေါ်လာ ၁၀၀၀ ဝန်းကျင် အတန်းအစားထဲမှာတော့ တော်တော်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ 20MP 5.4K ကင်မရာ ပါဝင်ပြီး 7.5 ပိုင်အထိ ချိတ်ဆက်မှုရှိပါတယ်။ အရွယ်အစား သေးသေးကျစ်ကျစ်နဲ့ မောင်းနှင်ရလွယ်ကူတဲ့ Drones တစ်စင်းပါ။ DJI ရဲ့ Flight Systems နောက်ဆုံး ဗားရှင်းတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၂၇၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

(၂) PowerVision PowerEgg X

Photo : T3

PowerVision PowerEgg X Drones ကတော့ ဘက်စုံသုံး Drones တစ်စင်းဖြစ်ပြီး အလွယ် တကူ ဖြုတ်တပ်နိုင်တဲ့ ပန်ကာဒလက်များ ပါရှိပါတယ်။ အရာဝတ္ထုတွေကို ခြေရာခံနိုင်ပြီးအလွန်လျင်မြန်တဲ့ ကင်မရာ Gimbal လည်း တပ်ဆင်ပေးထားပါတယ်။ Waterproof Shell ပါဝင်တဲ့အတွက် မိုးရေထဲမှာပဲ ကောင်းကောင်းပျံသန်းလို့ရပါတယ်။ ဈေးနှုန်းကတော့ ၉၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

(၃) DJI Mavic Air 2

Photo : Camera Jabber

ဒေါ်လာ ၁၀၀၀ ဝန်းကျင်ထဲက နောက်ထပ်ရွေးချယ်စရာ Drones တစ်စင်းကတော့ DJI ရဲ့ Mavic Air 2 ပါ။ 48MP 4K ကင်မရာရဲ့အရသာကို ခံစားနိုင်ပြီး အမိုက်စား ဘက်ထရီသက်တမ်းနဲ့ စိတ်ကြိုက်ပျံသန်းလို့ရမှာ ဖြစ်ပါတယ်။ ထိန်းချုပ်ပျံသန်းရလည်း လွယ်ကူပြီး သူ့ဈေးတန်းမှာတော့ ပေးရတဲ့ဈေးနဲ့တန်တဲ့ Drones တစ်စင်း ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၉၅၈ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

(၄) Yuneec Mantis G

Photo : DroneDJ

Yuneec Mantis G Drones ကတော့ ကျစ်ကျစ်လစ်လစ်ရှိပြီး သယ်ဆောင်ရလွယ်ကူတဲ့ အမိုက်စား ဒီဇိုင်းနဲ့ ထုတ်ထားပါတယ်။ ပျံသန်းရလည်း လွယ်ကူပြီး 4K ဗီဒီယို ရိုက်ကူးနိုင်တဲ့ ကင်မရာ တပ်ဆင်ပေးထားပါတယ်။ Flight Features တွေအကုန်လုံးကို Controller ကနေရော Mobile App ကနေပါ Lock ချထားနိုင်မှာ ဖြစ်ပြီး အသံစနစ်နဲ့ ထိန်းချုပ်လို့ရမယ့် Voice Controls လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ၇၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : DPReview